ကျောက်စိမ်းဆွဲပြားခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးအား ပန်းဘဲတန်းတရားရုံးတွင် စတင်တရားစွဲဆို

ယခုလအတွင်း ပန်းဘဲတန်းမြို့နယ်အ တွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်း ကျောက်မျက်ရောင်းဝယ်ရေးဆိုင်မှ ကျောက် စိမ်းဆွဲပြားခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ် ဦးကို ပန်းဘဲတန်းတရားရုံးတွင် ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း ပန်း ဘဲတန်းမြို့မရဲစခန်းမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၆ ရက် နံနက်ပိုင်း တွင် ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်း ဈေးဗဟိုရုံရှိ ကျောက်မျက်ရောင်းဝယ်ရေး ဆိုင်သို့ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်နေ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် Mr. Liu Jian Yue  (၄၇) နှစ်နှင့် Mr. Yang Jian Zhang (၅၁) နှစ်တို့ ရောက်ရှိလာပြီး ကျောက်မျက် ရတနာများ ၀ယ်ယူလိုကြောင်း ပြောသဖြင့် ဆိုင်ဝန်ထမ်းများက ကျောက်မျက်ရတနာများအား ထုတ်ပြခဲ့သော်လည်း မည်သည့်ပစ္စည်းမျှ ၀ယ်ယူခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦး ပြန်လည်ထွက်ခွာသွားစဉ် ဆိုင်ဝန်ထမ်းများက မသင်္ကာ၍ ပြသခဲ့သော ကျောက်စိမ်းများစစ်ဆေးကြည့်ရာ ကျပ် ၁၅ သိန်းခန့်တန်ဖိုးရှိ ကျောက်စိမ်းပြားတစ်ခု ပျောက်ဆုံးသွားသဖြင့် ပန်းဘဲတန်းမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

"ကျောက်စိမ်းခိုးသွားတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို ပန်းဘဲတန်းတရားရုံးမှာ ဒီနေ့ တရားစတင်စွဲခဲ့တယ်။ သူတို့ကို မြို့နယ်တရား သူကြီးတရားခွင်မှာ စစ်ဆေးနေပါတယ်။ စက်တင်ဘာ ၉ ရက်မှာ နောက်တစ်ချိန်းစစ် ဆေးမှာဖြစ်ပါတယ်" ဟု ပန်းဘဲတန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ ခိုးယူသွားသည့် တရုတ်နိုင်ငံသား နှစ်ဦးကို ခိုးယူသည့်နေ့  မွန်းလွဲပိုင်းမှာပင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာစစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဖမ်းမိခဲ့ကြောင်း သိရသည်။
    
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အလုံမြို့နယ်တွင် အမေရိကန်ဒေါ်လာတစ် သိန်း (မြန်မာငွေကျပ် သိန်း ၁၀၀၀ ကျော်) နှင့်အတူ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား သုံးဦးအား အလုံမြို့မရဲစခန်းတွင် ခိုးမှု၊ မသင်္ကာမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း အဆို ပါ ရဲစခန်းမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ် နိုင်ငံသားသုံးဦးအား (ပ)၂၅၅/၂၀၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၈၀၊ ၅၄ တို့ဖြင့် အလုံမြို့ မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်
 
news-eleven.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။