ရေဘေးအတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က လေယာဉ်နှစ်စီးဖြင့် အလှူပစ္စည်းများ လာရောက်ပို့ဆောင်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကုန်တင်လေယာဉ်နှစ်စီးစာ ရေဘေးအလှူပစ္စည်းများကို လာရောက်ပို့ဆောင်နေစဉ် (ဓာတ်ပုံ − နန်းအောင်)
 ရေဘေးသင့်ပြည် သူများ ပြန်လည်ထူထောင်ရေး တွင် အသုံးပြုနိုင်ရန် တရုတ်ပြည် သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(PLA)မှ ယွမ်ငွေ ၁၀ သန်းတန်ဖိုးရှိ ကယ် ဆယ်ထောက်ပံ့ရေးပစ္စည်းများကို သြဂုတ် ၂၈ ရက်က နေပြည်တော် လေဆိပ်သို့ လာရောက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
ရေဘေးသင့်ပြည်သူများ အ သုံးပြုနိုင်ရန် ရွက်ဖျင်တဲ ၁၈၂ လုံး၊ မီးစက် ၁၈၂ လုံး၊ စောင်ပါကင် ထုပ် ၁၂၀ စုစုပေါင်း ၅၄ ဒသမ ၆၂တန် အလေးချိန်ရှိသည့် ကယ် ဆယ်ရေးပစ္စည်းများပါဝင်ပြီး သြ ဂုတ် ၂၈ ရက်၌ တရုတ်တပ်မတော် လေကြောင်းလိုင်း IL-76 Car-go ကုန်တင်လေယာဉ်နှစ်စီးဖြင့် နေပြည်တော်လေဆိပ်သို့ ပထမ ဆုံးအကြိမ် လာရောက်ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးအထောက် အပံ့ပစ္စည်းတန်ချိန်ပေါင်း ၁၆၀ ကျော်ကို တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော်မှ ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ထောက်ပံ့ရေးပစ္စည်း များကို သြဂုတ် ၂၉ နှင့် ၃၀ ရက် တို့တွင် ထပ်မံ ပို့ဆောင်မည်ဟု သတင်းရရှိသည်။
 တရုတ်ပြည်သူ့  လွတ် မြောက်ရေးတပ်မတော်(PLA) မှ လှူဒါန်းသည့် ပစ္စည်းများကို မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မစ္စတာဟုန်းလျန်ကတစ်ဆင့် မြန်မာ့တပ်မတော်ထံ လွှဲပြောင်း ပေးအပ်ခဲ့ရာ မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က လက်ခံရယူခဲ့သည်။
‘‘ဒီတစ်ခေါက် တပ်မတော် နှစ်ရပ်ရဲ့ပူးပေါင်းဆောင်ရွက်ရေး ကတော့ တပ်မတော်နှစ်ရပ်ရဲ့နှစ် နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက် ဖို့အတွက် အကျိုးပြုမှာလည်းဖြစ် ပါတယ်’’ဟု သံအမတ်ကြီးမစ္စတာ ဟုန်းလျန်က ပြောသည်။
ထို့အပြင် မြန်မာပြည်သူများ ရေဘေး ဖြစ်နေစဉ် ကာလတွင် မြန်မာတပ်မတော်က ရေဘေး သင့်ပြည်သူများအတွက် ကယ် ဆယ်ရေးလုပ်ငန်းကြိုးစားဆောင် ရွက်မှုကို တရုတ်တပ်မတော်က ထောက်ခံကြောင်းနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အနေဖြင့် လာ မည့် နှစ်ကာလများတွင်လည်း ယခုကဲ့သို့ ကယ်ဆယ်ရေး လုပ် ငန်းများတွင် ပူးပေါင်းဆောင် ရွက် ရေးစနစ်ကို တည်ဆောက်ရန်လို အပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ကယ်ဆယ်ရေးအ ထောက်အပံ့ပစ္စည်းများကို မြန် မာ့တပ်မတော်က ရေဘေးသင့် ဒေသများသို့ သွားရောက်လှူဒါန်း မည့်နေ့ရက်ကို မသတ်မှတ်ရသေး ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနပြည်သူ့ဆက်ဆံရေးနှင့် စိတ် ဓာတ်စစ်ဆင်ရေးညွှန်ကြားရေး မှူးရုံးမှ ဗိုလ်မှူးလွင်ဦးမောင်က ပြောသည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။