လုံခြုံရေးအခြေအနေကြောင့် ဘန်ကောက် အလည်အပတ်ခရီးစဉ်များ ဆိုင်းငံ့ထားဟုဆို

ပြည်ပ ခရီးသွား လုပ်ငန်းအချို့ သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အလည်အပတ် ခရီးစဉ်များ ခေတ္တဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံသို့ ၁၄ ရက်ကြာ ဗီဇာကင်းလွတ်ခွင့်ရရှိထားသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ဘန်ကောက်မြို့ပေါ်ရှိ ဧရာဝဏ်ဟိန္ဒူဘုရားကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ဘန် ကောက်ခရီးစဉ်များ ခေတ္တရပ်ဆိုင်းထားသည်ဟု ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်း Holiday Expert မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ထိုင်းနိုင်ငံကို ဗီဇာကင်း လွတ်ခွင့်နဲ့ လေယာဉ်လက်မှတ် ဈေးနှုန်းတွေလျှော့ချပေးထားပေ မယ့် ဗုံးပေါက်ကွဲမှုဖြစ်ထားလို့ ဘန်ကောက်ခရီးစဉ် တချို့ကို တော့ ဒီရက်ပိုင်းထဲ ရပ်ဆိုင်းထားတယ်။ ဒေါ်လာဈေးတွေတက်နေတာကြောင့်လည်းပါတယ်။ ဒေါ် လာဈေးကြောင့်လည်း တချို့ ပြည်ပခရီးစဉ်တွေလည်း ရပ်ဆိုင်း ထားရတယ်’’ဟု ၎င်းက ပြော ကြားသည်။
ထိုင်း-မြန်မာ နှစ်ပတ်ကြာ ဗီဇာကင်းလွတ်ခွင့်ရရှိပြီးနောက် ဘန်ကောက်မြို့သို့ နှစ်ညအိပ်၊ သုံးရက်ခရီးကို တစ်ဦးလျှင် ဒေါ်လာ ၁၀၀ ကျော်ဖြင့် အလည်အပတ် ခရီးစဉ်များစီစဉ်ရာ၌ ယခင်ထက် သွားရောက်လည်ပတ်သူ နှစ်ဆခန့်ထိ များပြားခဲ့သော်လည်း ဘန် ကောက်မြို့ ဗုံးပေါက်ကွဲပြီးနောက် တွင် ခရီးသွားသိသိသာသာနည်း ပါးသွားသည်ဟု ပြည်ပ ခရီး သွားလုပ်ငန်းတစ်ခုမှ သိရသည်။
‘‘ရေဘေး စဖြစ်တဲ့အချိန် ကတည်းက ခရီးစဉ်တော်တော် များများရပ်ဆိုင်းထားတာ။ အခု ဘန်ကောက်မြို့မှာပါ ဗုံးပေါက်ကွဲ လိုက်တော့ ဘန်ကောက်ခရီးစဉ်ပါ ရပ်ဆိုင်းထားလိုက်တယ်။ စက် တင်ဘာလဆန်းလောက်မှ ပြန် စီစဉ်ဖြစ်မယ်။ ဒီရက်ပိုင်း ဘန်ကောက်ကို ဝန်ဆောင်မှုပေးတဲ့ ခရီးစဉ်တချို့လည်း ရှိတယ်’’ ဟု ပြည်တွင်း၊ ပြည်ပခရီးသွားလုပ် ငန်းများ ဝန်ဆောင်မှုပေးသည့် Possible Travel & Tour မှ ကိုမင်းခန့်က ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ ၂၀ ကျော် ရှိပြီး ဒဏ်ရာရရှိသူများပြား ခဲ့သည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။