အပစ်ရပ်စာချုပ်လက်မှတ်မထိုးသည့် အဖွဲ့များ စည်းကမ်းဖောက်ရင်အရေးယူမည်

ဓာတ်ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖေ့ဘုတ်ဓာတ်ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖေ့ဘုတ်
By ဒီဗွီဘီ 20 August 2015

အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စည်းကမ်း မလိုက်နာရင် အရေးယူမည်ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
သြဂုတ် ၁၉ ရက်က နေပြည်တော်မှာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး  အန်ဒရူးပတ်ထရစ် နဲ့ တွေ့ဆုံတုန်း သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်က “လက်မှတ်မထိုးသည့် အဖွဲ့များ အနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်လာမည်ဆိုပါက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည် ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
ဒါပေမယ့် ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ ပြောမသွားပါဘူး။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို  လက်မှတ်ထိုးပြီးပါကလည်း လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လို့မဖြစ်ဘူးလို့လည်း တပ်မတော်အကြီးအကဲက ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်က“ငြိမ်းချမ်းရေးကိုအမှန်တကယ် လိုလားစိတ် ရှိရန်လိုကြောင်း၊ ငြိမ်းချမ်းရေး ရယူပြီးပါကလည်း ဥပဒေနှင့် အညီသွားဖို့ ဆန္ဒရှိရန်လိုကြောင်း၊ ငြိမ်းချမ်းရေး ရယူပြီးနောက် လက်နက်များ ဆွဲကိုင်ထား၍ မရကြောင်း၊ သို့ဖြစ်၍ NCA လက်မှတ် ရေးထိုးပြီးပါက DDR၊ SSR လုပ်ငန်းစဉ်များကို မဖြစ်မနေ ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို လက်ခံသည်ဆိုပြီး လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွှတ်၍ မဖြစ်နိုင်ကြောင်း၊ ဥပဒေနှင့်အညီ လက်နက်ကိုင်သည့် စနစ်ကိုသာ သွားရမည်ဖြစ်တယ်”လို့ ပြောခဲ့ပါသေးတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တချို့က အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမယ်လို့ ထုတ်ဖော်ပြောဆိုနေချိန် မှာ ကာကွယ်ရေးဦးစီးချုပ်က အခုလို ထုတ်ဖော်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
သြဂုတ် ၂၁ ရက်ကစပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တိုင်းရင်းသားအဖွဲ့တွေရဲ့အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အစည်းအဝေး စတင်ပြုလုပ်ဖို့ရှိပြီး အစိုးရနဲ့ လက်မှတ်ထိုးမထိုး အသီးသီးရဲ့ သဘောထားတွေ တင်ပြကြဖို့လည်း ရှိနေပါတယ်။
အဲ့ဒီနောက် သြဂုတ်လ ၂၅ ၀န်းကျင်မှာ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တချို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိပြီး စက်တင်ဘာလဆန်းမှာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ် ထိုးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
သမ္မတဦးသိန်းစိန်က သြဂုတ်လ ၁၁ ရက်မှာ အစိုးရဘက်က အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီမို့ တိုင်းရင်းသားတပ်ဖွဲ့တို့ လက်မှတ်ထိုးဖို့ တပ်ဖွဲ့တဖွဲ့ချင်းစီထံ ဖိတ်ကြားစာ ပေးပို့ထားပြီးလည်း ဖြစ်ပါတယ်။
အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့ လက်မှတ်ထိုးမယ်လို့ ပြောထားပြီး တိုင်းရင်းသားတွေဘက်ကအားလုံးပါဝင်ဖို့ တောင်းဆိုနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
____DVB
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။