ရေဘေးသင့်ဒေသသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ပြီး ကူညီလှူဒါန်းတဲ့ ငပလီဒေသခံတွေနဲ့ စကားစမြည်း

ရေဘေးသင့်ဒေသသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ပြီး ကူညီလှူဒါန်းတဲ့ ငပလီဒေသခံတွေနဲ့ စကားစမြည်း
မေး-ဆရာ့နာမည်နဲ့ ရွာနာမည်ကိုပြော ပြပေးပါ။
ဖြေ-ဦးစိုးစိုးပါ။ ငပလီမြို့၊ ဇီးပင်ကုန်းရပ် ကွက်။ ပရဟိတအသင်းဥက္ကဋ္ဌဖြစ်ပါ တယ်။
မေး-အခု ပရဟိတ လာလုပ်တော့ ဘယ်ရွာတွေမှာ ကူညီမှုတွေ လုပ်ဆောင်ခဲ့ပါလဲ။
ဖြေ-ဆတ်ချောင်းရယ်၊ ချောင်းသစ်ရယ်၊ ယောမနီဆိုတဲ့ရွာတွေကို လုပ်ခဲ့ပါတယ်။
မေး-ဆရာတို့ ဒီလိုဆန်တွေ၊ ရိက္ခာအလှူ တွေကို လှူဒါန်းနိုင်အောင် စိတ်ထဲမှာ ဘယ်လိုဖြစ်လာတယ်ဆိုတာ ပြောပြပေး ပါ။ မြောက်ဦးတို့ မင်းပြားတို့ကိုသွားပြီး တော့ ငါတို့လှူမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး တွေ ဘယ်လိုဝင် လာတယ် ဆိုတာ ရှင်းပြ ပေးပါ။
ဖြေ-ကျွန်တော်တို့က ရခိုင်လူမျိုးတွေပါ။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေဒုက္ခတွေ အများကြီး ရောက်နေတယ်။ နေစရာအိမ်မရှိ။ ယာမရှိဖြစ်နေတယ်ဆိုပြီး ကြားရပါတယ်။ ကိုယ့်လူမျိုးတွေ အကြီးအကျယ် ဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ အတတ်နိုင်ဆုံး ကူညီရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ဒီရေဘေးသင့် ဒေသတွေကို ကိုယ်တိုင် ကိုယ်ကျတိုက်ရိုက်လာပြီး အဲဒီလို လှူတာ ဖြစ်ပါတယ်။ ဘုန်းကြီးတွေကိုလည်း သင်္ကန်းတွေကပ် ပါတယ်။
မေး-အခုလှူဒါန်းတဲ့အထဲမှာ ဘယ် ပစ္စည်းတွေပါလဲ။
ဖြေ-သင်္ကန်း၊ ဆန်၊ ရေသန့်ဗူး၊ ခေါက် ဆွဲခြောက်၊ အဝတ်အထည် ပါပါတယ်။
မေး-အဲဒီအလှူပစ္စည်းတွေက စုစုပေါင်း တန်ဖိုး ဘယ်လောက်ရှိလဲ။
ဖြေ-တန်ဖိုးက သိန်း ၃ဝ ကျော်လောက်ပဲ ရှိပါတယ်။
မေး-မြောက်ဦးတို့ မင်းပြားမြို့နယ်တို့မှာ ဘယ်ဒေသတွေ ဘယ်ရွာတွေကိုရောက် လဲ။
ဖြေ-မြောက်ဦးမှာ ချောင်းသစ်၊ ဆတ် ချောင်းရယ်၊ ယောမနီဆိုတဲ့ ရွာတွေကို ရောက်ခဲ့တယ်။
မေး-အခုလို ရေဘေးဒုက္ခသည်တွေကို မျက်မြင်သွားရောက်ကူညီခဲ့တဲ့အခါ တွေ့ကြုံရတော့ စိတ်ထဲ ဘယ်လိုခံစားရ လဲ။
ဖြေ-ကျွန်တော်တို့လည်း ရခိုင်လူမျိုးဆို တော့ သူတို့နဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ရဲ့ အခက်အခဲတွေဟာ ကျွန်တော်တို့ရဲ့ အခက်အခဲတွေလို့ဘဲ ခံစားရပါတယ်။ ပြောမတတ်ပါဘူး။
မေး-အဖွဲ့မှာ လူ ဘယ်လောက်ပါလာလဲ။
ဖြေ-လူ ၂ဝ လောက်ပါပါတယ်။
မေး-လူ ၂ဝက ဘယ်ရွာတွေကလဲ။
ဖြေ-ကျွန်တော်တို့ ဇီးပင်ကုန်း၊ ငပလီမြို့ ရဲ့ ရပ်ကွက်တွေပေါ့။ ငပလီမဇင် ပရဟိတ ကလေးတွေနဲ့။ နောက် ဆရာ တော်သုံးပါးပါတယ်။
မေး-ဆရာတော်တွေရဲ့ ဘွဲ့နာမည်တွေနဲ့ သီ တင်းသုံးနေတဲ့ရွာတွေကိုပြောပြပေးပါ။
ဖြေ-ဦးထေရံဝံသ၊ ရတနာ့သိဒ္ဓိကျောင်း ဆရာတော်၊ ငပလီမြို့၊ ဇီးပင်ကုန်းရပ် ကွက်က။ ဦးဣန္ဒာစာရက ရတနာ့သိဒ္ဓိ ကျောင်းကပါပဲ။ နောက်တစ်ပါးက တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေး ရွာက ဆရာတော်တစ်ပါး ပါပါတယ်။
မေး-အခု ဆရာတို့လာတာက ဘယ်လို ဖြတ်သန်းပြီးတော့ လာရတယ်ဆိုတာ ခရီးလမ်းကြောင်း အခြေအနေကိုပြောပြ ပေးပါ။
ဖြေ-ကျွန်တော်တို့က ငပလီကပဲ စထွက် လာပြီးတော့ မိုင် ၃ဝဝ လောက်ရှိမယ်။ လမ်းမှာ ဇက်တစ်ခုကူးရတယ်။ ကားက ၃စီးပါတယ်။
မေး-ရေဘေးဒုက္ခသည်တွေနဲ့၊ရခိုင်ပြည် သူတွေကိုဘယ်လိုအမှာစကားတွေ ပြော ချင်လဲ။
ဖြေ-တကယ်ကတော့ လာရောက်ပြီး တော့ လှူတန်းတဲ့လူတွေက ကိုယ်တိုင် ရာရောက် တကယ့်ဒုက္ခရောက်နေတဲ့ရွာ တွေကို ရောက်စေချင်ပါတယ်။ သူတို့ တွေက တကယ်ဒုက္ခရောက်နေတာ ကူညီဖို့လူမရှိတဲ့ရွာတွေ အများကြီးရှိပါ သေးတယ်။

(ဓာတ်ပုံ- ဦးစိုးစိုနှင့် သံတွဲမြို့နယ် ငပလီမှ ရေးဘေး အလှူ လာလုပ်သူများ၊ ကိုးသောင်းပုထိုးတော်ရှေ့ အမှတ်တရ - Photo by Narinjara)
___Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။