လေကြောင်းလိုင်း အရောင်းမြှင့်တင်ရေးအဖြစ် သတ်မှတ်ချိန်ဝယ်ယူပါက လက်မှတ် လေးသိန်းကျော် အခမဲ့ရမည်

ရန်ကုန်-ဟိုချီမင်း၊ ဟိုချီမင်း- ဆိုးလ် နှင့် ဟိုချီမင်းနှင့်ဟနွိုင်း-ပလိခူးမြို့ (ဗီ ယက်နမ်နိုင်ငံ၏ တောင်ပေါ်ဒေသ)များ သို့ လေယာဉ်ပျံသန်းမှု လမ်းကြောင်းသစ် များ စတင်ခြင်းအနေဖြင့် လက်မှတ် ၄ သိန်းကို အခမဲ့ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုသူများသည် သြဂုတ်လ ၂၅ ရက်မှစက်တင်ဘာလ ၁ ရက်အထိ နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအ တွင်း မှာယူနိုင်မည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။
ဗီယက်နမ်ပြည်တွင်း ခရီးစဉ်များအ တွက် ဝယ်ယူထားသော လေယာဉ်လက် မှတ်များ၏သက်တမ်းမှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိဖြစ်ပြီး နိုင်ငံတကာပျံသန်းမှု လမ်းကြောင်းများဖြစ်သည့် ဗီယက်နမ်မှ ရန်ကုန်၊ ဘန်ကောက်၊ စင်ကာပူ၊ တိုင် ပေနှင့် ဆိုးလ်မြို့တို့အတွက် ဝယ်ယူထား သော လေယာဉ်လက်မှတ်များ၏ သက် တမ်းမှာ ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၂၅ ရက်မှ ၂ဝ၁၆ ခုနှစ် မတ်လ ၃၁ ရက်အ ထိအကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်လက်မှတ်ကို အခမဲ့ပေး ထားခြင်းဖြစ်ပြီး အဆိုပါတန်ဖိုးနည်း လက်မှတ်များတွင် အခွန်၊ ဝန်ဆောင်ခ နှင့် အခြားကုန်ကျ စရိတ်များ မပါဝင် ကြောင်း သိရသည်။
ရောင်းချမည့် လက်မှတ်များအား ကြိုတင်စာရင်းပေးသွင်းဝယ်ယူခြင်းကို www.vietjetair.com (စမတ်ဖုန်းများ ဖြင့် ဝင်ရောက် ဝယ်ယူလိုပါက www.m. viet jetair.com)  နှင့် www.facebook.com/vietjetmyanmar (“Booking”   စာမျက်နှာကို နှိပ်၍ ဝယ်ယူနိုင်သည်)တို့ တွင် ဝင်ရောက်ဝယ်ယူနိုင်ပြီး  စည်းကမ်း သတ်မှတ်ချက်များကို ww.vietjetair.com တွင် ဝင်ရောက်လေ့လာနိုင် မည်ဖြစ် သည်။
အဆိုပါ လေကြောင်းလိုင်းသည် ဗီယက်နမ်နိုင်ငံတစ်ဝန်းနှင့် အာရှ-ပစိ ဖိတ်ဒေသတွင်းရှိ ထိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ တောင်ကိုရီး ယားနိုင်ငံ၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ ခရီးစဉ်လမ်းကြောင်း ၃၃ ခုဖြင့် ပျံသန်း ပြေးဆွဲလျက်ရှိကြောင်းသိရသည်။
http://popularmyanmar.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။