လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပိုစတာ၊ ဆိုင်းဘုတ်ချိတ်ဆွဲ မဲဆွယ်ရန် လျှောက်ထားနိုင်

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက စိုက်ထူခဲ့သည့် မဲဆွယ်ဆိုင်းဘုတ်တစ်ခု (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
 နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်း မဲဆွယ် စည်းရုံးရန် ပိုစတာ၊ ဆိုင်းဘုတ် ချိတ်ဆွဲ ကြော်ငြာခြင်းအတွက် စတင်လျှောက်ထားနိုင်ပြီဖြစ် ကြောင်း သတင်းရရှိသည်။

ထိုသို့ ကိုယ်စားလှယ် လောင်းများ ပိုစတာချိတ်ဆွဲခြင်း၊ ဆိုင်းဘုတ်စိုက်ထူခြင်းကို သက် ဆိုင်ရာစည်ပင်သာယာရေးကော် မတီများ၏ ခွင့်ပြုချက်ဖြင့် လုပ် ဆောင်နိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လည်း ယင်းလုပ်ငန်းများအတွက် လျှောက်ထားနိုင်ပြီဟု ကြေညာ သည်။
‘‘ချိတ်ဆွဲကြော်ငြာတာ၊ ဆိုင်းဘုတ်စိုက်ထူတာကိုတော့ ရွေး ကောက်ပွဲကော်မရှင်က ပြဋ္ဌာန်း ထားတဲ့အတိုင်း စက်တင်ဘာ ၈ ရက် နောက်ပိုင်းမှခွင့်ပြုမှာပါ။ လျှောက်ထားစုံစမ်းမှုတော့စလုပ် လို့ရပါပြီ’’ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ ကိုယ်စားလှယ်လောင်း များသည် ကြော်ငြာပိုစတာချိတ် ဆွဲစိုက်ထူ၍ မဲဆွယ်စည်းရုံးလိုပါ က ရန်ကုန်မြို့တော်ခန်းမရှိ စီမံ ရေးရာဌာန၌ လျှောက်ထားနိုင် ကြောင်း သတင်းထုတ်ပြန်ထား သည်။
လျှောက်ထားပါက ဆိုင်း ဘုတ်စိုက်ထူလိုသည့်နေရာ၊ စိုက် ထူလိုသည့် ဆိုင်းဘုတ်အရွယ်အ စား၊ ချိတ်ဆွဲကြော်ငြာလိုသည့် ဆိုင်းဘုတ်(ဒီဇိုင်း၊ စာသား) နမူ နာပုံစံ၊ ချိတ်ဆွဲကြော်ငြာလိုသည့် ကာလစသည်တို့ ထည့်သွင်းတင်ပြရမည်ဟု သိရသည်။
ကိုယ်စားလှယ်လောင်းများ ၏ လျှောက်ထားမှုအပေါ် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက စိစစ်ခွင့်ပြုမည်ဖြစ် ပြီး စတုရန်းပေ ၅၀ ကျော်သည့် ကြော်ငြာဆိုင်းဘုတ်များကို တစ်ရက်အတွက် တစ်စတုရန်းပေ လျှင် ၁၀ ကျပ်နှုန်း ဆိုင်းဘုတ်အ ခွန်ပေးဆောင်ရမည်ဟု သိရ သည်။
ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ မဲဆွယ်စည်းရုံးခြင်း၊ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း များကို နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိသာ နောက်ဆုံးပြုလုပ် ရမည်ဖြစ်ပြီး စိုက်ထူထားသောဆိုင်းဘုတ်၊ ဗီနိုင်းများ ယင်းအချိန်မတိုင်မီ ဖြုတ်သိမ်းကြရမည် ဖြစ်သည်။
ထိုသို့ဖြုတ်သိမ်းခြင်း မပြု လုပ်ပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင် ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့များနှင့် ညှိနှိုင်း ကာ ကြော်ငြာပိုစတာများကို ဖြုတ်သိမ်းမည်ဖြစ်ပြီး ယင်းသို့ ဖြုတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရသည့် ကုန်ကျစရိတ် ကျသင့်ငွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းက ပေးချေရမည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
 
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။