အမျိုးသားဒီမိုကရေစီပါတီသစ်


၁။ ဥက္ကဋ္ဌ - ဦးသိန်းညွန့်
၂။ ပါတီဝင်အရေအတွက် - သုံးထောင်ကျော်
၃။ ၀င်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သင်္ဃန်းကျွန်း၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ လှိုင်သာယာမြို့နယ်တို့တွင် အပြည့်ဝင်ပြိုင်ပြီး သာကေတ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာမြို့နယ်တို့တွင် အနည်းဆုံး နှစ်နေရာမှ သုံးနေရာဝင်ပြိုင်မည်။ လှိုင်၊ ဗဟန်းနှင့် ကိုကိုးကျွန်းတို့တွင် သုံးနေရာစလုံးဝင်ပြိုင်မည်။
၎။ ပါတီဆောင်ပုဒ်  - ပြည်သူ့အခက်အခဲဖြေရှင်းဖို့ ခ မောက်သုံးလုံးကို မဲပေးစို့။
၅။ ပါတီမူဝါဒ - မဟာဗျူဟာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ နည်းဗျူဟာကတော့ တရားဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာဖြေရှင်းရေး၊ နိုင်ငံရေးကို နိုင်ငံရေးအရ ဆောင်ရွက်ရေး၊ မြို့နယ်အဆင့်မှာ ပြည်သူလူထုရဲ့  အခက်အခဲနဲ့ ပြဿနာတွေကို ဖြေရှင်းပေးရေး၊ တိုင်းအဆင့်မှာ ရန်ကုန် မြို့တော်ကို ကယ်တင်ရေးနဲ့ ဂုဏ်သိက္ခာမြင့်မားရေး၊ အမျိုးသားအဆင့်မှာ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး၊ ရွေးကောက်ခံအာဏာရှင်စနစ် ဖြစ်ပေါ်လာမှုကို တားဆီးရေး။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပါတီရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာကို ယုံကြည်ပြီးတော့ပါတီနဲ့လူထုကို အလုပ်အကျွေးပြုရေးကိစ္စတွေမှာ တက်တက်ကြွကြွလုပ်ဆောင်နိုင်မယ်လို့ သတ်မှတ်ထားတဲ့သူ။
၇။ ရန်ပုံငွေ - လူထုရဲ့အခက်အခဲတွေကို ကူညီ ဆောင်ရွက်ပေးရင်းနဲ့ လူထုရဲ့လှူဒါန်းငွေကို အသုံးပြုသွားမယ်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း ​- ၂၀၁၁ အောက်တိုဘာတွင် အမျိုးသားဒီမိုကရေစီပါတီသစ်ကို တည်ထောင်ခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်း ဆောင်နိုင်မလဲ။
ကျွန်တော်တို့ကတော့ ရလဒ်မထွက်တဲ့အလုပ်မလုပ်ဘူး။ လေလုံး မိုးလုံးအကြီးကြီးပြောပြီး ရလဒ်မထွက်သွားတာတွေ တွေ့မြင်ခဲ့ရပြီ။ အ ခြေခံဥပဒေပြင်ရေးနဲ့ပတ်သက်ပြီး ဘာအောင်မြင်လဲဆိုရင် ဇယား(၁)၊ (၂) အာဏာခွဲဝေမှုအောင်မြင်တာပေါ့။ သူက ဥပဒေပြဿနာမဟုတ် ဘူး။ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် အမျိုးသားအင်အားစု သုံးခုဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တပ်မ တော်ခေါင်းဆောင်တွေ ဒီသုံးခုဘုံသဘောတူချက်ရမှ ပြင်နိုင်မှာကိုး။ ရှေ့ဆက်ကြိုးစားရမှာက လူထုရဲ့တိုက်ရိုက်မဲနဲ့ မြို့နယ်/ ခရိုင်အုပ်ချုပ် ရေးမှူးတွေကို ရွေးချယ်သလိုမျိုး အဲဒီလိုမျိုး လူထုလက်ထဲကို အာဏာ ရောက်ဖို့လိုတယ်။ အဲဒါကို ဦးစားပေးလုပ်မယ်။ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်နဲ့ ၀န်ကြီးတွေကို ပြည်နယ်ဒေသတွေကပဲ ခန့်အပ်ဖို့ဆက်ပြီး တော့ကြိုးပမ်းမယ်။ ခြေဥပြင်ရေးနဲ့ပတ်သက်ပြီးပြောရင် အမျိုးသားအင် အားစုအချင်းချင်း အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုမြင့်မားလာတာ နဲ့အမျှ ရလဒ်ထွက်မယ့်နည်းလမ်းတွေကို ဆောင်ရွက်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုပါ ၀င်ဆောင်ရွက်ဖို့ရှိပါသလဲ။
အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးတော့ ငြိမ်းချမ်းရေးမူဘောင် တွေ ဆွေးနွေးကြမယ်ဆိုရင် ကျွန်တော်ပါဝင်ပေးနိုင်တဲ့အခန်းတစ်ခန်း ရှိတာပဲ။ တိုင်းရင်းသားငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ဆက်စပ်တဲ့ တိုင်းရင်း သားလက်နက်ကိုင်အင်အားစုတွေပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီ မိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဖြစ်နိုင်တဲ့အဖြေရရှိဖို့ ကြိုးစားပေးမှာ။ ရရှိတဲ့အဖြေကို တရားဝင်မှုဖြစ်အောင် ပြန်လည်ဆောင် ရွက်ပေးဖို့အတွက် လွှတ်တော်အတွင်းမှာ ထိထိရောက်ရောက် တာဝန် ယူပေးမှာပေါ့။
ပြည်သူတွေရဲ့ အဓိကပြဿနာဖြစ်တဲ့ ၀င်ငွေထွက်ငွေမျှတရေး ဆောင် ရွက်ပေးဖို့ ပါတီရဲ့အစီအမံရှိပါသလား။
ပြည်သူတွေရဲ့ ၀င်ငွေထွက်ငွေမျှတအောင် လာဘ်ပေးလာဘ်ယူ ရှင်းနိုင်မှဖြစ်မှာ။ ၀င်ငွေထွက်ငွေမျှတဖို့က လုပ်နိုင်တာတွေကအများကြီး ပေါ့။ အဲဒီထဲကမှ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တဲ့အလုပ်က ဒီလာဘ်ပေးလာဘ် ယူကြောင့်နိုင်ငံကို မရာက်နိုင်တဲ့ဝင်ငွေတွေက အများကြီးပဲ။ အဲဒီဝင် ငွေတွေကို ပြန်လည်ပြီးတော့နိုင်ငံတော်အတွက် အသုံးချနိုင်မယ်ဆိုရင် လူထုရဲ့ဝင်ငွေထွက်ငွေမညီမျှမှုတွေကို ကျဉ်းမြောင်းအောင်တစ်စုံတစ် ရာလုပ်ပေးနိုင်လိမ့်မယ်။
ဘာကြောင့် ပြည်သူတွေက အမျိုးသားဒီမိုကရေစီပါတီသစ်ကို မဲပေး သင့်လဲ။
ကျွန်တော်တို့က ပြည်သူလူထုအတွက် အပြောနဲ့မှမဟုတ်ပဲ။ အနိမ့်ဆုံးက လူထုကို မောင်းထုတ်နေတာတွေကို ကျွန်တော်တို့လူထု ဘက်ကရပ်တည်ပေးမယ်။ အဲဒီမှာ လူထုက မိမိတို့အတွက် အလုပ်လုပ် တဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ရွေးမလား၊ နှစ် ၃၀ နီးပါးမျှော် လင့်ချက်ချည်းပဲပေးနေတဲ့ ခေါင်းဆောင်နဲ့ပါတီကိုရွေးမလားဆုံးဖြတ် ပေါ့။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုရွေးချယ်မလဲ။
သေချာတဲ့အခြေခံဥပဒေနဲ့ ဥပဒေကခွင့်မပြုတဲ့လူမျိုးကိုမရွေးဘူး။ နောက်တစ်ခါ တရားဥပဒေစိုးမိုးရေးကိုပြောပြီးတော့ လက်တွေ့မှာ ဥပဒေကို မိမိလိုသလို အဓိပ္ပာယ်ဖွင့်နေတဲ့သူ၊ နောက်တစ်ခါ ခရိုနီကြီး တွေကို ခရိုနီမိသားစုကို အကျိုးပြုမယ့်လူကိုမရွေးဘူး။ ဒါကတော့မူပဲ။
ပါတီဥက္ကဋ္ဌအသက်-(၇၁)နှစ်
ပညာအရည်အချင်း-B.A . RL.HGP၊ သတင်းစာသင်တန်း အောင်၊ တရားလွှတ်တော်ရှေ့နေ၊ စာရေးဆရာ (မောင်သိန်းညွန့်(ကော့ ကရိတ်))၊
လက်ရှိအလုပ်အကိုင်-ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
နိုင်ငံရေးအတွေ့အကြုံ-၁၉၅၈ ခုနှစ်ကတည်းက စခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ်မှာ သင်္ဃန်းကျွန်း အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်၊ ၁၉၈၈ မှ ၂၀၀၀ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၌ ပါဝင်လှုပ်ရှား၊ ၂၀၁၁ နိုဝင်ဘာအထိ အမျိုးသားဒီမိုကရေစီအင်အား စုပါတီဒုတိယခေါင်းဆောင်။ ယခုအမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ၏ ပါတီဥက္ကဋ္ဌ။
စံပြပုဂ္ဂိုလ် - အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
ဆက်သွယ်ရန်လိပ်စာ     - ဖုန်း ၀၉-၇၃၀၉၅၆၂၈၊၀၉-၇၃၀၂၀၈၁၃
http://www.7daydaily.com/election-2015
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။