လွှတ်တော်အမတ် ၅၀၀ ကျော်၏ အီးမေးလ်များ ဖောက်ထွင်းခဲ့သောအဖွဲ့ကို အမှုဖွင့်

သူရဦးရွှေမန်းနှင့် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၅၂၉ ဦး၏အီးမေးလ်အချက်အလက် များ ဖောက်ထွင်းသွားသည့်အ ဖွဲ့ကို ဖော်ထုတ်ပေးရန် ပြည်သူ့ လွှတ်တော်ညွှန်ကြားရေးမှူးချုပ် က ရဲတပ်ဖွဲ့တွင် အမှုဖွင့်လိုက် သည်ဟု သတင်းရရှိသည်။
ပြည်သူ့လွှတ်တော် ညွှန် ကြားရေးမှူး ဦးကိုကိုနိုင်က ဇမ္ဗူ သီရိမြို့နယ်ရဲစခန်းတွင် ဆက် သွယ်ရေးဥပဒေနှင့် အီလက် ထရွန်နစ်ဥပဒေတို့ဖြင့် အမှုဖွင့် လိုက်ပြီး စတင်စုံစမ်းနေကြောင်း ဒက္ခိဏာသီရိခရိုင်ရဲမှူး ဒုတိယရဲမှူးကြီးဝင်းချွန် က ပြောသည်။
‘‘အမှုဖွင့်လိုက်တယ်။ လော လောဆယ်တော့ ဘယ်အဖွဲ့ရယ် မဟုတ်ဘဲ New Generation Wave ကတော့ သူတို့တင်ထား တာတွေတော့ ရှိတာပေါ့။ အဲဒီ ဟာလေးတွေကို ပူးတွဲထားပါ တယ်။ သူကတော့ ခေါင်းစီးအနေ နဲ့ ပါတာပေါ့။ တခြားသူတွေ လည်း ပါလာနိုင်တာပေါ့။ ဒါတော့ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းပေါ့’’ဟုတ ရားလိုဦးကိုကိုနိုင်ကပြောသည်။
 ‘‘အခုက အမှုဖွင့်ထားတယ်။ သူတို့ဆီက အသေးစိတ်ထွက်ဆို ချက်တွေ ရလို့ရှိရင် ဥပဒေအကြံ တောင်းတွေ တင်ရဦးမယ်။ ဥပဒေအကြံတောင်းတင်ပြီးမှ ဆက် လက်ပြီး ဖော်ထုတ်မယ်’’ဟု ဒုတိယရဲမှူးကြီး ဝင်းချွန်က ပြော သည်။
New Generation Wave အင်တာနက်ဟက်ကာအဖွဲ့က ပြည်သူ့လွှတ်တော်၏ အင်တာ နက် ဆာဗာကို ၎င်းတို့ ဖောက်ထွင်းပြီး လွှတ်တော်ကိုယ်စား လှယ် ၅၂၉ ဦး၏အီးမေးလ်အချက် အလက်များ ရယူနိုင်ခဲ့သည်ဟု သြဂုတ် ၁၇ ရက်က ကြေညာခဲ့ သည်။ အဆိုပါအီးမေးလ်များထဲ တွင် အစိုးရနှင့်နီးစပ်မှုရှိသည့် ခရို နီများ၊ နိုင်ငံခြားလုပ်ငန်းရှင်များ အပြန်အလှန် ရေးသားထားခြင်း များပါဝင်သကဲ့သို့ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစား လုပ်ထားသည့်အ ချက်အလက်များလည်း ပါဝင် သည်ဟု ကြေညာခဲ့သည်။ ယင်း လျှို့ဝှက်ချက်များကို မကြာမီရက် ပိုင်းအတွင်း အများပြည်သူသိ ရှိရန် ထုတ်ဖော်မည်ဟု New Generation Wave အဖွဲ့က ကြေ ညာထားသည်။
 ‘‘လွှတ်တော်ထဲမှာ လုပ်နိုင် သမျှ ကိုယ်လုပ်ခဲ့ပြီးပြီ။ အတိုင်း အတာတစ်ခုအထိလည်း အောင် မြင်ခဲ့ပြီဆိုတော့ ဟက်ကာပဲ ဖောက်ဖောက် ဘာပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ကတော့ ဘာမှ ပြော စရာမရှိဘူး။ အဖောက်ခံရတယ် ဆိုရင် သက်ဆိုင်ရာတာဝန်ရှိသူ တွေက ဥပဒေကြောင်းအရ ဆောင်ရွက်ပေါ့’’ဟု ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွန့် က ပြောသည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။