မလေးရှားတွင် ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ပြည်သူများ စုရုံးဆန္ဒပြ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တွင် ပြည်သူ ထောင်နှင့်သောင်းနှင့်ချီ စုရုံးကာ ဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ် နုတ်ထွက်ပေးရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် နာဂျစ်ဘ်သည် ငွေကြေးအရှုပ်တော်ပုံတစ်ရပ် ပေါ်ပေါက်လာသည့်နောက် ပြည်သူများ၏ ဒေါသထွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ မလေးရှားတွင် ဝန်ကြီးချုပ် နုတ်ထွက်ရေး ဆန္ဒပြမှုများကို နှစ်ရက်ဆက်တိုက် ပြုလုပ်ရန် စီစဉ်ထားပြီး ဩဂုတ် ၂၉ ရက်တွင် ကွာလာလမ်ပူ၌ စုရုံးဆန္ဒပြကြခြင်း ဖြစ်သည်။
နာဂျစ်ဘ်၏ ဘဏ်အကောင့်ထဲတွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်မျှကို အမည်မသိ နိုင်ငံခြား အလှူရှင်များက ငွေလွှဲ ထည့်သွင်းပေးထားကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် ယခုလို အခြေအနေမျိုး ကြုံလာခြင်း ဖြစ်သည်။ နိုင်ငံ၏ ကြွေးမြီစာရင်းများကို ပြန်လည်သုံးသပ်သည့် စုံစမ်းစစ်ဆေးမှု တစ်ခုတွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်ပြီး နာဂျစ်ဘ်ကမူ မိမိအနေဖြင့် မည်သည့် အမှားအယွင်းကိုမျှ ပြုလုပ်မထားဟု ငြင်းချက်ထုတ်ထားသည်။
ဩဂုတ် ၂၉ ရက်တွင် ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ပြည်သူများက စုရုံးဆန္ဒပြကြပြီး နောက်တစ်ရက်တွင်လည်း အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်ဖွယ် ရှိနေကြောင်း သိရသည်။ မလေးရှား အာဏာပိုင်များက အဆိုပါ စုရုံးဆန္ဒပြမှုအတွက် ခွင့်ပြုပေးရန် အဆိုတင်သွင်းမှုကို ငြင်းဆိုခဲ့ပြီး ယခုဆန္ဒပြမှုသည် တရားမဝင်ဟု ကြေညာထားသည်။
လတ်တလောတွင် ကွာလာလမ်ပူ၌ လုံခြုံရေး တင်းကျပ်ထားသလို စစ်တပ်က ကြားဝင် စွက်ဖက်လာမည့် အခြေအနေမျိုး ဖြစ်လာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။ ၂၀၁၂ ခုနှစ်က မလေးရှားတွင် ကြီးကြီးမားမား ဆန္ဒပြမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုစဉ်က ရဲများသည် မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုပြီး ဆန္ဒပြသူများကို လူစုခွဲခဲ့သည်။
နာဂျစ်ဘ်က ၎င်း၏ ကိုယ်ပိုင် Blogမှတစ်ဆင့် ကြေညာချက် ထုတ်ခဲ့ရာ အဆိုပါ လှုံ့ဆော်မှုများကြောင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို မလိုလားဟု ရေးသားထားကြောင်းလည်း သိရှိရသည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။