![]() |
| နမူနာ ဓါတ်ပုံသာ ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူရဲ့ ဓါတ်ပုံ မဟုတ်ပါ။ ဓါတ်ပုံ - အင်တာနက် |
……..မြို့နယ်နေ (၈) တန်းကျောင်းသူ မ.......(၁၄) နှစ်သည် ယခုလ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့တို့၌ နေအိမ်မှ ပျောက်သွားခဲ့စဉ် ………မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမူး တစ်ဦးက လာရောက်ကာ ကျောင်းသို့ အပ်နှံရာမှ ဖခင်ရင်းဖြစ်သူက အကြိမ်ကြိမ် သားမယား ပြုကျင့်သဖြင့် နေအိမ်သို့ မပြန်ရဲဘဲ ယခုကဲ့သို့ ထွက်ပြေး တိမ်းရှောင်နေခြင်း ဖြစ်ကြောင်း ပထမ သတင်းပေးချက်များ အရ သိရသည်။
မ.......(၁၄) နှစ်သည် နေအိမ်၌ ဖခင်အရင်းဖြစ်သူ ဦး……..(၃၅) နှစ်နှင့်အတူ နေထိုင်ရပြီး၊ ပြီးခဲ့သည့် ဇွန်လပိုင်းမှ စတင်၍ ဖခင်ဖြစ်သူက အရက်သေစာ သောက်စားကာ ညတိုင်း အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ယင်းသို့ ပြုကျင့်မှုအား မည်သူကိုမျှ မတိုင်ကြားရန် ပြောဆိုခဲ့သည့် အတွက် ယခုလအထိ မည်သူ့ကိုမျှ မပြောဆိုရဲသဖြင့် နေအိမ်မှ ထွက်ပြေး သွားခဲ့ရခြင်း ဖြစ်ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။
ယင်းသို့ အရွယ် မရောက်သေးသည့် (၈) တန်း ကျောင်းသူအား ဖခင်အရင်းဖြစ်သူက အကြိမ်ကြိမ် ကျူးလွန်ခဲ့ခြင်းကို ကျောင်းအုပ် ဆရာကြီးက တရားလိုပြုကာ တိုင်တန်းခဲ့သည့် အတွက် ဦး …….. (၃၅) နှစ် အား……..မြို့မရဲခစန်းမှ (ပ) ၅၇/၂၀၁၅၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။
လင်းလင်းမောင်
___The Messenger Media

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။