ဘန်ကောက် ဒုတိယအကြိမ် ဗုံးကွဲမှုဖြစ်စဉ်အတွက် သံသယတရားခံကို ထိုင်းရဲတပ်ဖွဲ့ ဝရမ်းထုတ်

 ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် မကြာမီက အီရာဝမ်ဘုရားကျောင်း ဗုံးပေါက်မှုအပြီး တံတားတစ်ခု အောက်ခြေ၌ ဖြစ်ခဲ့သည့် ဒုတိယဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယတရားခံတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဝရမ်းထုတ်ခဲ့သည်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပရာဝတ်သော်ဝန်ဆီရီက ထို ဝရမ်းမှာ ရှပ်အင်္ကျီ အပြာဝတ် ထားပြီး ထိုတံတားအောက်ခြေ တိုင်အနား ဗုံးပေါက်ကွဲရာ ရေအိုင် ထဲသို့ အိတ်တစ်လုံးကို ကန်ချခဲ့သူတစ်ဦးကို လုံခြုံရေး ရုပ်သံပြ ကွက်မှ ရုပ်ပုံဖြင့် ၀ရမ်းထုတ်ပြန် ထားခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုဒုတိယဗုံးပေါက်ကွဲမှုမှာ အီရာဝမ် ဘုရားကျောင်း ပေါက် ကွဲမှု ဖြစ်ပြီးနောက် ဩဂုတ် ၁၇ ရက်တွင် ဖြစ်ခဲ့သည်။
‘‘ကျွန်တော်တို့ အဲဒီဆက် သွန်တံတားတိုင် အောက်ခြေဖြစ် ရပ်နဲ့ ပတ်သက်လို့ ဝရမ်းထုတ် ထားပါတယ်’’ ဟု ရဲတပ်ဖွဲ့ပြော ခွင့်ရပုဂ္ဂိုလ် ပရာဝတ်က အတည်ပြုသည်။
ထိုနေရာမှာ ဘန်ကောက် ကျောက်ဖရားမြစ်အနီး တည်ရှိ သည်။
အဆိုပါ သံသယတရားခံကို ဖမ်းမိပါက ထိုင်းရဲတပ်ဖွဲ့သည် ၎င်းအား တရားမဝင် ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်ထားရှိမှု၊ ထိခိုက်နာကျင်စေရန် ဗုံးဖောက်ခွဲ မှု၊ လူသတ်ရန် ကြံစည်မှုများဖြင့် တရားစွဲဆိုခံရမည် ဖြစ်သည်။
အဆိုပါ တံတားအောက်ခြေ ပေါက်ကွဲမှုမှာ လူသေဆုံး ဒဏ် ရာရ ထိခိုက်မှုများ မဖြစ်ခဲ့ဘဲ အီ ရာဝမ် ကျောင်းပေါက်ကွဲမှုမှာမူ လူ ၂၀ ခန့် သေဆုံးခဲ့ရသည်။
ပေါက်ကွဲမှုနှစ်ခု ဆက်တိုက် နီးပါးဖြစ်ခဲ့၍ ထိုင်းခရီးသွား လုပ်ငန်း ကျဆင်းခဲ့ရပြီး ဘန်ကောက် တွင် ကမ္ဘာလှည့်ခရီးသွား ၀င် ရောက်မှု ၁၇ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း ထိုင်းခရီးသွားလုပ် ငန်းဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့၌ ထုတ်ပြန်ခဲ့သည်။

http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။