ကွန်ပျူတာအခြေခံပညာကို ရွေ့လျားစနစ်ဖြင့် ယခုနှစ်ကုန် စတင်သင်ကြားမည်

ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ဆရာမများနှင့် အသက်ကြီးသူများကို ကွန်ပျူတာအခြေခံပညာများ တတ်ကျွမ်းလာစေရန် ရွေ့လျားသင်ကြားမှု (Mobile)စနစ်ဖြင့်သင်ကြားမှုများကို ယခုနှစ်ကုန်တွင် စတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းကွန်ပျူတာပညာရှင်အသင်းမှ သတင်းရရှိသည်။
 ‘‘အရင်က အခြေခံပညာ ကျောင်းတွေမှာလိုက်ပြီး သင်ပေးခဲ့ပေမယ့် အခုကပိုပြီး ကျယ်ပြန့် အောင် လုပ်သွားမယ့်သဘောပါ။ လက်ရှိမှာ ကွန်တိန်နာတစ်စီးကို ကွန်ပျူတာနဲ့  သင်ထောက်ကူပစ္စည်းတွေတပ်ပြီး ဒီဇိုင်းဆင်နိုင်ဖို့ စပြီးလုပ်နေပါတယ်’’ဟု ရန်ကုန်တိုင်းကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။
 ရန်ကုန်တိုင်း ကွန်ပျူတာ ပညာရှင်အသင်းသည် အခြေခံ ပညာကျောင်းမှ ဆရာမများ ၄၀၀ ခန့်ကို ကွန်ပျူတာအခြေခံပညာ များ နှစ်စဉ်သင်ကြားပေးလျက်ရှိ ပြီး ယခုနှစ်တွင် ဆရာမများအပြင် ကွန်ပျူတာမကျွမ်းကျင်သည့် အ သက်ကြီးသူများ၊ ဌာနဆိုင်ရာဝန် ထမ်းများကိုပါ တိုးချဲ့သင်ကြား နိုင်စေရန်အတွက် ယခုနှစ်မှစ၍ ရွေ့လျားစနစ်ဖြင့် ပြောင်းလဲသင်ကြားပေးသွားမည်ဖြစ်သည်။
 ‘‘ရွေ့လျားသင်ကြားမှုအတွက် ၈ ပေ× ပေ ၂၀ လောက် ကျယ်တဲ့ ကွန်တိန်နာတစ်စီးကို ကျောင်းသားနှစ်ဆယ်လောက်အ ထိ သင်ကြားမှုတွေ လုပ်ပေးနိုင် ဖို့ လုပ်သွားပါမယ်။ အဲဒီအတွက် နိုင်ငံခြားက အတွေ့အကြုံရှိတဲ့ အဖွဲ့တစ်ဖွဲ့နဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဆွေးနွေးမှုတွေ လုပ်ခဲ့ပါ တယ်’’ဟု ဦးမင်းဦးက ပြောသည်။
အဆိုပါ သင်ကြားမှုများအတွက် အထောက်အပံ့ပေးလို သောကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အခမဲ့သင်ကြားမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ထောက်ပံ့ပေးမည့် ကုမ္ပဏီမရှိပါကလည်း ဈေးနှုန်း အသက်သာဆုံးနှင့် သင်ကြားနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။ 
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။