လန်ဒန်- နယူးကာဆယ်အသင်းသည် မာဆေးတောင်ပံလူ ဖလော်ရီယန်သော်ဗင်ကို ပေါင် ၁၂ သန်းအပြင် အသင်းမှ တိုက်စစ်မှူး ရီမီကာဘယ်လာပါ အလိုက်ပေးပြီး ခေါ်ယူရန် သဘောတူညီမှုရပြီဖြစ်ကြောင်း ဂိုးဝက်ဘ်ဆိုက်သတင်းကဖော်ပြ သည်။
သော်ဗင် (၂၂) နှစ်ကို နယူးကာဆယ်က နွေရာသီတစ်လျှောက်လုံးစောင့်ကြည့်နေပြီး အသင်းမှ ဆဲလ်ဗီယန်မာဗျူးနှင့် ဂါဘရီယယ်အိုဘာတန်တို့ကို အလဲအထပ်လုပ်ကာ ကမ်းလှမ်းခဲ့သော်လည်း မာဆေးကကာဘယ်လာကိုသာ စိတ်ဝင်စား နေခဲ့၍ နောက်ဆုံးတွင် ညှိနှိုင်းမှုများလုပ်ပြီး သဘောတူညီမှုရခဲ့သည်။
နယူးကာဆယ်အသင်းသည် ဘယ်ခြမ်းတွင် တိုက်စစ်ကွင်းလယ်လူတစ်ဦး လိုအပ်နေ၍ သော်ဗင်ကို အရခေါ်ခဲ့ခြင်းဖြစ်ကာ ၎င်းကို မန်ယူနှင့် အိုးထရက်ဖို့ဒ်၌ ကစားရမည့် အဝေးကွင်းပွဲတွင် ထည့်ကစားနိုင်ရန် မျှော်လင့်ထားသည်။ သော်ဗင်သည် ယမန်နှစ်က လိုင်လီမှ မာဆေးသို့ ပြောင်းလာခဲ့သည့် ပြင်သစ် ယူ-၂၁ လက်ရွေးစင် တစ်ဦးဖြစ်သည်။ —
___Ref: 7Day News Journal
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။