By
Wednesday, August 26, 2015
ဖမ်းဆီးခံ ရတနာပုံ ကျောင်းသားလေးဦး စာမေးပွဲဖြေ ခွင့်အာမခံရရှိရေးအတွက် ထောင် တွင်း အစာငတ်ခံဆန္ဒပြခြင်းကို ရပ်ဆိုင်း၍ အာမခံရရှိရန် ခရိုင် တရားရုံးသို့ ဆက်လက်လျှောက် ထားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
စာမေးပွဲဖြေခွင့် အာမခံ လျှောက်ထားမှုကို သြဂုတ် ၂၁ ရက် ပဉ္စမအကြိမ် ရုံးထုတ်ရာတွင် အမရပူရမြို့နယ်တရားရုံးက ပယ်ချခဲ့သဖြင့် ယင်းနေ့ ညနေမှစ၍ အာမခံရရှိရေးအတွက် ကျောင်းသားများသည် အိုးဘိုအကျဉ်းထောင်အတွင်း၌ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။
‘‘ကျွန်တော်တို့ အဲဒီနေ့ ညနေက ရောက်ရောက်ချင်းပဲ အစာ ငတ်ခံ ဆန္ဒပြခဲ့ကြတယ်။ အဲဒီ တော့ ကျွန်တော်တို့ကို တစ် ယောက်ချင်းစီ ခွဲထားလိုက်တယ်။ နောက် ကျွန်တော်တို့ထဲက ကျောင်းသားတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေကြောင့်ရယ်။ မိဘတွေရဲ့ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ၊ ပြီးတော့ ရေပူဆရာတော်ဘုရားက နောက် တစ်ဆင့် စောင့်ကြည့်ပါဦးဆိုပြီး မေတ္တာရပ်ခံတာကြောင့် ကျွန်တော်တို့ ခဏရပ်နားထားလိုက်တယ်’’ဟု ဖမ်းဆီးခံ ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေကပြောသည်။
အစာငတ်ခံ ဆန္ဒပြခြင်းကို သြဂုတ် ၂၂ ရက် ညနေက ရပ် ဆိုင်းခဲ့ရပြီး စာမေးပွဲဖြေဆိုရန် နီး ကပ်လာသည့်အတွက် အာမခံရရှိ ရန် ခရိုင်တရားရုံးသို့ အယူခံဝင် မည်ဖြစ်ကာ အာမခံရရှိခဲ့လျှင် ထောင်ထဲတွင် စာမေးပွဲဖြေဆို မည်မဟုတ်ဟု ကျောင်းသားများ က ပြောသည်။
သြဂုတ် ၂၅ ရက်က ခြောက် ကြိမ်မြောက် ရုံးထုတ်ရာတွင် ရတ နာပုံတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ် ဦးအောင်အောင်မင်းနှင့် တောင်သမန်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးခင်ဇော်တို့ကို စစ်ဆေး ခဲ့ပြီး ဒုပါချုပ် ဦးအောင်အောင်မင်းက ကျောင်းသားများသည် ကျောင်းနံရံကို မှုတ်ဆေးဖြင့် ညစ် ညမ်းအောင်ပြုလုပ်သည်မှ လွဲ၍ ကျောင်းအတွင်း ဆူပူအောင် ဆန္ဒ ပြခြင်း၊ လှုံ့ဆော်ခြင်းများ မလုပ်ခဲ့ ကြောင်း ထွက်ဆိုခဲ့သည်။
ဖမ်းဆီးခံ ကျောင်းသားများ ဖြစ်သော ကိုနိုင်ရဲဝေ၊ ကိုဂျစ်တူး၊ ကိုအောင်ဆန်းဦးနှင့် ကိုဉာဏ် လင်းထက်တို့သည် ရတနာပုံ တက္ကသိုလ်တွင် ပညာသင်ကြား နေသော ကျောင်းသားများဖြစ်ကြ ပြီး ဇွန်လ ၂၆ ရက်က ရတနာပုံ တက္ကသိုလ်အုတ်တံတိုင်း၌ အစိုးရ အပေါ် ဝေဖန်သည့်စာသားများကို မှုတ်ဆေးဖြင့် ရေးသားကာ ဆန္ဒ ထုတ်ဖော်ခဲ့၍ ဇူလိုင် ၁ ရက်က ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
http://www.7daydaily.com/
About Admin
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။