ဧရာဝတီ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၌ ကျင်းပ မြည့် 3th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မနေ့က ရောက်ရှိနေရာ ထိုင်းဝန်ကြီး ချုပ် ပရာယွဒ် ချန်အိုချာအပြင် ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ပရမ်တင်ဆူလာနွန်ဒါကို လည်း သွားရောက်တွေဆုံခဲ့ သည်ဟု စစ်တပ်ပိုင် မြ၀တီသတင်းကဆိုသည်။
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ သွားရောက်ရလျှင် ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ပရမ်တင်ဆူလာနွန်ဒါနှင့် သွားရောက် တွေ့ ဆုံလေ့ ရှိရာ ထိုင်းကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရမ် က မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သားအဖြစ်မွေးစားကြောင်း ပြီးခဲ့သည့် နှစ် ဇူလိုင်လက စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ရေးသားခဲ့ဖူးသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။