၁။ ပါတီဥက္ကဋ္ဌ - ဦးစိုးမောင်
၂။ ပါတီဝင်အရေအတွက် - တစ်သောင်းရှစ်ထောင်
၃။ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ရန်ကုန်တိုင်း၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့နယ်ကိုးခုတွင်မဲဆန္ဒနယ်၂၇နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ပါတီမူဝါဒ - လက်စားမချေသင်ပုန်းချေပြီး ဗြဟ္မစိုရ်တရားအခြေခံသောဒီမိုကရေစီတည်ဆောက်နိုင်ရေး။
၅။ ပါတီဆောင်ပုဒ် - လူ့အဖွဲ့အစည်း၏ အရပ်ရပ်ပြဿနာများကို ဖြေရှင်းရေးအတွက် ဗြဟ္မစိုရ်တရားအခြေခံသော ဒီမိုကရေစီတည်ဆောက်နိုင်ရေး။
၆။ ကိုယ်စားလှယ်အရည်အချင်းသတ်မှတ်ချက် - ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကိုယ့်စရိတ်ကိုယ်စိုက်ခံနိုင်မည့်သူ၊ ပညာအရည်အချင်း ဘွဲ့ရ၊ နိုင်ငံရေးအတွေ့ အကြုံရှိသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ။
၇။ ပါတီရန်ပုံငွေ - ပါတီဝင်များထည့်ဝင်ငွေများဖြင့် ကိုယ်ထူကိုယ်ထ ရပ်တည်သည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း - ၁၉၉၀ပြည့်နှစ်များက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်ကို အမွေဆက်ခံကာ၂၀၁၀အထွေထွေရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီအမည်ဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ရေးကို ဘယ်လိုစွမ်းဆောင်နိုင်မလဲ။
ကျွန်တော်တို့ပါတီရဲ့ ရည်ရွယ်ချက်ကိုက ဒီမိုကရေစီအတွက် လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီဆန်အောင်ပြင်မယ်။ ဘယ်လိုပြင်မလဲဆိုတာကတော့ လွှတ် တော်ရောက်ရင် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကနေ အထိရောက် ဆုံးဆောင်ရွက်သွားမှာပါ။ အခြေအနေက တောင်းဆိုလာရင်ဘယ်သူမှ ငြင်းဆန်လို့မရပါဘူး။ အခြေခံဥပဒေကို ပြင်ဆင်နိုင်အောင်တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းသွားမယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ဘယ် လောက်အထိ ကူညီနိုင်မယ်လို့ ယုံကြည်ထားလဲ။
ပြည်တွင်းငြိမ်းချမ်းရေးမဖြစ်ဘဲနဲ့ ဒီမိုကရေစီနိုင်ငံကို မရောက်နိုင် ဘူး။ ပြည်တွင်းငြိမ်းချမ်းရေးဟာ မဖြစ်မနေဆောင်ရွက်ရမယ်။ ဒီနေ့ ဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း ကျွန်တော်တို့ ပါတီအနေနဲ့ သက်ဆိုင်သူများနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေတယ်။ နောက်လည်းပဲ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို အတတ်နိုင်ဆုံးဖြစ် လာအောင် ကျွန်တော်တို့က ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှာပဲ။

ပြည်သူလူထုရဲ့ ၀င်ငွေထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
အခုက ခရိုနီစီးပွားရေး၊ ခရိုနီစီးပွားရေးအ၀န်းအ၀ိုင်းကျဉ်းကျဉ်း လေးမှာ တိုင်းပြည်ရဲ့ ဓနတွေရောက်နေတယ်။ ရောက်နေတဲ့အခါကျ တော့ လူလတ်တန်းစားနဲ့ဆိုင်တဲ့ စီးပွားရေးတွေကျဆင်းသွားပြီးတော့ သမ၀ါယမတွေ ကျဆင်းသွားတယ်။ ၉၀ ခုလွန်နှစ်များက ၂၀၁၀အထိဖြစ်တဲ့အခြေအနေပေါ့။ အဲဒီလိုဆိုရင် ခရိုနစ်ဆင်ကို ဘယ်လိုရှင်းမလဲ။ သူတို့တွေက တိုင်းရင်းသားလုပ်ငန်းရှင်လူနည်းစုဖြစ်နေတယ်။ အဲဒီလူနည်းစုရဲ့ ဓနတွေ၊ တိုင်းတစ်ပါးရောက်နေတဲ့ ဓနတွေကို ဒီကိုပြန်ပြီးရောက်လာအောင်လုပ်မယ်။ ပြီးရင် ခရိုနစ်ဆင်ထူထောင်ခဲ့တုန်းက ကျဆင်းခဲ့တဲ့ လူလတ်တန်းနဲ့ သမ၀ါယမတွေဖွံ့ဖြိုးလာအောင်လုပ်မယ်။ လယ်ယာမြေပြဿနာတွေ လည်းဖြေရှင်းနိုင်အောင်လုပ်မယ်။ အဲဒီလိုလုပ်ရင် အလုပ်အကိုင်အခွင့်အလမ်းတွေတိုးလာမယ်။

ပြည်သူများက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီကိုဘာကြောင့်မဲပေးသင့်သလဲ။
ကျွန်တော်တို့က လုပ်ကတည်းက ဗြဟ္မစိုရ်တရားအခြေခံတဲ့လက်စားမချေသင်ပုန်းချေဆိုတဲ့စနစ် မူဝါဒနဲ့ ရပ်သွားမှာပါ။ လွှတ်တော်ထဲ ရောက်ရေး၊ အမတ်ဖြစ်ရေးဆိုတာ ကျွန်တော်တို့ရဲ့ ဒုတိယဦးစားပေးပါ။ အဲဒီအခြေခံတဲ့မူဝါဒနဲ့ လူ့အဖွဲ့အစည်းရဲ့ စိတ်နေစိတ်ထားတွေကို ပြောင်း ရင်းနဲ့ တိုင်းပြည်ရဲ့ကောင်းကျိုးကို လုပ်သွားမှာဖြစ်တဲ့အတွက်အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်က ဗြဟ္မစိုရ်တရားအခြေခံတဲ့ ဒီမိုကရေစီဝါဒနဲ့ လက်စားမချေသင်ပုန်းချေဆို တဲ့ နည်းကလွဲလို့တခြားမရှိဘူး။ အဲဒီတော့ အဲဒီမူဝါဒကိုအကောင်အ ထည်ဖော်မယ့် ကျွန်တော်တို့ပါတီကို ပြည်သူတွေက မဲပေးသင့်ပါတယ်။

သမ္မတလောင်းရွေးရင် ဘယ်လိုလူမျိုးကိုရွေးချယ်မလဲ။
ကျွန်တော်တို့ကတော့ ဒီမိုကရေစီပဲ။ တိုင်းပြည်ရဲ့အခြေအနေအချိန် အခါနဲ့ တောင်းဆိုလာတဲ့ သူကိုရွေးချယ်မှာပါ။

ပါတီဥက္ကဋ္ဌ - (၇၃)နှစ်
ပညာအရည်အချင်း - B.A, H.G.P, RL
နိုင်ငံရေးဖြတ်သန်းမှု - ငယ်စဉ်က ကွန်မြူနစ်ပါတီတွင်မွေးဖွားကြီးပြင်း ခဲ့။ လမ်းစဉ်ပါတီဝင်တစ်ဦးဖြစ်ခဲ့။ ၁၉၈၉တွင် ဒီမိုကရေစီခေတ်သစ် တည်ဆောက်ရေးတောင်သူလယ်သမား၊ အလုပ်သမားအဖွဲ့ချုပ်ကို ဖွဲ့ခဲ့။ ယင်းနှစ်တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်ကို ပြောင်းလဲဝင် ရောက်ခဲ့။ လက်ရှိအချိန်တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌအ ဖြစ် တာဝန်ယူနေ။
လက်ရှိအလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ
စံပြပုဂ္ဂိုလ် - ၀န်ကြီးချုပ်ဟောင်းဦးနု
ဆက်သွယ်ရမည့် ဖုန်းနံပါတ် - ၀၉ - ၇၃၂၀၄၈၃၄
http://www.7daydaily.com/election-2015
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။