“အမ်းမြို့ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း(၁)ထောင်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို နာယကဦးတေဇ ကိုယ်တိုင် သွားရောက်လှူဒါန်း”


၂၀၁၅ ခုနှစ် သြဂုတ်လ(၁၄)ရက်နေ့က ထူးဖောင်ဒေးရှင်းနာယက၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်(AGD Bank) ၏ Executive Chairman ဦးတေဇနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီလှူဒါန်းခဲ့ပါသည်။

ဦးတေဇသည် အမ်းမြို့နယ်မှ ရေဘေးဒုက္ခခံစားနေရသော ပြည်သူများအတွက်
ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ထူးဖောင်ဒေးရှင်း၏ လှူဒါန်းမှုအနေဖြင့် အလှူငွေ ကျပ် သိန်း(၁၀၀၀) ၊ဆန်အိတ် (၅၀၀) ၊ စားသုံးဆီ(၅)ပီပါ၊ ကျားဝတ်လုံချည် (၅၀၀) ၊ မ၀တ်လုံချည် (၅၀၀) လှူဒါန်းခဲ့ပါသည်။

ထို့အပြင် စေတနာရှင်အများပြည်သူတို့မှ လှူဒါန်းခဲ့သော ခေါက်ဆွဲခြောက် (၄၆)ဖာအကြီး၊ ငါးသေတ္တာ (၁၅)ဖာ၊ အ၀တ် (၄၀)အိတ် တို့ကိုလည်း အလှူရှင်များကိုယ်စား ထူးဖောင်ဒေးရှင်း အနေဖြင့် ရေဘေးသင့် ပြည်သူများထံအရောက် ပို့ဆောင်လှူဒါန်းပေးခဲ့ပါသည်။

အမ်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရန်အတွက် ဒေသခံအာဏာပိုင်များအနေဖြင့် ပျက်စီးထိခိုက်မှုများအား သုံးသပ်လေ့လာ ရန်လိုအပ်မည်ဖြစ်၍ နာယကဦးတေဇမှ အဆိုပါဒေသများကို လိုက်လံကြည့်ရှုနိုင်ရန်အတွက် ကုမ္ပဏီပိုင်ရဟတ်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ကားလမ်းများမှာ ရေလွှမ်းမိုးခဲ့သည့်ဒဏ်ကြောင့် မော်တော်ယာဉ်ဖြင့် သွားလာ၍ မရသည့်အခြေအနေတွင် ရှိနေသဖြင့် ဒေသခံအာဏာပိုင်များအား လိုက်လံစစ်ဆေးကြည့်ရှုနိုင်ရန် ထိုကဲ့သို့ ရဟတ်ယာဉ်ဖြင်ကူညီခဲ့ခြင်းဖြစ်ပါသည်။

ထူးဖောင်ဒေးရှင်းနာယကဖြစ်သည့်အပြင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank) ၏ (Executive Chairman) လည်းဖြစ်သူ ဦးတေဇသည် ယခုနှစ်အတွင်း မိုးရွာသွန်းမှုများကြောင့် ရေဘေး ဒဏ်ခံစားနေရသူများအား ကူညီလှူဒါန်းမှုများ အဆက်မပြတ်ပြုလုပ်ပေးလျက်ရှိနေပါသည်။

အထူးသဖြင့် ကုန်းလမ်း၊ရေလမ်းဖြင့် သွားလာရန်ခက်ခဲသောဒေသများမှ ပျက်စီးဆုံးဆုံးရှုံးမှုများ၊ တာဝန်ရှိသူများနှင့် ကြည့်ရှုစစ်ဆေး၍ လိုအပ်သော ကူညီထောက်ပံ့မှုများလုပ်ဆောင်ရာတွင် အမြန်ဆုံးဦး စားပေး ဆောင်ရွက်ရမည့် ဒေသများ၊ ရေဘေးဒဏ်ခံရသော်လည်း အများပြည်သူတို့၏ထောက်ပံ့လှူဒါန်းမှုများအနေဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသောဒေသများအား အထူးဂရုစိုက်လျက် ကူညီလှူဒါန်းနေပါသည်။

နာယကဦးတေဇနှင့်အဖွဲ့သည် ရေဘေးဒဏ်ခံစားနေရသောဒေသများအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ဒေသဖွံ့ ဖြိုးရေးအတွက် ထူးဖောင်ဒေးရှင်းမှ ပါဝင်ကူညီဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ထူးဖောင်ဒေးရှင်းမှ နိုင်ငံခြားသို့ စနစ်တကျ သွားရောက်လေ့လာခဲ့သူများဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ပညာရေးနှင့် ပတ်သက်၍ ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီပေးမည့် အစီအစဉ်များ၊ ကျွန်းမျိုးစေ့များ ပေးပို့ လှူဒါန်းမည့် အစီအစဉ်များကို နာယက ဦးတေဇမှ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

___Ref: Htoo Foundation 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။