မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွား

ရက္ခိုင့်တပ်မတော် စစ်သည်တော်များအား စစ်ရေးပြအခမ်းအနားစတစ်ခုတွင်တွေ့ရစဉ် (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
ဘူးသီးတောင်မြို့နယ် အနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်အနီးတွင် ရက္ခိုင့်တပ်မတော် နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်တို့ သုံးနာရီခန့်ကြာအောင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။
နှစ်နိုင်ငံ နယ်စပ်မိုင်တိုင် အမှတ် (၆၀) အနီးတွင် သြဂုတ် ၂၇ ရက် နံနက် ၉ နာရီခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။
 ‘‘ထိခိုက်တာတော့ ကျွန် တော်တို့ဘက်ကတော့ မရှိဘူး။ သူတို့ဘက်ကတော့ သူတို့မီဒီယာ တွေရေးတာတော့ တစ်ယောက် ဒဏ်ရာရတယ် ကြားတယ်။ ရွာ တွေမှာ ပြောတာတော့ သူတို့ ဘက်က နှစ်ယောက်ထပ်ကျတယ် ပြောတယ်’’ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။
ဖြစ်ပွားရသည့် အကြောင်း ရင်းမှာ ရက္ခိုင့်တပ်မတော်အဖွဲ့ဝင်များက ၎င်းတို့ လှုပ်ရှားရာဒေသ အနီးဝန်းကျင်တွင် ရေဘေး ရင် ဆိုင်နေရသူများအား ထောက်ပံ့ ရေးပစ္စည်းများ သွားပို့စဉ် ဘင်္ဂ လားဒေ့ရှ်နယ်ခြားစောင့်တပ်က ကုန်ပစ္စည်းသယ်ယူရာ၌ အသုံးပြု သည့် လားနှင့် မြင်းအချို့ကို ဖမ်း ဆီးခြင်းကြောင့် ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်း စာများတွင် တိုက်ပွဲကြောင့် နှစ် နိုင်ငံနယ်စပ်ဒေသများ လုံခြုံရေး တိုးမြှင့်ထားပေးရန် ဒေသတွင်း မြန်မာအစိုးရတာဝန်ရှိသူများ အား တောင်းဆိုထားသည်ဟု ရေးသားထားသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ နယ်စပ်ဒေသလုံခြုံ ရေးကိစ္စမှာ တပ်မတော်ကသာ အဓိက တာဝန်ယူထားသော ကြောင့် အသေးစိတ်မရှင်းပြနိုင် ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာဒေသဖြစ် သည့် ဘူးသီးတောင်နှင့် မောင် တောမြို့အနီး မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်နေရာများတွင် မြန် မာ့တပ်မတော်က လုံခြုံရေးယူ ထားပြီး အစိုးရက မတရားအသင်း ကြေညာထားသည့် ရက္ခိုင့်တပ်မ တော်လှုပ်ရှားရာဒေသ ဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။