အတွဲတွေ သောင်းကျန်းနေသည်

ခပ်မြူးမြူး ဒစ္စကိုသီချင်း သံစဉ်အလိုက် လှုပ်ရှားနေကြသည်က အရွယ်စုံ၊ ရောင်စုံ၊ကျားမ အစုံ။ တွန့်လိမ်ကောက်ကွေးအောင် ကနေသူလည်းရှိသည်။   တစ် ယောက်နှင့်တစ်ယောက် ဖက်ရင်းတွဲကနေသူ    စုံတွဲများလည်းရှိ သည်။ ဘီယာပုလင်း၊ အရက်ပု လင်းခပ်တည်တည်ကိုင်မော့ သူမိန်းမ၊ ယောက်ျားများလည်း တစ်ပုံတစ်ပင်။ ညအချိန် မြင် ကွင်းမဟုတ်သလို နိုက်ကလပ် လည်းမဟုတ်ပါ။ နေ့ခင်းကြောင် တောင် ပြည်သူ့ရင်ပြင်ရှိ ရေ လွှာကြီးမှ မြင်ကွင်းတစ်ခုဖြစ်ပါ သည်။
အဆိုပါရေလွှာကြီးမှာ ရေ ကူးကန်ဟုဆိုရအောင်လည်း ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် ကူးလို့ရသည့် ရေကူးကန်မဟုတ်။ စိတ်ပြေလက်ပျောက်ဟုဆိုရ အောင်လည်း တဒုံးဒုံး တချမ်းချမ်း ဖြင့် လူအများသားမို့ အေးအေး ဆေးဆေးအပန်းဖြေလိုသူ မိသားစုအတွက် အာရုံနောက်မှာသေချာ ပါသည်။  ဒီဂျေသီချင်းဖွင့်သည်။ အရက်များ ခိုးရောင်းသည်။ နောက်ဆုံးတွင်တော့ ပျော်ချင်သူ လူငယ်များ၊ သမီးရည်းစားများအတွက် သီးသန့်နေရာတစ်ခုဖြစ်လာပါတော့သည်။
ရန်ကုန်မြို့တော်တွင်ပန်းခြံ ပေါင်း ၆၃ ခုနှင့် ကလေးအားက စားကွင်းပေါင်း ၁၃၀ ခန့်ရှိသည်။ ပန်းခြံများကို အဆင့်မြှင့်တင်ရန် မြို့တော်စည်ပင်သာယာ ပန်းဥ ယျာဉ်နှင့်အားကစားကွင်းများ ဌာနက နှစ်စဉ်ဘတ်ဂျက်တောင်းခံ၍ ပြင်ဆင်မှုများ     ပြုလုပ်လျက်ရှိ သည်။ ထို့အပြင်ယခု နှစ်ဘဏ္ဍာ နှစ်အတွက်လည်း   ကျပ်ငွေသုံး ဘီလီယံကျော်အကုန်အကျခံ၍ ပြင်ဆင်မည်ဟုသိရသည်။
သို့သော် Public Area ဟု ခေါ်သည့် ထိုကဲ့သို့ အများပိုင်နေ ရာများကို အများပြည်သူများ လွတ်လပ်စွာသွားလာရန်လူငယ် အချို့နှင့် ငယ်ရွယ်သူ သမီးရည်း စားစုံတွဲအချို့၏ အပြုအမူနှင့် နေထိုင်ပုံများမှာ အနှောင့်အယှက် တစ်ခုမဖြစ်ရန် လိုအပ်လာပါ သည်။
ရန်ကုန်မြို့တွင် အပန်းဖြေ စရာနေရာနှင့်  မိသားစုများအ တွက် လည်ပတ်စရာနေရာရှား ပါးလာသည်ဆိုသော အကြောင်း အရာမှာ လူမှုကွန်ရက်စာမျက်နှာ များပေါ်၌  လူပြောများလာသော အကြောင်းအရာတစ်ခု  ဖြစ် လာသည်။ သို့သော် လက်ရှိတွင်တော့ အပန်းဖြေနိုင်သည့် အများနှင့် သက်ဆိုင်သော နေရာများတွင်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာ နေရာဖြစ်နေပြီလားဆိုသည်မှာလည်း မေးခွန်းထုတ်စရာတစ်ခုဖြစ် လာသည်။
ငယ်ရွယ်ပြီး ချစ်ကြိုက်ခါစ အတွဲငယ်ငယ်လေးများကို ထိုကဲ့သို့ မျက်စိရှက်စရာပုံစံမျိုးနှင့် တွေ့ဖြစ်သည်ကများသည်ဟု Good Dayကားကုမ္ပဏီမှ မန်နေဂျာ မအေးပပကပြောသည်။
‘‘တချို့က ဘုရားပေါ်တွေ၊ သွားလာနေတဲ့ ယာဉ်တွေပေါ်မှာတောင် ချစ်ပြ၊ ခင်ပြနေတာ။ ချစ်တာ အပြစ်မအရှိဘူးလေ။ အများအမြင် မတင့် တယ်အောင် အဖြစ်သည်းကြတော့ ဘယ်ကောင်းတော့မလဲ’’ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ရှိ ပန်းခြံဝင်ကြေးများမှာလည်း ကန်တော်ကြီးမျှော်စင် ကျွန်းနှင့် ပြည်သူ့ရင်ပြင်အပါ အ၀င် အချို့ပုဂ္ဂလိကသို့လွဲထားသော ပန်းခြံများမှလွဲလျှင် အားလုံးမှာဝင်ကြေးအခမဲ့ဖြစ်နေသောကြောင့် သွားလာသူများလည်း ပိုမိုများလာသည်။ ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံတွင်တော့ ထိုကဲ့သို့ သရုပ်ပျက်စိတ်အနှောင့်အယှက်ဖြစ်စရာ မြင် ကွင်းမျိုးသိပ်မတွေ့ရဘဲ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင် စသည့်နေရာ မျိုးများတွင်သာ သမီးရည်းစားအများစုကို အမြင်မသင့်လျော်သည့် မဖွယ်မရာအပြုအမူများ ပြုလုပ်နေသည်ကို အတွေ့ရစိပ်လာသည်။
ထိုသို့ဖြစ်အောင်လည်း ပန်းခြံကို ပုဂ္ဂလိကယူထားသော လုပ်ငန်းရှင်များက တမင်လုပ်ပေးနေသလား ဆိုသည်မှာ   တွေးစရာတစ်ခု ဖြစ်လာသည်။  ပြည်သူ့ရင်ပြင်ရှိ ဒိုင်နိုဆောကမ္ဘာဆိုသည့် ကစားစရာ နေရာမှာငွေကျပ်ငါးရာပေးရုံဖြင့် အထဲဝင် တစ်နေကုန်ဝင်ထိုင်နိုင်စေရန်ထိုင်ခုံများကို အကန့်ခြား၍ စီစဉ်ထားရာ အတွဲတွေချည်း တစ်နေကုန်ဝင်ထိုင် နေ၍ ဝေဖန်မှုများရှိလာပြီး ပိတ်ပေးပါ့မည်ဟု      ကြေညာခဲ့ရ ကြောင်း အဆိုပါကစားကွင်းမှ လက်မှတ်ရောင်းချသူတစ်ဦးက ပြောသည်။
ထို့အတူပင် ဒီဂျေမနားတမ်း ဖွင့်ပြီး လူငယ်များ၊ သမီးရည်းစား စုံတွဲများကို ကလပ်ဆန်ဆန်ကခုန် ခွင့်ပေးထားသော ရေလွှာကြီးမှာ လည်း ဝေဖန်မှုများရှိလာပြီဖြစ် သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။