ကိုင်တွယ်ရန် ခက်ခဲနေသည့် မြောက်ကိုရီးယား၏ ရန်လိုခြိမ်းခြောက်မှုများ

မြောက်ကိုရီးယားကြည်းတပ်နှင့် ရေတပ်စစ်သားများ ကမ်းခြေတစ်ခုတွင် ကမ်းတက်ရေယာဉ်များဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်/KCNA/file/epa
ကိုရီးယား နှစ်နိုင်ငံ ကြား နောက်ဆုံး ဖြစ်ပေါ်ခဲ့သည့် တင်းမာမှုကို နှစ်နိုင်ငံ ဆွေးနွေးမှုများ ဖြင့် လျှော့ချနိုင်မည့် အရိပ်အ ယောင်များ တွေ့မြင်နေရသည်။ သို့သော်လည်း အနာဂတ်တွင် မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ ပြိုင်ဘက် တောင်ကိုရီးယား နှင့် အမေရိကန်တို့ကို မည်သို့သော ခြိမ်းခြောက်မှု ပုံစံမျိုးဖြင့် ထပ်မံ၍ အနှောင့်အယှက် ပေးလာမည် ဆို ခြင်းကမူ ပဟေဠိ ဆန်နေဆဲဖြစ် သည်။

ယခုလ အစောပိုင်းက ကိုရီး ယား နှစ်နိုင်ငံကြား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာတွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ သည်။ နှစ်နိုင်ငံကြား လုံခြုံရေး တင်းကျပ်စွာ ချထားသည့် နယ်နိ မိတ် စည်းမျဉ်းတစ်လျှောက်ရှိ တောင်ကိုရီးယားဘက်ခြမ်းတွင် မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့ခြင်း ဖြစ် သည်။ အဆိုပါ ဖြစ်ရပ်တွင် တောင်ကိုရီးယား စစ်သည်နှစ်ဦး အလွန် ပြင်းထန်စွာ ဒဏ်ရာရရှိသည်။
တောင်ကိုရီးယားက အဆိုပါ မြေမြှုပ်မိုင်းကို မြောက်ကိုရီးယားတို့ ထောင်ထားခြင်းဟု တိုက်ရိုက် စွပ်စွဲခဲ့သည်။ စစ်မဲ့ဇုန်တွင် တောင်ကိုရီးယား၏ မဟာမိတ် အမေရိ ကန်ကလည်း ကင်းလှည့်လေ့ရှိရာ အကြောင်းတိုက်ဆိုင်လျှင် အမေ ရိကန် စစ်သည်များပါ မိုင်းနင်းမိ မည့် အခြေအနေမျိုး ဖြစ်သည်။ ထိုအခါတွင် ပေါ်ပေါက်လာမည့် နောက်ဆက်တွဲ အရှုပ်အထွေးက ပိုမို ဖြေရှင်းရခက်ဖွယ် ရှိသည်။
တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ လုပ်ရပ်ကို တုံ့ပြန်သည့် အနေဖြင့် နယ်စပ် တွင် အထိုင်ချထားပြီး အသုံးမပြု သည်မှာ ဆယ်စုနှစ်တစ်ခု ဝန်း ကျင်မျှ ကြာမြင့်နေပြီဖြစ်သည့် အသံချဲ့စက်များကို ပြန်လည်ဖွင့် လှစ်ခဲ့သည်။ မြောက်ကိုရီးယား ဘက် ဦးလှည့်ထားသည့် လော်စပီကာများသည် ကွန်မြူနစ်နိုင်ငံကို ဆန့်ကျင်သည့် ဝါဒဖြန့် စကားများ လွှင့်ထုတ်လျက်ရှိရာ မြောက်ကို ရီးယားက ယင်းအီလက်ထရွန်နစ် ကိရိယာများကို အလွန်မျက်မုန်းကျိုးလေ့ ရှိသည်။

စစ်ရေးလေ့ကျင့်မှုအတွင်း ၁၅၅ မမ လက်နက်ကြီးတစ်မျိုးကို ပစ်ခတ်နေသော တောင် ကိုရီးယားစစ်သားများ/EPA
ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင်မူ မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ခြမ်း နယ်စပ်မြို့ တစ်မြို့ရှိ ဝါဒဖြန့် အသံချဲ့စက် တစ်လုံးကို လက်နက်ကြီး ဖြင့် လှမ်းပစ်သည်။ ထိုအခါ တောင် ကိုရီးယား နယ်ခြားစောင့်တပ်က လည်း မြောက်ကိုရီးယားဘက်သို့ တုံ့ပြန် ပစ်ခတ်ခဲ့သည်။ နောက် တစ်နေ့တွင်မူ မြောက်ကိုရီးယားက မိမိတို့၏ တပ်များအားလုံးကို စစ်ဖြစ်ရန် အသင့်အနေအထား တပ်လှန့်ထားလိုက်ကြောင်း ကြေ ညာခဲ့သည်။
မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအန်၏ ရန်လိုသော အပြုအမူသည် ကိုရီးယားကျွန်း ဆွယ်တစ်ခုလုံး၏ ငြိမ်းချမ်းရေး ကို ခြိမ်းခြောက်လာခဲ့သည်။ ထို့ နောက်တွင်မူ တောင်ကိုရီးယားက နှစ်နိုင်ငံ ကိုယ်စားလှယ်များ တွေ့ ဆုံဆွေးနွေးရန်ကမ်းလှမ်းခဲ့သည်။ ဩဂုတ် ၂၄ ရက်အထိ တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအစိုးရ အဖွဲ့မှ ထိပ်တန်းအရာရှိများ ပါ ဝင်သည့် ကိုယ်စားလှယ် အဖွဲ့များ သည် နယ်စပ်မြို့တစ်မြို့တွင် ဆွေး နွေးမှုများ ပြုလုပ်လျက်ရှိသည်။ အမေရိကန်နှင့် တောင်ကိုရီးယား တို့က ဆွေးနွေးပွဲ ရလဒ်ပိုင်း ကောင်းမွန်ပြီး တင်းမာမှုကို လျှော့ ချနိုင်ရန် မျှော်လင့်လျက် ရှိသည်။
ယခုဖြစ်စဉ် တစ်ခုလုံးသည် မြောက်ကိုရီးယား၏ စနစ်တကျ ရန်စသည့် လုပ်ရပ်ဖြင့် အစပြုခဲ့ ကြောင်း အာရှအရေးလေ့လာသူ များက ဆိုသည်။ မြောက်ကိုရီး ယားခေါင်းဆောင် ကင်သည် တောင်ကိုရီးယားနှင့် အမေရိကန် တို့၏ နှစ်ပတ်လည် ပူးပေါင်းစစ် ရေးလေ့ကျင့်မှု အစီအစဉ်ကို အပြင်းအထန် ကန့်ကွက်ပြီး ယင်း သည် မိမိတို့ကို ရန်စခြင်းဟု ယူဆ ကြောင်း ကြေညာခဲ့သည်။
ထို့အပြင် စစ်ရေးလေ့ကျင့် မှုကို အကောင်အထည်ဖော်ပါက မြောက်ကိုရီးယားက အရေးယူ တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်ခဲ့ သည်။ မဟာမိတ်နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစပြုသည့် အချိန်နှင့် တိုက်ဆိုင်စွာ နယ်စပ်၌ မြေမြှုပ်မိုင်း ပေါက်ကွဲသည့် ဖြစ် ရပ်လည်း ပေါ်ပေါက်လာခြင်း ဖြစ် သည်။
အထီးကျန် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသလို နျူလက်နက် နည်းပညာ ပိုင်ဆိုင်ထားပြီဖြစ် သည့် မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ မျိုးနွယ်တူ တောင်ပိုင်း နိုင်ငံအပေါ် အထက်စီးဆန်ဆန် ဆက်ဆံနေဆဲဆိုသည်ကို ယခု ဖြစ်ရပ်က နောက်တစ်ကြိမ် သက် သေပြလိုက်ခြင်း ဖြစ်သည်။
တောင်ကိုရီးယားသည် အ မေရိကန်၏ အထောက်အပံ့ဖြင့် မြောက်ကိုရီးယားကို အန်တုရပ် တည်နေသော်လည်း ဆိုးလ်မြို့ တော်သည် အလွန်အင်အား ကောင်းသည့် အမြောက်တပ်ဖွဲ့ တစ်ခု၏ စက်ကွင်းထဲတွင် အချိန်ပြည့် ခြိမ်းခြောက်ခံနေရသည်။
နယ်စပ်တွင် ဗုံးထောင်ထား သည်မှာ မိမိတို့ လက်ချက်မဟုတ် ဟု မြောက်ကိုရီးယားက ပြင်းပြင်း ထန်ထန် ငြင်းဆန်ထားသော် လည်း ကမ္ဘာပေါ်တွင် လုံခြုံရေး အတင်းကျပ်ဆုံး နေရာအဖြစ် သတ်မှတ်ထားသည့် အဆိုပါ စစ်မဲ့ ဇုန် နေရာတွင် လှုပ်ရှားနေသည် မှာ ကိုရီးယားနှစ်နိုင်ငံနှင့် အမေရိ ကန် တပ်ဖွဲ့များသာ ရှိနေသည်။
မြောက်ကိုရီးယားသည် ပြဿနာကို အစပြုလေ့ရှိသည့် နိုင်ငံ ဖြစ်သော်လည်း ၎င်းတို့ကချည်း တင်းမာစွာ ဆက်ဆံပြီး တောင်ကို ရီးယားကို ဖိအားပေးလေ့ရှိသည်။ ၂၀၁၀ ပြည့်နှစ်က မြောက်ကိုရီး ယား တော်ပီဒိုတစ်စင်းကြောင့် တောင်ကိုရီးယား တိုက်သင်္ဘော တစ်စီး နစ်မြုပ်ပြီး ရေတပ်သား ၄၆ ဦး သေဆုံးသည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း မြောက်ကိုရီး ယားက ဝန်ခံတောင်းပန်ခြင်းမရှိ ဘဲ ပြောင်ပြောင်တင်းတင်း ငြင်း ဆိုလျက်ရှိသည်။
ပြီးခဲ့သည့် အမေရိကန် သမ္မ တ သုံးဆက်မျှသည် မြောက်ကိုရီး ယား အစိုးရ၏ ဒေသတွင်း အရေး ပါမှုကို လျှော့ချရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မအောင်မြင် ခဲ့ချေ။ အထူးသဖြင့် မြောက်ကိုရီး ယား၏ နျူလက်နက်များက ၎င်း တို့၏ အထက်မြက်ဆုံး ဆောင်ဓား သဖွယ်ရှိနေပြီး အမေရိကန်၏ ရှေ့ တိုးမည့် ခြေလှမ်းတိုင်းကို တွန့် ဆုတ်သွားစေခဲ့သည်။
မြောက်ကိုရီးယားသည် ဆီးရီးယား အစိုးရကို ပလူတိုနီယံ ထုတ်လုပ်နိုင်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက် ရန် ကူညီခဲ့သလို အီရန်နှင့်ပူးပေါင်း ကာ တိုက်ချင်းပစ် ဒုံးကျည်စီမံ ကိန်းများကို အကောင်အထည် ဖော်နေကြောင်းလည်း စွပ်စွဲခံနေ ရသည်။

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွင်း လက်ဆွဲနှုတ်ဆက်နေကြသည့် တောင်နှင့် မြောက် တာဝန်ရှိသူများ/the Unification Ministry/reuters
အချက်အလက် အားလုံးက ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မြောက်ကိုရီးယားသည် ကိုရီးယား ကျွန်းဆွယ် ပတ်ဝန်းကျင်အတွက် သာမကဘဲ ပိုမိုကြီးမားသည့် ပြဿနာတစ်ခု ဖြစ်လာကြောင်း အခြေအနေ အရပ်ရပ်က ညွှန်ပြ လာခဲ့သည်။
၎င်းတို့တွင် ယုံကြည်မှု လွန် ကဲနေသည့် အာဏာရှင်ခေါင်း ဆောင် တစ်ဦးရှိပြီး ၎င်းကလည်း ခြိမ်းခြောက်ရန်လိုမှုကို လက်နက် တစ်ခုအဖြစ် အမြတ်ထုတ်နေပြန် သည်။
နောက်ဆုံးပေါ် ကိုရီးယား ကျွန်းဆွယ် ပဋိပက္ခတွင် တောင်ကို ရီးယား သမ္မတ ပက်ဂွန်ဟေးက မိမိတို့သည် နယ်စပ်မှ အသံချဲ့ စက်များကို ဆက်ဖွင့်ထားမည် ဖြစ်ကြောင်း အခိုင်အမာပြောကြား ထားသည်။
၎င်းအနေဖြင့် ယခင် သမ္မတ ဟောင်းများထက် ပိုမို၍ လေသံ မာမာ ဆက်ဆံနိုင်ရန် ကြိုးစားနေ သော်လည်း မြောက်ကိုရီးယား၏ စစ်အင်အားအကြောင်း မစဉ်းစား ဘဲ နေမည်မဟုတ်ချေ။ နောက် ဆုံး ဆွေးနွေးမှု ရလဒ် ထွက်ပေါ် လာချိန်တွင် အဆိုပါ အသံချဲ့စက် များ ပိတ်ပေးလိုက်ရမည်သာ ဖြစ် သည်။ မိုင်းနင်းမိ၍ ခြေထောက် ပြတ်တောက်သွားသည့် တောင်ကို ရီးယား စစ်သည်နှစ်ဦး၏ အစား ထိုးမရသော ဆုံးရှုံးမှုသည် ချီအိုနန်  စစ်သင်္ဘော နစ်မြုပ်မှုတွင် သေဆုံး သွားသည့် ရေတပ်သားများနည်း တူ မျိုသိပ်မျက်နှာလွှဲလိုက်ရမည် သာ ဖြစ်သည်။
အမေရိကန် မီဒီယာများကမူ မြောက်ကိုရီးယား၏ ခြိမ်းခြောက် မှုသည် တရိပ်ရိပ် ကျယ်ပြန့်ကြီး ထွားလာသည်ကို အမေရိကန် အ စိုးရက မျက်ကွယ်ပြုထားခြင်းအ ပေါ် ဝေဖန်ရေးသားခဲ့ကြသည်။
ဘားရတ်အိုဘားမား၏ လက်ရှိ အစိုးရသည် မြောက်ကိုရီးယား အပေါ် ပြတ်ပြတ်သားသား ဆက် ဆံရဲသည့် ရပ်တည်မှု မရှိသလို နောက်တက်လာမည့် သမ္မတနေ ရာအတွက် ရွေးကောက်ပွဲဝင် မည့် ဒီမိုကရက်တစ်နှင့် ရီပက်ဘ လေကန် ကိုယ်စားလှယ်လောင်း များ အနေဖြင့်လည်း မြောက်ကိုရီး ယားနှင့် ပတ်သက်၍ တိကျပြတ် သားသည့် မူဝါဒမျိုး ချမပြနိုင် သည်ကို မီဒီယာများက ထောက်ပြ ခဲ့သည်။
မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ကို သရော်ထားသည့် The Interview ဇာတ်ကားအ တွက် အမေရိကန်၏ Sony Pictures ရုပ်ရှင်ထုတ်လုပ်ရေးကို မြောက်ကိုရီးယား ဟက်ကာများ က တိုက်ခိုက်ခဲ့ခြင်းသည် အမေရိ ကန် ကိုယ်တိုင်က မြောက်ကိုရီး ယား၏ ခြိမ်းခြောက်မှုကို တစ် နည်းတစ်ဖုံ ကြုံတွေ့နေရကြောင်း ပေါ်လွင်စေခဲ့သည်။
အမေရိကန်နှင့် အနောက် အုပ်စုတို့၏ ဖိအားပေးမှုများ ကြောင့် ကုလသမဂ္ဂက မြောက် ကိုရီးယားအပေါ် တင်းကျပ်စွာ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် တိုင် တရုတ်က ပြီးခဲ့သည့် နှစ် ပိုင်းများအတွင်း မြောက်ကိုရီး ယားနှင့် ဆက်ဆံရေး တိုးမြှင့် လာခြင်းကြောင့် ထိရောက်သော အရေးယူမှုမျိုး ဖြစ်မလာခဲ့ချေ။
တောင်ကိုရီးယားနှင့် ပြဿနာသည် မြောက်ကိုရီးယားအ နေဖြင့် ၎င်းတို့ ကြုံလာသည့် (သို့ မဟုတ်) ရည်ရွယ်ချက်ရှိရှိ ဖန်တီး ယူထားသည့် ပဋိပက္ခတိုင်းကို ရန် လိုသည့် ချဉ်းကပ်မှုဖြင့် တုံ့ပြန် ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ပိုမို သိသာလာစေခဲ့သည်။
ယခုပြဿနာသည် အမေရိ ကန်၏ နိုင်ငံခြားရေး မူဝါဒအပေါ် မြောက်ကိုရီးယား၏ စိန်ခေါ်နိုင် စွမ်းကို မီးမောင်းထိုးပြနေပြီး အ ပြောင်းအလဲများ မဖြစ်မနေ လို အပ်နေကြောင်းကိုလည်း ပေါ် လွင်လာစေခဲ့သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။