ခိုးယူခံရသည့် ရိုးရာလေးဖေ့စ်ဘွတ်ခ် စာမျက်နှာ ပြန်လည်ရရှိ

ရိုးရာလေး ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ၁၀ ရက်ခန့် ခိုးယူ ခံထားရာမှ သြဂုတ် ၂၇ ညနေတွင် မူလ Admin အဖွဲ့က ပြန် လည်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
မူလ Admin အဖွဲ့က အထောက်အထားစာရွက်စာတမ်း များဖြင့် ဖေ့စ်ဘွတ်ခ်သို့ ပြန်လည်ရရှိရန် တောင်းခံခဲ့သောကြောင့် ရရှိခဲ့ပြီး မကြာမီအတွင်း Yo Yar Lay အမည်ဖြင့် Activate (အသက်သွင်း)လုပ်ဆောင်မည်ဖြစ်ကြောင်း Admin ကိုအောင် ခမ်းက ပြောသည်။
‘‘အချက်အလက်တွေ ပြပြီး တောင်းခံတော့ ကျွန်တော်တို့ကို ပြန်ပေးတယ်။ လိမ်လည်တဲ့နိုင်ငံခြားသားကိုလည်း Admin အဖွဲ့ ကနေ ထုတ်ပစ်လိုက်ပြီ။ ဒါပေမဲ့ လောလောဆယ်သုံးလို့မရသေး ဘူး။ နာမည်ပြောင်းဖို့လုပ်နေတယ်’’ဟု ၎င်းက ဆက်လက်ပြော သည်။

ရိုးရာလေး ဖေ့စ်ဘွတ်ခ်စာမျက်နှာကို နိုင်ငံခြားသားအ ကောင့်တစ်ခုက လိမ်လည်ရယူကာ ငွေညစ်တောင်းခံမှုရှိခဲ့သော် လည်း မပေးခဲ့ကြောင်း ကိုအောင်ခမ်းကဆိုသည်။
ခိုးယူခံထားရချိန်တွင် Myanmar News Room အမည်သို့ ပြောင်းလဲခဲ့ပြီး မူလ Admin အဖွဲ့ဝင်များမှာလည်း ထုတ်ပယ် ခံခဲ့ရသည်။
ရိုးရာလေးဖေ့စ်ဘွတ်ခ်သည် Like လုပ်ထားသူဦးရေ ၂ ဒသမ ၃ သန်းကျော်ရှိပြီး ပြည်တွင်း၌ လူကြည့်အများဆုံး ဖေ့စ် ဘွတ်ခ်စာမျက်နှာစာရင်းတွင် နံပါတ်လေးနေရာ၌ရပ်တည်နေ သည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။