အိမ်ထောင်ရေး အဆင်မပြေ၍ ကြိုးဆွဲချသေဆုံး

ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ ဘီအိုစီ ၀င်းအတွင်း နေထိုင်သော ဆေးတက္ကသိုလ်(၁) သန့်ရှင်းရေး ၀န်ထမ်းတစ်ဦး အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် နေအိမ်အတွင်း ကြိုးဆွဲချ သေဆုံးမှု သြဂုတ်လ (၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

      သေဆုံးသူမှာ အသက်(၃၅)နှစ် အရွယ် ဦး.....ဖြစ်ပြီး၊ ၎င်းသည် အိမ်ထောင်ရေး အဆင်မပြေသဖြင့် နေအိမ်နောက်ဖေးရှိ အခန်းအတွင်း၌ (၁၀)ပေခန့် ထုပ်တန်းတွင် အရှည်နှစ်ပေခန့်ရှိ အပြာရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေကြောင်း သိရသည်။

      အဆိုပါ သေဆုံးသူ အလောင်းအား စစ်ဆေးရာ ကြိုးဆွဲချ သေဆုံးသည့် လက္ခဏာမှအပ အခြားတစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့အပ်ရာ PR-016 ဖြင့် လက်ခံထားရှိပြီး၊ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ရဲအရာခံ မြတ်မင်းအောင်က တရားလို ပြုလုပ်တိုင်တန်း၍ ကမာရွတ် မြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၅)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

      ထို့အတူ သြဂုတ်လ (၁၈)ရက်နေ့တွင်လည်း သန်လျင်မြို့နယ်တွင် အသက် (၁၈)နှစ်အရွယ် လူငယ်တစ်ဦး လူငယ်ဘ၀ အချစ်ရေးကိစ္စ အဆင်မပြေ၍ နေအိမ်အတွင်း အိမ်သားများ အလုပ်သွားနေချိန် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။

The Messenger Media
http://messengernewsjournal.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။