အရပ်သားကို မဖွယ်မရာ ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် စခန်းမှူးတစ်ဦးတိုင်ကြားခံရ

ရဲစခန်းရှေ့တွင် ဆိုင်ကယ် စီးရင်း သူငယ်ချင်းအချင်းချင်း ဆဲ ဆိုသွားသည့် အရပ်သားတစ်ဦး ကို ဖမ်းဆီး၍ မဖွယ်မရာ ဆက် ဆံခဲ့သည်ဟုဆိုကာ သဲကုန်းမြို့ နယ် အင်းမနယ်မြေ ရဲစခန်းမှူး အား အရေးယူပေးရန် ပြည်ထဲ ရေးဝန်ကြီးနှင့် မြန်မာနိုင်ငံရဲချုပ် တို့ထံ တိုင်ကြားထားကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၄ ရက် ညပိုင်း တွင် အင်းမနယ်မြေရဲစခန်းရှေ့ ရန်ကုန်-ပြည်ကားလမ်းမကြီး ပေါ်တွင် မောင်ဆန်းနှစ်ဦးနှင့် သူ ငယ်ချင်းတစ်ဦးသည် ဆိုင်ကယ် မောင်းနှင်သွားရင်း အချင်းချင်း ဆဲဆိုသွားကြောင်း၊ ၎င်းတို့နှစ်ဦး ကို အင်းမနယ်မြေရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ကာ ရဲစခန်းသို့ ခေါ်ယူခဲ့ခြင်းဖြစ် ကြောင်း ဖမ်းဆီးခံရသူ မောင်ဆန်းနှစ်ဦး၏ အဒေါ်ဒေါ်ခင်ခင်ညိုက ပြောသည်။
မောင်ဆန်းနှစ်ဦးသည် ဖခင် ဖြစ်သူက အိမ်မှနှင်ချထားသူဖြစ် ပြီး လက်ရှိတွင်သူငယ်ချင်းအိမ် တွင် နေထိုင်ကြောင်းနှင့် ညဦး ပိုင်းများ၌ လူငယ်တို့ သဘာဝ သူငယ်ချင်းနှင့်အတူ ဆိုင်ကယ်စီးထွက်ကြကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ် ဆီ လိပ်မူပြီး သြဂုတ် ၂၇ ရက်စွဲနဲ့  တိုင်ကြားထားတယ်။ ကျွန်မတူ ကို မဖွယ်မရာ လုပ်ခဲ့တဲ့အတွက် ထိထိရောက်ရောက် အရေးယူ ပေးဖို့ပါ။ ရဲက အခုလိုမျိုးခေါ်ယူ ပြီး လုပ်ရအောင် ကလေးတွေရဲ စခန်းရှေ့ ထိုင်ဆဲနေတာလည်း မဟုတ်၊ သူတို့ကို ဆဲတာလည်း မဟုတ်၊ လူငယ်သဘာဝပြောဆို အော်ဟစ်ပြီး ဆိုင်ကယ်မောင်း သွားတာကို လိုက်ခေါ်ပြီး လုပ်တာ။ ကျွန်မစခန်းကို ရောက်သွားတဲ့ အချိန်မှာ ကျွန်မတူက သူတို့လုပ်ထားတာ ကြောက်သေးတောင်ပါနေတယ်။ အခုဆို ကျွန်မတူဟာ အရမ်းရှက်နေပြီး အပြင်တောင် မထွက်ဘူး’’ဟု မောင်ဆန်းနှစ်ဦး၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ညိုက ပြောသည်။
ဖမ်းဆီးခံရသူ မောင်ဆန်း နှစ်ဦးအသက် (၂၅)နှစ်နှင့် သူ ငယ်ချင်းတစ်ဦးတို့ကို အင်းမ နယ်မြေရဲစခန်းက ခေါ်ယူခဲ့ ကြောင်း၊ ရဲစခန်းတွင် စခန်းမှူး အောင်ကျော်မိုးက မောင်ဆန်းနှစ် ဦး၏ ရင်ဝကို  စိတ်ကြိုက်ဆောင့် ကန်ခြင်း၊ ဆံပင်မွှေးဆွဲ၍ ခေါင်း ကိုကိုင်ပြီး မျက်နှာကို ၎င်း၏တန် ဆာဖြင့် သုံးကြိမ်ထိုးကာ မဖွယ် မရာ ပြုလုပ်ဆဲဆိုခြင်းများ ရှိခဲ့သည်ဟုဆိုကာ ထိထိရောက်ရောက်  အရေးယူပေးရန် မောင်ဆန်းနှစ်ဦးက လက်မှတ်ရေးထိုး၍ ပြည်ထဲရေးဝန်ကြီးနှင့် မြန်မာနိုင်ငံရဲ ချုပ်တို့ထံ တိုင်ကြားခဲ့ခြင်း ဖြစ် သည်။
‘‘စခန်းမှာ တန်းစီနေတဲ့အ ချိန် အဲဒီကလေးနှစ်ယောက်က လမ်းတစ်လျှောက် အော်ဟစ်ဆဲ ဆိုသွားတယ်။ အဲဒါနဲ့ နယ်ထိန်း အဖွဲ့ကို လိုက်ခေါ်ခိုင်းတယ်။ ပြောဆိုဆုံးမပြီး မိဘအုပ်ထိန်းသူ ထံ ပြန်အပ်ဖို့ စောင့်နေတုန်း သူ တို့ဒေါ်လေး ရောက်လာတယ်။ တောင်းပန်ပြီးခေါ်လို့ ပြန်ထည့် ပေးလိုက်တာ။ သူတို့ကို မဖွယ် မရာဆက်ဆံတာမျိုး မရှိသလို ထိုးနှက်ကန်ကျောက်တာမျိုး မရှိပါဘူး’’ဟု အင်းမနယ်မြေရဲ စခန်းမှူးရဲအုပ်အောင်ကျော်မိုးက ငြင်းဆိုသည်။
မောင်ဆန်းနှစ်ဦးသည် ဆိုး သွမ်းလူငယ်တစ်ဦးအဖြစ် ဖခင် ဦးအောင်စိုးက အိမ်ပေါ်မှ မောင်းနှင်ချထားသူဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုများရှိနေသည်ဟုဆိုကာ ဖခင်ဖြစ်သူက ရဲစခန်းမှ ထိန်သိမ်းပေးရန် တိုင်ကြားမှုများ ရှိကြောင်း၊ ရဲစခန်းမှူးနှင့် မောင်ဆန်းနှစ်ဦး၏ ဖခင်မှာ သိကျွမ်းမှုရှိသဖြင့် လူမှုရေးအရသာခေါ်ယူ ဆုံးမပေးခဲ့ကြောင်း ရဲစခန်းမှူးက ဆက်လက်ပြောသည်။
အင်းမနယ်မြေစခန်းမှူး၏ ပြောကြားချက်နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ ဦးအောင်စိုးထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။