၁၇၊ ၈၊ ၂၀၁၅
ဒုံချေ (ကျောက်ဖြူ) Kyaukphru Youths Kyauk Phru Youth Net
ယနေ့ ထိုင်းစံတော်ချိန် ညနေ၇ နာရီခန့်က ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ ကမ္ဘာလှည့်ခရီးသည်တွေစည်ကားရာတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်။
ယင်းပေါက်ကွဲမှုသည် ထိုင်းနိုင်ငံဘန်ကောက်မြို့တော် ဧရာဝဏ် ဟိန္ဒူဘုရားကျောင်းအနီးတွင် ပေါက်ကွဲခဲ့တာလည်းဖြစ်တယ်။ ၄င်းဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၁၂ ဦးသေဆုံး၍ အနည်းဆုံး ၇၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသဆိင်ရာသတင်းတွေနှင့် နိုင်ငံတကာ သတင်းတွေမှာ ရေးသားဖော်ပြနေကြတယ်။
ဘီဘီစီသတင်းကဖော်ပြရာတွင် ဒီဗုံးပေါက်ကွဲစဉ်အတွင်း အနည်းဆုံး လူ ၁၆ ဦးသေဆုံးကြောင်းလည်းဖော်ပြထားပြီး အများစုဟာ တရုတ်နိုင်ငံမှ ခရီးသွားများဖြစ်ကြကြောင်းဖော်ပြထားသည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့တော်တွင် ဗုံးပေါက်ကွဲမှုတို့အနက် ယခုပေါက်ကွဲမှုဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံးပေါက်ကွဲမှုတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ယခုပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် စီးပွားရေးအချက်အချာကျသည့်နေရာတစ်ခုလည်းဖြစ်ပြီး ဈေးဝယ်စင်တာ ဆူပါမားကတ်နှင့် ကြယ်ငါးပွင့်ဟိုများတည်ရှိ၍ ဈေးဝယ်သူများ ကမ္ဘာလှည့်ခရီးသည်များနှင့် စည်ကားသည့်နေရာလည်းဖြစ်သည်။
ညနေပိုင်းအချိန်များတွင် ၄င်းဟိန္ဒူဘုရားထဲတွင် လူပေါင်း ရာချီ၍ ရှိလေ့ရှိကြောင်း ဗွီအိုအေ သတင်းထောက် စတိဗ်ဟာမန် (Steve Herman)ကပြောသည်။
အခင်းဖြစ်ပွားသည့် ဧရာဝဏ် ဟိန္ဒူဘုရားကျောင်းအနီးတွင် ပိတ်စများဖြင့် အုပ်ထားသည့် လူသေအလောင်း ၆ လောင်းကို သူကိုင်တိုင်မြင်တွေ့လိုက်ရပြီး၊ လူတစ်ယောက်ကိုတော့ လူနာတင်ယာဉ်ဖြင့် တင်ဆောင်သွားကြောင်း အခင်းဖြစ်ပွားနေသည့်နေရာသို့ရောက်ရှိနေသည့် ဗွီအိုအေသတင်းထောက် စတိဗ်ဟာမန် ကပြောကြားသည်။
ယခုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူများ၏ခန္ဓာကိုယ်များမှာ အစိပ်စိပ်အမွှာမွှာ စိုင်ထွက်သွား၍ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းကြောင်းသိရသည်။
ရဲဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Prawut Thavornsiri မှ AFP သတင်းဌာနသို့ပြောကြားရာတွင် ယခုဖြစ်ပွားခဲ့မှုဟာ ဗုံးပေါက်ကွဲမှုတစ်ခု မှန်ကန်ပြီး ဘာလိုအမျိုးအစားဖြစ်တယ်ဖြစ်တယ်ဆိုတာကိုတော့ စစ်ဆေးနေတုန်းမို့ အတိအကျ မပြောနိုင်သေးကြောင်း ဖြေကြားခဲ့သည်။
ယခုဗုံးဖောက်ခွဲကို ဘယ်အဖွဲ့အစည်းက ဘယ်သူတွေက ကြိုးကိုင်တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
________ ဒုံချေ (ကျောက်ဖြူ) Kyaukphru Youths Net
Ref: BBC, VOA, Bangkok Post, Channel Asia, AFP

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။