မန္တလေးဈေးကွက်တွင် တရုတ်မှ ကြက်ဥအတုများ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေး

By
ဖြိုးဖြိုးဇော်
မန္တလေးမြို့ပေါ်ရှိ ဈေး အချို့တွင် တရုတ်မှတင်သွင်းလာ သည့် ကြက်ဥအတုများ ၀င် ရောက်နေသည်ဟု သတင်းများ ထွက်ပေါ်နေမှုကြောင့် ဈေးများ ၌ ရောင်းချနေမှု ရှိ၊ မရှိ စစ်ဆေး နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
‘‘စားသောက်ကုန်နဲ့ ပတ် သက်ပြီးတော့ အကုန်လုံးစစ်ဆေး နေတယ်။ လူတွေစားသုံးရန် မသင့်တာတွေ၊ လိုင်စင်မဲ့အသား  ရောင်းချတာတွေ မှန်သမျှ အကုန်စစ်ဆေးအရေးယူတယ်။ ဈေးထဲမှာ ကြက်ဥအတုတွေ ၀င်နေတယ် လို့ ပြောသံကြားနေရတယ်။ သတင်းကြားတာနဲ့ စစ်ဆေးတာမျိုးတွေ လုပ်နေပါတယ်။ သြဂုတ်၂၅ ရက်အထိတော့ တွေ့ရှိခြင်း မရှိသေးပါဘူး’’ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာန ဌာနမှူးဦးသိန်းဌေးက ပြောသည်။
မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၄၁ လမ်း၊ ကမ်းနားလမ်း ရှိ ကုန်စိမ်းဈေးတွင် ကြက်ဥအတု များ ရောင်းချနေကြောင်း သတင်း များထွက်ပေါ်နေ၍ စုံစမ်းစစ် ဆေးမှုကို သြဂုတ် ၂၄ ရက်က ပြု လုပ်ခဲ့သော်လည်း ရောင်းချခြင်း  မတွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးကော်မတီမှ အတွင်းရေးမှူး ဦးမျိုးသူက ပြောသည်။
‘‘ကြက်ဥအတုဆိုတာကို လည်း ကျွန်တော်တို့တောင် မမြင် ဖူးသေးဘူး။ ကျွန်တော့်အထင် တော့ စံချိန်မမီတဲ့ ကြက်ဥဖြစ်ဖို့ များတယ်။ ကြက်ဥက အကောင် ဆက်မပေါက်တော့တာကို အ ကောင်လိုက်  မြင်နေရတာမျိုး တွေ၊ အခွံမှာ ကြေမွနေတာမျိုး တွေ ဖြစ်ဖို့များတယ်။ ဈေးတွေ ထဲမှာ ရောက်ရှိမှု ရှိ၊ မရှိတော့ စုံ စမ်းနေတုန်းပါပဲ’’ဟု ဦးမျိုးသူက ပြောသည်။
မန္တလေးခရိုင်တွင် ဈေး ၄၄ ခုရှိကာ ယင်းဈေးများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးလျက်ရှိကြောင်း ဈေးနှင့် သားသတ်ဌာနမှ စုံစမ်းသိ ရသည်။
‘‘စည်ပင်ကနေ သွားစစ် တယ်။ အဲဒီကြက်ဥက ကြက်ဥ ဖောက်စက်ကနေ မျိုးမအောင် လို့ ပယ်လိုက်တဲ့ ကြက်ဥတွေ ဖြစ် နေတာ။ အထဲက အနှစ်နဲ့ အကာ နဲ့ကရောပြီး ပြန့်နေတဲ့ပုံဖြစ်နေ တာပါ။ လမ်းဘေးဆိုင်တချို့ဆို ရင် မွှေကြော်ကြော်ပြီး ရောင်းချ တာတွေ ရှိတယ်။ မလတ်ဆတ် တော့တဲ့  သဘောမျိုးပါပဲ။ တခြား တော့ ဆိုးဆိုးရွားရွား အန္တရာယ် တော့ မရှိပါဘူး’’မန္တလေးတိုင်း ဒေသကြီး မွေးမြူရေးလုပ်ငန်းအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကျော် ထင်က ပြောသည်။
http://7daydaily.com/
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။