မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

၁။ ဥက္ကဋ္ဌ - ဦးဇင်အောင်
၂။ ပါတီဝင်အရေအတွက် - ၂,၅၀၀ ခန့်။
၃။ မဲဆန္ဒနယ်- ကျောက်တန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- စစ်မှန်သော ဒီမိုကရေစီရရှိရန်။
၅။ ဆောင်ပုဒ်- စစ်မှန်သော ဒီမိုကရေစီရရှိဖို့ လူ့ဘောင်သစ်ကို မဲပေးစို့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပါတီဗဟိုအဖွဲ့ဝင်များ ရွေးချယ်ထားသည်။ ပညာအရည်အချင်း သတ်မှတ်မထားပေ။ နိုင်ငံရေးအစဉ်အလာရှိ သူများကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
၇။ ပါတီရန်ပုံငွေ− ပါတီရန်ပုံငွေမရှိခြင်းကြောင့် ပါတီဝင်များက ထည့်ဝင်ထားကြသည်။ မဲဆွယ်စည်းရုံးရေးကာလတွင် အကူအညီပေးမည့် အရပ်ဘက်အဖွဲ့အစည်း များရှိသော်လည်း မသေချာသေးပေ။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၀ တွင် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ခြင်း ကြောင့် ပါတီဖျက်သိမ်းခံခဲ့ရပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံပြန်တင်ကာ သုံးနေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
အန်ကယ်တို့ပါတီရဲ့ အဓိကရည်မှန်းချက်ကတော့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးပါပဲ။ လွှတ်တော်ထဲမှာ တကယ့်နိုင်ငံရေးဖြစ် တဲ့ ကိုယ်အုပ်ချုပ်တဲ့ ပြည်နယ်အတွက် အလုပ်လုပ်နိုင်ဖို့ဟာကို လွှတ် တော်ထဲဝင်ရောက်နိုင်အောင် ကြိုးစားရမယ်။ ဒါကြောင့် လွှတ်တော်ထဲ ရောက်အောင် ကြိုးစားရမှာပေါ့။ အခြေခံဥပဒေပြင်ဆင်ဖို့ တခြားပါတီ တွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး မှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အန်ကယ်တို့လည်း လုပ်သင့် တာလုပ်ထိုက်တာ လုပ်ဆောင်နိုင်တာတွေကို လုပ်ပေးနေပါတယ်။ နောက်ပြီး လွှတ်တော်က နိုင်ငံရေးစစ်တလင်းပဲလေ။ ဒါကြောင့် လွှတ် တော်နိုင်ငံရေးကို ပါတီပေါင်းစုံက ထိန်းချုပ်နိုင်ဖို့လိုတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ပတ်သက် ပြီးတော့ ရွှေဈေးတို့၊ ဒေါ်လာဈေးတို့နဲ့ စံတင်ထားပြီးတော့ သတ်မှတ်ပေး ဖို့ တောင်းဆိုတယ်။ ဘာဖြစ်လို့လဲဆိုရင် အနည်းဆုံးအသုံးစရိတ်တွေက ငွေကြေးဖောင်းပွတာနဲ့အမျှ ပြောင်းလဲနေတော့ အလုပ်သမားတွေမှာ အခက်အခဲဖြစ်နေတာလေ။ ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှတဖို့က ဒါက အခြေခံပဲလေ။
ပြည်သူတွေက မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ဘာ ကြောင့်မဲပေးသင့်လဲ။
လွှတ်တော်ထဲ တကယ်ရောက်ဖို့ဆိုတာက လွှတ်တော်ကနိုင်ငံရေးစစ်တလင်းပဲလေ။လွှတ်တော်ထဲမှာအမှန်တကယ် နိုင်ငံရေးစီမံချက်တွေ လုပ်နိုင်တဲ့ ပါတီတွေပါဝင်ဖို့လိုတာပေါ့။ လို့တဲ့အတွက် အန်ကယ်တို့ပါတီ ကို ပြည်သူတွေက မဲပေးသင့်တယ်လို့ အန်ကယ့်အနေနဲ့ ယုံကြည်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုမျိုးပုဂ္ဂိုလ်ကို ရွေးချယ်မလဲ။
အရပ်သားသမ္မတဖြစ်ဖို့က အဓိကပါပဲ။ အရပ်သားသမ္မတမဖြစ်ဘဲ ဒီလိုမျိုးဆက်သွားနေမယ်ဆိုရင်တော့ အန်ကယ်တို့ကတော့ ကန့်ကွက် နေမှာပဲ။ အန်ကယ်တို့မူကတော့ အရပ်သားသမ္မတဖြစ်ရေးပါပဲ။
အသက်-(၅၇) နှစ်
ပညာအရည်အချင်း - မြန်မာစာ (ဒုတိယနှစ်)။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၈၈ တွင် ဗကသ(ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်)အဖွဲ့တွင်ပါဝင်ခဲ့သည်။ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီဖွဲ့စည်းချိန်တွင် ဒုဥက္ကဋ္ဌ၊ ရုံးအဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ပါဝင်လှုပ်ရှားခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများစုစည်း ရေးကော်မတီတွင် ပါဝင်ခဲ့သည်။ ၂၀၁၀ တွင် မြန်မာ့လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီကိုတည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌဖြစ်လာသည်။
လက်ရှိအလုပ်အကိုင်- နိုင်ငံရေးလှုပ်ရှားမှု လုပ်ငန်းစဉ်များ။
စံပြပုဂ္ဂိုလ်- ဒေါ်အောင်ဆန်းစုကြည်။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- တိုက်(၉)၊ အခန်း (၀၀၄)၊ ရွှေလင်ပန်းအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ဖုန်း ၀၉-၄၂၅၀၁၉၄၅၀။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။