ညှိုးနွမ်းစပြုလာပြီဖြစ်သော သူမ၏ ရုပ်သွင်ကို ယမန်နှစ်ကတည်းက သတိပြုလာမိသည်။ သဘာဝတရား၏ ဖောက်ပြန်မှု သဘောအတိုင်း ပျိုရာမှအို၊ သစ်ရာမှ ဟောင်းကြရမြဲ။ သူမပျိုရွယ်စဉ်က သူမ၏အလှ၊ လန်းဆန်းတက် ကြွမှု၊ သူမ၏ အသွေးအသားများကို အတတ်နိုင်ဆုံးပေးဆပ်ခဲ့ပြီး တာဝန်အလီလီသူကျေခဲ့ပြီ။ သူမ ရင့်ရော်လာချိန်တွင် သူမ၏ ရှေ့ ခရီးလမ်း ဖြောင့်တန်းအောင် ပြန်လည်ရှင်သန်နေစေရန် ဖေးမရ မည့်တာဝန်မှာ ပညာရှင်အားလုံး တာဝန်ဖြစ်ပါသည်။
သူမဆိုသည်မှာ...
မြောက်ဘက် ဧရာဝတီ၊ စစ် တောင်းနှင့် သံလွင်တို့မှ နှစ်ကာလ ရှည်လျားစွာ ပို့ချလာသည့် မြေဆီ အနည်အနှစ်များ၊ အရှေ့ဘက်ရှိ တနင်္သာရီတောင်တန်းများဆီမှပို့ ချလာသော မြေဆီအနည်အနှစ် များသည် ကပ္ပလီပင်လယ်အတွင်း ပေါင်းဆုံခဲ့ကြသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅ နှစ်ခန့်က စစ် ကိုင်းပြတ်ရွေ့၏ လှုပ်ရှားမှုကြောင့် မြောက်လတ္တီတွဒ်11 Deg နှင့် အရှေ့လောင်ဂျီတွဒ် 94 Deg 46 min ခန့်တွင် ဗဟိုပြုကာ ကပ္ပလီပင်လယ်ကြမ်းပြင် အက်ကွဲမှု (Andaman Sea Floor Spreading) ဖြစ်ပေါ်ခဲ့သည်။ မုတ္တမနှင့် တနင်္သာရီချိုင့်ဝှမ်းအ တွင်း အလွန်နက်ရှိုင်းစွာတိုင်အောင် မြေဆီမြေသားများကို အနည်ထိုင်စေခဲ့သည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၃၀ ကျော် သက်တမ်းရှိ သဲကျောက်လွှာများအတွင်းတွင် ရေနံနှင့်သဘာဝ ဓာတ် ငွေ့ကိုဖြစ်တည်စေခဲ့ပြီး အဓိက ရေနံချက်လုပ်ရာ မီးဖိုကြီးသဖွယ် တည်ရှိနေခဲ့သည်။ ယင်းဆီမှတစ်ဆင့် အပေါ်ဘက်ရှိ ခိုအောင်း ကျောက်လွှာများအတွင်း ပြတ်ရွေ့ကြောများမှ ထိုးဝင်ကာ ဆက်မတိုးနိုင်တော့သည့် အခြေအနေ တွင် ပိတ်မိခဲ့ပြီး မြန်မာ့ကမ်းလွန် ပင်လယ်ပြင် ကြမ်းပြင်အောက် တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ သိုက်များဖြစ်ပေါ်လာခဲ့သည်။
ရဲတံခွန်စီမံကိန်း
လွန်ခဲ့သော ၁၀ နှစ်ခန့်က ပျို မျစ်နုနယ်လှသည့် တနင်္သာရီ၏ အလှဧကရီတစ်ပါးဟု ဆိုပါစို့။ အမျိုးအစားကောင်းသော သဘာ ၀ ဓာတ်ငွေ့သာမက အဖိုးတန်ရေ နံစိမ်းအပေါ့စားကိုပါ နှစ်ပေါင်း များစွာထုတ်လုပ်ပေးခဲ့သည်။ အင်္ဂလန်နိုင်ငံ ပရီးမီးယားကုမ္ပဏီမှ ၁၉၉၀ပြည့်နှစ် မေလ ၃ ရက်တွင် တနင်္သာရီ လုပ်ကွက်အမှတ် M-12, M-13, M-14 ကို စာချုပ် ချုပ်ဆိုခဲ့သည်။ အဆိုပါစာချုပ်အ တွက် Signing Bonus အမေရိ ကန်ဒေါ်လာ ၁၅ သန်း နိုင်ငံတော်မှ ရရှိခဲ့သည်။ ၁၉၉၂ တွင် ရဲတံခွန်-(၁) ရှာဖွေရေးတွင်းမှ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်ကို ပေ ၁၀,၀၀၀ ခန့်ရှိ သဲကျောက်လွှာအ တွင်း အောင်မြင်စွာတွေ့ရှိခဲ့ပြီး ၁၉၉၂ မှ ၁၉၉၉ အထိ ရှာဖွေရေး တွင်းနှင့် အကဲဖြတ်တွင်းစုစုပေါင်း ၁၆ တွင်းတူးဖော်ကာ စီးပွားဖြစ် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် ပမာဏကို ခန့် မှန်းတွက်ချက်အ တည်ပြုနိုင်ခဲ့သည်။ ပင်လယ်ပိုင်း တွင် တွင်းတူးပလက်ဖောင်းတစ်ခု နှင့် ထုတ်လုပ်ရေးပလက်ဖောင်း တစ်ခု၊ယင်းပလက်ဖောင်းမှ ကုန်း ပိုင်း ကန်ပေါက်ဒေသသို့ ၁၂၆ မိုင် အရှည် ၂၄ လက်မကမ်းလွန်ပိုက် လိုင်း၊ ကုန်းတွင်းသဘာဝဓာတ် ငွေ့ထိန်းဖြန့်စခန်းတစ်ခု၊ ကန် ပေါက်မှ ထိုင်းနိုင်ငံနယ်စပ်အထိ ၄၃ မိုင်ခန့် အရှည် ၂၄ လက်မကုန်း တွင်း ပိုက်လိုင်းနှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ မီတာတိုင်းတာရေးစခန်း တစ်ခုတို့ ပါဝင်ပါသည်။ အဆိုပါ စီမံကိန်းအတွက် စုစုပေါင်း အမေ ရိကန်ဒေါ်လာ သန်း ၆၅၀ ကျော် ကုန်ကျခဲ့ပါသည်။ ၁၉၉၇ မတ်လ ၁၃ ရက်တွင် ထိုင်းနိုင်ငံ PTT ကုမ္ပဏီနှင့် သဘာဝဓာတ်ငွေ့အ ရောင်းစာချုပ်ချုပ်ဆိုခဲ့ပြီး ၁၉၉၉ တွင် ထုတ်လုပ်ရေးတွင်း ခြောက် တွင်းစတင်တူးဖော်ကာ ၂၀၀၀ ပြည့်နှစ် မေလ၇ရက်တွင် ထိုင်း နိုင်ငံသို့ တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေသန်း ၂၀၀ ခန့် စတင်ထုတ်လုပ်ပို့လွှတ်ခဲ့ပါသည်။ ထိုကာလက ပြည်တွင်းတွင် သ ဘာဝဓာတ်ငွေ့အသုံးပြုရန် အစစ အဆင်သင့်မဖြစ်သေးသည့် အ ခြေအနေဖြစ်ရာ ပြည်ပရောင်းချခြင်းဖြင့် ၀င်ငွေရရှိရန်သာဦးစားပေးခဲ့ရပါသည်။
၂၀၀၃ စက်တင်ဘာ ၁၂ရက် တွင် မလေးရှားနိုင်ငံ ပက်ထရိုနပ်စ် ကုမ္ပဏီမှ လွှဲယူခဲ့ပြီး လုပ်ငန်း ဆောင်ရွက်သူအဖြစ် တာဝန်ယူခဲ့ ပါသည်။ အစုရှယ်ယာဝင်များမှာ PCML (မလေးရှား) (၄၀ဒသမ ၉၁ ရာခိုင်နှုန်း)၊ MOGE (၂၀ဒသမ ၄၅ ရာခိုင်နှုန်း)၊ PTTEP (ထိုင်း) (၁၉ဒသမ ၃၂ ရာခိုင်နှုန်း)၊ NOEX (ဂျပန်) (၁၉ဒသမ ၃၂ရာခိုင်နှုန်း) တို့ဖြစ်ကြပါသည်။ ၂၀၀၄ တွင် နောက်ထပ် တွင်းလေးတွင်းတူး ဖော်ကာ ထုတ်လုပ်ရေးတွင်း ၁၀ တွင်းမှ တစ်နေ့ ကုဗပေသန်း ၄၀၀ အထိ တိုးမြှင့်ထုတ်လုပ်ခဲ့သည်။ ပလက်ဖောင်းအဆင့် မြှင့်တင်ခြင်း နှင့် တွင်းသစ်လေးတွင်းတူးဖော်မှု အတွက် အမေရိကန်ဒေါ်လာသန်း ၁၄၀ ကျော်ကုန်ကျခဲ့ပါသည်။ သဘာဝဓာတ်ငွေ့နှင့်အတူ ရော ထွက်လာသော ရေနံစိမ်းအပေါ့ စား (Condensate) ကို ပလက် ဖောင်းမှ ၂ဒသမ ၃၆ ကီလိုမီတာ အကွာရှိ လေဆီသိုလှောင်သင်္ဘော (Floating Storage Offtake) တွင် သိုလှောင်ကာပြည်တွင်း၊ ပြည်ပသို့ ရောင်းချပါသည်။ ၂၀၀၇ တွင် ရဲတံခွန် ပလက်ဖောင်းမှ နောက်ထပ် ထုတ်လုပ်ရေးတွင်း လေးတွင်းတူေးဖ်ာကာ သဘာဝ ဓာတ်ငွေ့ အရောင်းစာချုပ်ပါသတ်မှတ်ချက်အတိုင်း ထိုင်းနိုင်ငံသို့ ထုတ်လုပ်ပေးပို့ခြင်းဖြင့် နိုင်ငံအတွက် ၀င်ငွေများစွာရရှိစေခဲ့ပါသည်။ ရဲတံခွန်စီမံကိန်း၏ သက် တမ်း ၁၄ နှစ်ကျော် ထုတ်လုပ်ခဲ့ ပြီးနောက် ၂၀၁၄ မှစတင်ကာ မူလခန့်မှန်းထားသည်ထက် အ နည်းငယ်စောပြီး ထုတ်လုပ်မှုကျ ဆင်းလာခဲ့သည်။ မူလတစ်ရက် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၅၀ ခန့်နှင့် ရေနံစိမ်းအပေါ့စား စည် ၁၂,၀၀၀ ခန့် ထုတ်လုပ်နေရာ မှ ယမန်နှစ်ဦးပိုင်းမှ စတင်ကာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၈၀ ခန့်နှင့် ရေနံ စိမ်း ပီပါ၉,၀၀၀ခန့်သာ ထုတ်လုပ် နိုင်ခဲ့သည်။ ရဲတံခွန်သဘာဝဓာတ် ငွေ့သိုက်ထုတ်လုပ်နိုင်မည့် ပမာ ဏမှာ ၂ ဒသမ ၂၉ ထရီလီယံရှိ သည်ဟု တွက်ချက်အတည်ပြု ထားခဲ့သော်လည်း သဘာဝဓာတ် ငွေ့ ၁ ဒသမ ၆ ထရီလီယံခန့်ထုတ်လုပ်ပြီးနောက် တွင်းများ၏ ထွက် နှုန်း စတင်ကျဆင်းလာခဲ့သည်။
ရဲတံခွန်စီမံကိန်းထုတ်လုပ်မှု ကို ရေရှည်ထိန်းထားနိုင်ရန် ယင်း ပတ်ဝန်းကျင်တွင် ရှာဖွေရေးတွင်း တူးဖော်မှုများ ဆောင်ရွက်ခဲ့သော် လည်း တွေ့ရှိသည့် သဘာဝဓာတ် ငွေ့မှာ စီးပွားဖြစ်ထုတ်ယူနိုင်မည့် အခြေအနေမရှိသဖြင့် လက်လျှော့ ခဲ့ရသည်။ ၂၀၁၄ တွင် မူလတွေ့ရှိ ပြီးဖြစ်သော ရဲတံခွန် (မြောက်) ဧရိယာတွင် ဖွံ့ဖြိုးရေးတွင်းနှစ် တွင်း တူးဖော်ကာရဲတံခွန်စီမံကိန်း ထုတ်လုပ်မှုကို အထိုက်အ လျောက် ထိန်းထားနိုင်ခဲ့ပါသည်။ ရဲတံခွန် (မြောက်) စီမံကိန်းကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော်ဖြစ်ပြီး တစ်နေ့ လျှင် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၅၀ ခန့် ထုတ်လုပ်ခဲ့ပါသည်။ လက်ရှိကာလတွင် ထုတ်လုပ်မှုကျ ဆင်းလာပြီဖြစ်ရာ သဘာဝဓာတ် ငွေ့အရောင်းစာချုပ်ပါ သဘော တူညီချက်အရ သဘာဝဓာတ်ငွေ့ သိုက် လက်ကျန်ပမာဏကို ရောင်း သူနှင့် ၀ယ်သူနှစ်ဦးအကြား ပြန် လည်တွက်ချက်ကာ ဆက်လက် ထုတ်ယူနိုင်မည့် အစီအစဉ်ကို ညှိနှိုင်းလျက်ရှိပါသည်။ ထိုင်းနိုင်ငံ အနေဖြင့်လည်း မိမိတို့ထံမှ ရရှိ မည့် သဘာဝဓာတ်ငွေ့အပေါ် များစွာ မှီခိုနေရသည်ဖြစ်ရာ လာမည့်နှစ်များအတွင်း စွမ်းအင်လိုအပ်ချက်ဖြစ်ပေါ်မည်ဖြစ်ပါသည်။
နိုင်ငံတကာအဆင့်ရေနံလုပ် ငန်းများတွင် စီမံကိန်းနှင့်ဆက်စပ် နေသည့် ဒေသများအတွက် လူမှု စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း၊ ထိန်းသိမ်း ခြင်းလုပ်ငန်းများကို မလွှဲမသွေ ဆောင်ရွက်ကြရမြဲဖြစ်ပါသည်။ ရဲတံခွန်စီမံကိန်းတာဝန်ယူဆောင် ရွက်သူ ပက်ထရိုနပ်စ်ရေနံကုမ္ပဏီ သည် ကန်ပေါက်ဒေသပိုက်လိုင်း လမ်းကြောင်းတစ်လျှောက် ကျေး ရွာများ၏ လူမှုစီးပွားရေးလုပ်ငန်း များ၊ ပညာရေးအထောက်အကူပြု လုပ်ငန်းများနှင့် ထားဝယ်၊လောင်း လုံးနှင့် ရန်ကုန်ဧရိယာတို့တွင် လည်း လူမှုအထောက်အကူပြု လုပ်ငန်းများအား ၁၉၉၈ မှ စတင် ကာ စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိ နှိုင်းကာ ပူးပေါင်းဆောင်ရွက်ပေးခဲ့ ပါသည်။ အဆိုပါ လူမှုစီးပွားဖွံ့ဖြိုး မှုလုပ်ငန်းများအတွက် ၂၀၁၄ အထိ စုစုပေါင်းအမေရိကန် ဒေါ်လာ ၉ သန်းခန့် သုံးစွဲခဲ့ပြီး ဖြစ်ပါသည်။ တနင်္သာရီသဘာဝသစ်တောနှင့် သားရဲတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွင်လည်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသို့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ထောက်ပံ့ကူညီပေးလျက်ရှိပါသည်။
ရဲတံခွန်စီမံကိန်း၏ ထုတ် လုပ်မှုပမာဏမှာ ရတနာစီမံကိန်း ထက်နည်းသော်လည်း သဘာဝ ဓာတ်ငွေ့အမျိုးအစားကောင်းမွန် မှု၊ ရေနံစိမ်းအပေါ့စား (Condensate) ပါဝင်ထုတ်လုပ်နိုင်မှုတို့ ကြောင့် ဈေးကောင်းရရှိပြီး ၂၀၁၄ နှစ်ကုန်အထိ စီမံကိန်းမှဝင်ငွေ ၁၇ ဘီလီယံခန့်အထိ ရရှိပြီးဖြစ်ပါ သည်။ ယခုအခါ ရဲတံခွန်စီမံကိန်း ရှိ ထုတ်လုပ်ရေးတွင်း ၁၂ တွင်းမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀၀ ခန့်နှင့် ရေနံ စိမ်းအပေါ့စား (Condensate) စည် ၆,၀၀၀ ခန့်ထုတ်လုပ်နေပြီး တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်းခန့် ရဲတံခွန်စီမံ ကိန်းမှ ၀င်ငွေရရှိနေပါသည်။
မည်သို့ပင်ဆိုစေ ရဲတံခွန်စီမံ ကိန်းသည် နိုင်ငံအတွက် အကျိုး အမြတ်များစွာရှာဖွေပေးခဲ့ပြီးဖြစ် ရာ အဆိုပါစီမံကိန်း၏ ထုတ်လုပ် မှု ဆက်လက်ထိန်းထားနိုင်ရန် လုပ်ငန်းတွင်ပါဝင်သူ ပညာရှင် အားလုံး၏ တာဝန်ဖြစ်ပါသည်။ မြေအောက် သယံဇာတဆိုသည် မှာ မိမိတို့မှန်းဆထားသကဲ့သို့ ဖြစ် ချင်မှဖြစ်နိုင်ပြီး မမျှော်လင့်သော ရလဒ်ကောင်းများကိုလည်းတွေ့ရှိ လာနိုင်သည်ဖြစ်ရာ မလျှော့သော ဇွဲဖြင့် ဆက်လက်ကြိုးစားရှာဖွေနေ ရမည်သာဖြစ်ပေသည်။ ရဲတံခွန် စီမံကိန်းတာဝန်ယူဆောင်ရွက်သူ ပက်ထရိုနပ်စ်ရေနံ ကုမ္ပဏီသည် ခေတ်မီနည်းပညာများအသုံးပြု ကာ မိမိတို့လုပ်ကွက်အတွင်းရေနံ နှင့် သဘာဝဓာတ်ငွေ့သိုက်အသစ် များတွေ့ရှိအောင်ရဲတံခွန်စီမံကိန်း အဖွဲ့ဝင်များဖြစ်သော PTT (ထိုင်း)၊ NOEX(ဂျပန်)၊ MOGE (မြန်မာ) တို့နှင့် ပညာရပ်ဆိုင်ရာ များညှိနှိုင်း ဆွေးနွေးဆောင်ရွက် နေပါသည်။ တနင်္သာရီကမ်းလွန်ဒေသ လုပ်ကွက် M-12, M-13, M-14 တို့အတွင်း အရှေ့ဘက် တနင်္သာရီ တောင်ကုန်းများမှ ပို့ချသော ယပ် သဏ္ဌာန် မိုင်အိုစင်းသက်တမ်း (နှစ်သန်းပေါင်း ၂၃ သန်းခန့်) ရှိ အနည်ကျသဲကျောက်များစွာရှိပြီး အဆိုပါ ကျောက်လွှာများအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ခို အောင်းနိုင်မည့် အလားအလာ များ၊ လုပ်ကွက် M-12 ရှာဖွေရေး တွင်းတွင်လည်း ပလိုင်အိုစင်း သက်တမ်း (နှစ်သန်းပေါင်း ၅ သန်းခန့်) သဲကျောက်များအတွင်း ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ခို အောင်းမှုအလားအလာများကို လည်း သိရှိထားပြီးဖြစ်ရာလုပ်ငန်း တာဝန်ခံလုပ်ကိုင်သူ ပက်ထရို နပ်စ်ရေနံကုမ္ပဏီအနေဖြင့် ပိုမို ခေတ်မီသော ရှာဖွေရေးနည်းစနစ် များဖြင့် ဆက်လက်ကြိုးစားရှာ ဖွေသွားမည်ဖြစ်ပေသည်။
ရဲတံခွန်စီမံကိန်း
တစ်ချိန်က သူမ၏ပျိုမျစ်နုနယ်မှုများကို အလေးမထားဘဲပင် ပန်းကြီးစွာ မိမိ၏အသွေးအသား များကို ထုတ်လုပ်ပေးဆပ်ခဲ့ခြင်း ဖြင့် နွမ်းနယ်ခဲ့ပြီဖြစ်သော မြန်မာ့သမီးပျိုတနင်္သာရီ၏ အလှဧကရီ ရဲတံခွန်စီမံကိန်းမှာ အသက်အရွယ်ရလာသော်လည်း အထိုက်အလျောက် ရင့်ကျက်စွာလှနေဆဲဖြစ် ပါသည်။
ပန်းသလားမေပျို၊ စွမ်းအားတွေမပိုသော်မှ၊ အလှပျိုဟန်မပျက်စေဖို့၊ လက်ချင်းယှက်အတူတွဲကာ၊ စိတ်ဇွဲသန်မာန်အပြည့်နဲ့၊ ရှေ့ ဆက်ကာဝင်ငွေတိုးအောင်၊ ကြိုးစားလိုက်စမ်း။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။