By
Wednesday, August 26, 2015
ကချင်ပြည်နယ် ဆွမ် ပရာဘွမ်မြို့နယ်ရှိ လောဒ်မိုင်ယန်ကျေးရွာအနီးတွင် သြဂုတ် ၂၅ ရက် နံနက်က ကေအိုင်အေ တပ်ရင်း (၇)နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများပြန်လည်ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လောဒ်မိုင်ယန် ကျေးရွာသည် အစိုးရနှင့် ကေ အိုင်အေတို့ မလိယန်ကျေးရွာတွင် ဇွန်လ ၂၄ ရက်က တိုက်ပွဲများဖြစ်ပွားပြီးနောက် မလိယန်ကျေးရွာ ကို တပ်မတော်က သိမ်းပိုက်ခဲ့၍ ဒေသခံများ ပြောင်းရွှေ့ခိုလှုံသွားသည့်နေရာလည်း ဖြစ်သည်။
‘‘ဒီနေ့ မနက် ၁၀ နာရီ လောက်ကနေ နေ့လယ် ၁၂ နာရီ လောက်ထိ တိုက်ပွဲဖြစ်နေတုန်း ပဲ။ အခုတော့ သတင်းပြန် မကြား တော့ဘူး။ လောဒ်မိုင်ယန်ကို လည်း သူတို့စိုးမိုးချင်လို့ လာပစ် တာ ထင်တယ်’’ ဟု ကေအိုင်အေ မှ ဗိုလ်မှူးကြီးတစ်ဦးက သြဂုတ် ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ပြောကြားသည်။
ထို့ပြင် သြဂုတ် ၂၄ ရက် ညနေနှင့် ၂၅ ရက် နံနက်တို့တွင် အဆိုပါ လောဒ်မိုင်ယန် ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။
အဆိုပါ ကိစ္စကို ကေအိုင် အေက မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်သို့ ဆက်သွယ်အကြောင်း ကြားခဲ့သော်လည်း ၎င်းတို့အနေ ဖြင့် တိုက်ပွဲဖြစ်စဉ်ကို မသိရှိရ သေးဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြန်လည်ပြောကြားခဲ့ ကြောင်း ကေအိုင်အေမှ သတင်း ရရှိသည်။
ယင်းဒေသများတွင် မလိ ယန်ကျေးရွာကို တပ်မတော်က သိမ်းယူပြီးနောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့သော်လည်း တပ်မတော်က လက်နက်ကြီးဖြင့် ကျေးရွာများသို့ မကြာခဏ ပစ်ခတ်မှုကြောင့် ဒုက္ခသည်ပေါင်း ၁,၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲများ ကြုံတွေ့နေကြကြောင်း သတင်းရရှိသည်။
လက်ရှိတွင် အစိုးရက ဖိတ် ခေါ်ထားသည့် တစ်နိုင်ငံလုံး အ ပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးပါ ၀င် လက်မှတ်ရေးထိုးရေးမူ အ တွက် ကြိုးပမ်းမည်ဟု သြဂုတ် ၂၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်သည့် အစည်းအဝေးက ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ NCA စာချုပ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KPC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပါဝင်လက်မှတ်ထိုးမည်ဟု ကြေညာထားသည်။
http://www.7daydaily.com/
About Admin
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။