အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ လက်နက်ဖြုတ်ရမယ်ဆိုတာကို အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ သဘောတူညီမှုယူမထားဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးနိုင်ဟံသာက RFA ကိုပြောပါတယ်။ အခုဆိုရင် အပစ်ရပ်စာချုပ်မှာ အဖွဲ့အားလုံး ပါဝင်မလား၊ မပါဝင်ဘူးလားဆိုတာနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားခေါင်းဆောင်တွေက ၃ ရက်ကြာ အစည်းအဝေး ပြုလုပ်နေပါတယ်။ အစိုးရက အဖွဲ့အားလုံးနဲ့တပြိုင်နက်တည်း လက်မှတ်ထိုးတာမဟုတ်ခဲ့ဘူးဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဆိုပြီး ပြောဆိုနိုင်မှာမဟုတ်ဘူးလို့လည်း တိုင်းရင်းသားခေါင်းဆောင်တွေဘက် ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီလထဲမှာတွေ့ဆုံဖို့ကိုလည်း စီစဉ်ထားပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ အပစ်အခပ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးနိုင်ဟံသာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
____RFA Burmese
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။