လေပြင်းကြောင့် ထီးတော်မြေခခဲ့သည့် သျှစ်သောင်းပုထိုးမှ အရံစေတီငယ် ပြန်လည်ပြုပြင်ရန် တင်ပြထား

လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်မြေခခဲ့ရသည့် သျှစ်သောင်းဘုရားမှ အရံစေတီငယ်(ဓာတ်ပုံ − မောင်ကံ)
 လေပြင်းတိုက်ခတ်မှု ကြောင့် ထီးတော်မြေခခဲ့ရသည့် မြောက်ဦးမြို့ သျှစ်သောင်းပုထိုး တော်မှ အရံစေတီငယ်ကို ပြန် လည်ပြုပြင်ရန် ရှေးဟောင်းသု တေသန ဌာနသို့ တင်ပြထား ကြောင်း သျှစ်သောင်းဘုရားဂေါပ ကအဖွဲ့မှ သတင်းရရှိသည်။
‘‘အရံစေတီငယ် ထီးတော် ပြန်လုပ်ဖို့အတွက် ရှေး/သုဌာန ကို တင်ပြထားပါတယ်။ အခုထိ တော့ မပြုပြင်ရသေးပါဘူး။ ရှေး ဟောင်းမူတွေဆိုတော့ ကိုယ့်သဘောနဲ့ကိုယ် ပြင်လို့ မရပါဘူး’’ ဟု သျှစ်သောင်းဘုရားဂေါပက အဖွဲ့ အတွင်းရေးမှူးက ပြော သည်။ထီးတော်မြေခခဲ့ရသည့် အရံစေတီငယ်သည် သျှစ်သောင်း ပုထိုးတော်ကြီး၏ အတက်လမ်း တွင် တည်ထားကိုးကွယ်လျက်ရှိ ရာ ဘုရားဖူးဧည့်သည်များ လာ ရောက်ပါက ပထမဆုံးမြင်တွေ့ နေရ၍ အလျင်အမြန် ပြန်လည်ပြုပြင်ပေးရန် ဒေသခံများက လိုလားနေကြသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်း က လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါ စေတီငယ်၏ ထီးတော် မြေခခဲ့ခြင်း ဖြစ်သည်။ စေတီအ နီးရှိ လျှပ်စစ်မီးတိုင်မှ မီးကြိုးကို ထီးတော်တွင် ချည်နှောင်ထားရာ  လေပြင်းတိုက်ခတ်စဉ် မီးတိုင်ပြို လဲခြင်းနှင့်အတူ စေတီငယ်၏ ထီး တော်မှာလည်း မြေခခဲ့ရသည်။ စေတီငယ်တည်ထားစဉ်ကတည်းက ထီးတော်၏အလယ်တွင် သံတိုင်မပါသဖြင့် အလွယ်တကူမြေခခဲ့ရခြင်းဖြစ်သည်ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူးက ပြောသည်။
ရေဘေးသင့်ခဲ့သော ရခိုင် ပြည်နယ်တွင် အဆိုပါ စေတီငယ် မှအပ အခြားသော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်လက်ရာ များ ပျက်စီးဆုံးရှုံးမှု မရှိခဲ့ဟု သတင်းရရှိသည်။
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။