လာမည့်ရွေးကောက်ပွဲတွင် ဘူးသီးတောင် မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရန်အမည်စာရင်းတင်သွင်းထားသူ ဦးရွှေမောင်(ခ)အဒူရော် ဇောက်ကို ယင်းမွေးဖွားခဲ့ချိန်က မိဘများကနိုင်ငံသားမဖြစ်ဟုဆိုကာ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချ လိုက်ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်ရန် အမည်စာရင်းတင် သွင်း ထားသူ ဦးရွှေမောင်(ခ)အဒူရော်ဇောက်၏ ဆွေစဉ်မျိုးဆက်ဇယားကို ခရိုင်ကော်မရှင်မှ တောင်းယူစိ စစ်ခဲ့ရာ ၄င်းမွေးဖွားချိန်တွင် နိုင်ငံသားမိဘနှစ် ပါးကမွေးဖွားသူ မဟုတ်ဟုခရိုင်ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်တွေ့ရှိရသဖြင့် သြဂုတ် ၂၂ ရက်က ပယ်ချလိုက်ခြင်းဖြစ်ကြောင်း မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်ကျော်ညွှန့်က ပြောသည်။
ဦးရွှေမောင်(ခ)အဒူရော်ဇောက်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိခဲ့သူဖြစ်ပြီး ယင်းအချိန်ကလည်း ဦးရွှေမောင်(ခ)အဒူရော်ဇောက်၏ လျှာက်လွှာကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီအကြီးအကဲများက အတင်းအဓမ္မ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း ဦးသာသာမောင်က ပြောသည်။
____7Day News Journal

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။