ဘင်နီတက်ဇ်ကို အကဲဖြတ်ရန် စောလွန်းဟု ရီးရဲလ်ကြယ်ပွင့်ဟောင်း ပြော

ရီးရဲလ်နည်းပြချုပ်အဖြစ် ရာဖေးဘင်နီတက်ဇ်ကို အကဲဖြတ်သုံးသပ်ရန် စောလွန်းနေသေးသည်ဟု ရီးရဲလ်ကြယ်ပွင့်ဟောင်း ကွင်းလယ်လူရူဆင်ဒီလာရက်ဒ်ကယုံကြည်နေသည်။
ရာသီကြိုကာလတွင် ရလဒ်များ ရောထွေးနေပြီးနောက် ဘင်နီတက်ဇ်ကိုင်တွယ်သော ရီးရဲလ်က လာလီဂါအဖွင့်ပွဲ၌ တန်းတက် ဂီဂျောင်အသင်းကို အဝေးကွင်းတွင် ဂိုးမရှိသရေဖြင့် စတင်ခဲ့သည်။
‘‘ဘင်နီတက်ဇ်ကို ဆုံးဖြတ်ချက်ပေးဖို့ စောလွန်းပါသေး တယ်။ ကျွန်တော်တို့ စိတ်ရှည်ရှည်ထားပြီး သူ့ကို အချိန်ပေးရ ပါမယ်။ အသင်းတစ်သင်းကို ရောက်လာတဲ့အခါ လအနည်းငယ်အချိန်ယူပြီး စိတ်ကူးတွေကို အကောင်အထည် ဖော်ရပါမယ်။ သူကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ သေချာပါတယ်’’ ဟု ရီး ရဲလ်လူငယ်အသင်းမှ ပေါ်ထွက်ခဲ့သော ဒီလာရက်ဒ်က ပြော သည်။ ထိုအတောအတွင်း ရီးရဲလ် နောက်တန်းလူ မာဆယ်လိုကလည်း ဘင်နီတက်ဇ်အပေါ် ထောက်ခံစကား ပြောကြား သည်။
‘‘အသင်းမှာ ခံစားချက်ကောင်းနေပါတယ်။ ဘင်နီတက်ဇ်ကလည်း အံ့သြစရာပါ။ ယှဉ်ပြိုင်မှုပြင်းထန်တယ်။ စကားတွေပြောတယ်။ ဘယ်နေရာတွေမှာ တိုးတက်ဖို့ လိုနေလဲပြောတယ်။ ကျွန်တော်တို့ ပိုကောင်းလာအောင် သူနိုင်နိုင် နင်းနင်းလုပ်နိုင်မှာပါ’’ ဟု မာဆယ်လိုက ပြောသည်။
http://7daydaily.com/
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။