Wed, 2015-08-19
ဩဂုတ် ၁၇ ရက် ညပိုင်းက ဘန်ကောက်မြို့လယ်ရှိ ဟိန္ဒူဘာသာရေး နတ်ကွန်းနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံကာ သံသယ တရားခံ၏ မျက်နှာကို ပုံကြမ်းဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့သည် ဧရာဝဏ် လေးမျက်နှာဘုရား ဗုံးခွဲမှု၏ အဓိက လက်သည် တရားခံဟု ယူဆရသူ၏ ပုံကြမ်းကို ဖော်ထုတ် ပြသလိုက်ပြီး ၎င်းအတွက် ထိုင်းဘတ်ငွေ ၁ သန်း ဆုကြေးအဖြစ် ထုတ်ပြန် ကြေညာလိုက်ကြောင်း သတင်းရရှိသည်။
ဩဂုတ် ၁၇ ရက် ညပိုင်းက ဘန်ကောက်မြို့လယ်ရှိ ဟိန္ဒူဘာသာရေး နတ်ကွန်းနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံကာ သံသယ တရားခံ၏ မျက်နှာကို ပုံကြမ်းဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမျိုးသားသည် အသက် ၂၀ ကျော်မျှ ရှိနိုင်ပြီး ကော်ကေးရှန်း၊ သို့မဟုတ် အာရှနွယ်ဖွား ဖြစ်နိုင်ကြောင်း ဆိုသည်။ ၎င်းနှင့် ပတ်သက်၍ သတင်းအချက်အလက် ပေးနိုင်သူ မည်သူမဆို ဆုငွေ ဘတ် ၁ သန်း ရရှိမည်ဟု ထိုင်းရဲတပ်ဖွဲ့က ကြေညာထားသည်။
လုံခြုံရေး ကင်မရာ မှတ်တမ်းများတွင် အဝါရောင် ဝတ်စုံနှင့် သံသယ တရားခံသည် ကျောပိုးအိတ် တစ်လုံးကိုလွယ်ကာ နတ်ကွန်းအနီးသို့ ချဉ်းကပ်လာပြီး နောက်ပိုင်းတွင် ကျောပိုးအိတ်ကို ခုံတန်းတစ်ခုပေါ် ချန်ထား၍ ပြန်ထွက်သွားသည်ကို တွေ့ရသည်။ ထို့နောက် မိနစ်ပိုင်းအတွင်းတွင်ပင် အလွန်ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
_Ref: 7Day News Journal
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။