မိုနာကို- ရီးရဲလ်မက်ဒရစ်အသင်း က ပစ်မှတ်ထားနေသော မန်ယူ ဂိုးသမား ဒီဂီယာအနေဖြင့် မန်ယူ နှင့် စာချုပ်သစ်ချုပ်ဆိုရန် မန်ယူဂိုးသမားဟောင်း ပီတာ ရှမိုက် ကယ်က တိုက်တွန်းလိုက်သည်။
အခြေတကျမဖြစ်သော ဂိုး သမား အပြောင်းအရွှေ့သဘော တူညီမှုရရေး မန်ယူနှင့် ရီးရဲလ်တို့ ကြား ရုန်းကန်နေရသဖြင့် ဒီဂီယာ၏ အပြောင်းအရွှေ့ ဇာတ်လမ်းမှာ ဈေးကွက် ပိတ်ချိန်အထိရှည်ကြာဖွယ်ရှိသည်။ ရာသီကုန်ချိန်တွင် ဒီဂီယာ (၂၄) နှစ်၏ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း ဈေးကွက်ပိတ်ချိန်အထိ ၎င်းကို ရောင်းချသွားမည်မဟုတ်ဟု နည်းပြ ဗန်ဂါးလ်က ပြောသည်။ ယင်းအခြေအနေကို ရှမိုက်ကယ်က စိတ်ကုန်နေကာ ဒီဂီယာအား ယခုနှစ်သာမက နောင်နှစ်များတွင်ပါ မန်ယူ၌ မြင်တွေ့လိုနေ၍ ‘‘ဒီဂီယာတစ်ယောက်မန်ယူမှာ ဆက်ရှိစေချင်ပါတယ်။ ငါးနှစ်စာချုပ်ချုပ်ပြီး မန်ယူအသင်းနဲ့ ဆက်နေတာမျိုးပါ။ သူဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း အလွန်ထူး ချွန်ခဲ့ပါတယ်’’ဟု ရှမိုက်ကယ်ကပြောသည်။ —Goal
http://7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။