ကျောက်တော်မြို့တွင် ရှေးဟောင်းကျောက်စာတိုင်တစ်ခုတွေ့ရှိ

၁၃၊ ၈၊ ၂၀၁၅
ဒုံချေ (ကျောက်ဖြူ) Kyaukphru Youths Net

၁၃ - ၈- ၂၀၁၅ ရက်နေ့က ကျောက်တော်မြို့တွင် ရှေးဟောင်းကျောက်စာတိုင်

ယမန်နေ့  ညနေ ၅ နာရီလောက်က ကျောက်တော်မြို့ ကမ်းနားလမ်း မြေထိန်းနံရံနှင့် လူသွားလမ်း ပလတ်ဖောင်း လုပ်ငန်းခွင်အတွင်းမှ မြေကြီးထဲတွင် နစ်မြုပ်နေသော ရှေးဟောင်းကျောက်စာတစ်ခုတွေ့ရှိရကြောင်း သိရသည်။

ထိုကျောက်စာတိုင်သည် မည့်သည့်ခေတ်က ရေးထိုးထားခဲ့တဲ့ကျောက်စာတိုင်ဖြစ်ကြောင်းကို အတိအကျမသိရသေးသော်လည်း စာရေးဟန်အနေအထားကိုကြည့်ပြီးမြောက်ဦးခေတ် ကျောက်စာဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။ ကျောက်တော်မြို့သည် ရခိုင်သမိုင်းတွင် အဓိကအခန်းကဏ္ဍကနေပါဝင်သည့် တတိယဓညဝတီမြို့တော်ဟောင်းနှင့် ခြောက်မိုင်ခန့်သာဝေးကွာပြီး၊ ကမ္ဘာတွင်ရွှေရောင်လွှမ်းခဲ့သော ရခိုင်တို့၏ နောက်ဆုံးမင်းနေပြည်တော် မြောက်ဦးမြို့နှင့် ၂၇ မိုင်ခန့်သာဝေးသည်။

ရခိုင်ပြည်မှ ရှေးဟောင်းအမွေအနှစ်များစွာတို့ကို ဗမာအစိုးရအဆက်ဆက်တို့က ဗမာပြည်သို့ယူဆောင်လေ့ရှိသည်။ ထို့ကြောင့်ယခုကျောက်စာတိုင်တွေ့ရှိမှုကို လူတွေအလွန်စိတ်ဝင်စားနေကြပြီး၊ ရခိုင်သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်တစ်ခုလည်းပြည်မသို့ယူသွားမှာကိုလည်း ဒေသခံများအနေဖြင့် အထူးစိုးရိမ်နေကြသည်။

ဒုံချေ (ကျောက်ဖြူ) Kyaukphru Youths Net






၁၃ - ၈- ၂၀၁၅ ရက်နေ့က ကျောက်တော်မြို့တွင် ရှေးဟောင်းကျောက်စာတိုင်

ဓာတ်ပုံ ။ Tin Aung, Yan Aungkyaw and Ssm San Moe
------------------------------------
ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။