သဘာဝရေကန်ကျိုးပေါက်ကာ တွန်းဇံရှိ ရွာတစ်ရွာ ရွာလုံးကျွတ် မျောပါပျက်စီး

တောင်ပေါ်မှ သဘာဝရေကန်ကျိုးပေါက်ကာ တွီခိန်ဇန်ရွာ တစ်ရွာလုံးနီးပါ မျောပါးစေခဲ့သောရေများမှာ နတ်ချောင်းအတွင်းသို့ စီးဝင်သွားခဲ့သည်။ (ဓာတ်ပုံ − ပီအေယူ)
ချင်းပြည်နယ် တွန်းဇံမြို့ နယ်တွင် မိုးသည်းထန်စွာ ရွာ သွန်းပြီး တောင်ပေါ်ရှိ သဘာဝ ရေကန်တစ်ကန် ကျိုးကျကာ ရေစီးအရှိန်နှင့် ကျေးရွာတစ်ရွာ ရွာလုံး ကျွတ်နီးပါး  မျောပါသွားခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၈ ရက် နံနက် ၃ နာရီခန့်က မိုးရွာသွန်းမှုကြောင့် တွန်းဇံမြို့နယ်ရှိ တွီခိန်ဇန် (ဟားခါးလေး)ကျေးရွာရှိ သဘာဝရေကန်တစ်ကန် ကျိုးကျသွားခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် တောင်ကျရေများ အရှိန်ဖြင့် စီး လာပြီး လူနေအိမ်များ မျောပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးမှ သ တင်းရရှိသည်။‘‘ရေတွေက ရွှံ့နွံရေတွေ ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ဖို့ကို တော်တော်ဒုက္ခရောက် နေတယ်။ ကျွန်တော်တို့ သတင်း ရသလောက်ကတော့ တစ်ဦး သေတယ်။ ကျန်တာတွေ အတည်မပြုနိုင်သေးဘူး’’ဟု တွီခိန်ဇန်ရွာ အနီး ရှာထော်ဇန် ရွာမှဒေသခံ တစ်ဦးက ပြောသည်။
ယခု ဖြစ်စဉ်ကို တောင်ပေါ်ဆူနာမီဟု သတ်မှတ်နိုင်ပြီး ချင်းပြည်နယ်တွင် လာမည့်ရက်များအတွင်း မိုးဆက်လက်ကောင်းနေသောကြောင့် ဒေသခံများအနေဖြင့် အထူးသတိပြုရန် လိုအပ်နေသည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
‘‘မိုးကြီးလို့မှ တောင်ပေါ်က လူလုပ်တာမဟုတ်တဲ့ ရေကန် တွေ ကျိုးကျတာဆိုတော့ တောင် ပေါ်ဆူနာမီလို့တောင် ပြောလို့ရ တယ်။ အခုဘင်္ဂလားပင်လယ်အော် မှာလည်း လေဖိအားနည်း ရပ်ဝန်း ဆက်ရှိနေသေးတယ်။ ချင်းပြည် နယ်မှာ မိုးထပ်ကောင်းနိုင်သေး လို့ မြေပြိုတာတွေ၊ တောင်ကျရေ စီးတာမျိုးတွေ သတိထားဖို့ လို တယ်’’ဟု ဒေါက်တာထွန်းလွင် က ပြောသည်။
တွီခိန်ဇန်ရွာတွင် အိမ်ခြေ ၅၉လုံး ၊ အိမ်ထောင်စု ၅၉ စုရှိပြီး လူဦးရေ ၃၁၀ ဦးရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။ နိုင်ငံပိုင်မီဒီယာတွင်တော့အိမ်ခြေ ၅၉ လုံးစလုံး မျောပါ သွားခဲ့သည်ဟု ဆိုသည်။ သြဂုတ် ၂၈ ရက် နံနက်က ထိုရေဘးကြောင့် လူနှစ်ဦး ပျောက်ဆုံးနေသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး ညနေပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်မောင်စိုးက ပြောသည်။ ဒေသခံများအဆိုအရ ထိုရွာတွင် အိမ်ခြေငါးလုံးခန့်သာ တွေ့ရတော့ပြီး ကျန်အိမ်များအားလုံးနီးပါး မျောပါသွားကြောင်း ပြောသည်။
‘‘၀န်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းပြီး စစ်ဆေးနေပါတယ်။ လူအသေအပျောက်မရှိပါဘူး။ ပျောက်နေတဲ့ လူနှစ်ယောက်လည်း ညနေပိုင်းမှာ ပြန်တွေ့ပါပြီ။ ပိတ်ထားတဲ့ နတ်ချောင်းက ရေလျှံပြီး ကျိုးကျတာလို့ သိရပါတယ်’’ဟု ဦးတင်မောင်စိုးက ပြောသည်။
ချင်းတောင်တန်းမှ ကျောက် များမှာ ကြေမွလွယ်ပြီး မိုးရေချိန် ၃ လက်မခန့် ရွာလျှင်ပင် မြေပြို ကျနိုင်သည့် အန္တရာယ်ရှိနေသည် ဟု ဘူမိဗေဒညာရှင် ဦးစိုးသူရ ထွန်းက ပြောသည်။ ချင်းတောင် ပေါ်တွင် မြေမကြာခဏပြိုကျမှု ကြောင့် ချောင်းများ ပိတ်ဆို့ကာ ရေကန်ဖြစ်သွားပြီး မိုးသည်းထန် စွာ ရွာသွန်းပါက ထိုကန်များ ကျိုး ပေါက်ကာ အလွန်အန္တရာယ်များ သည်ဟု ၎င်းကသတိပေးသည်။
‘‘အခုဖြစ်တာက တောင်ပြို မြေတွေက ချောင်းကိုပိတ်သွား ရာက ရေကန်လိုဖြစ်ပြီး ရေက အိုင်သွားတယ်။ ရေအိုင်နေတာ က သူ့အလိုလို စိမ့်နေတဲ့အပြင် အခုလို မိုးကြီးတော့ ကျိုးကျတာ။ မိုးကိုတော့ တားလို့မရဘူး။ ဒီကန်တွေကို ဖောက်ချနိုင်ဖို့လိုမယ်’’ဟု ဦးစိုးသူရထွန်းက ပြောသည်။
တွန်းဇံမြို့တွင် မိုးကောင်း ခဲ့သောကြောင့် မြို့ချင်းထိစပ်နေ သည့် ကလေးမြို့နယ်မြေနိမ့်နေ ရာအချို့လည်း ရေအနည်းငယ် မြင့်တက်ခဲ့ကာ ဒေသခံများက ကလေးမြို့အတွင်းရှိ ရာဇဂြိုဟ် ဆည် ရေမြင့်တက်မည်ကို စိုးရိမ် ခဲ့ကြသည်။ သို့သော် ထိုရေများ မှာ ရာဇဂြိုဟ်ဆည်အတွင်းသို့ မ၀င်သောကြောင့် စိုးရိမ်စရာမလို ရန် အစိုးရက သတင်းထုတ်ပြန် ပေးခဲ့သည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။