ရက္ခိုင့်တပ်မတော် (AA) နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)တို့ ရွာတော်ခရိုင်တွင် တိုက်ပွဲဖြစ်ပွား

၂၆ ၊ ၈ ၊ ၂၀၁၅
Kyaukphru Youths Net ဝိုင်းတော်သားများ

(၅) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့အခမ်းအနား (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက ရွာတော်ခရိုင်((ဘင်္ဂလားအခေါ် Bandarban - ဘင်ဒါဘန်)တွင်  ရက္ခိုင့်တပ်မတော် (AA) နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တို့ တိုက်ပွဲဖြစ်ပွားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း
The Daily Star အွန်လိုင်းသတင်းဌာနတွင်ဖော်ပြသည်။

ဒီနေ့မနက်ပိုင်း ရက္ခိုင့်တပ်မတော်မှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားများကို ပစ်ခတ်ပြီးနောက် ရွာတော်ခရိုင် Thanchi နယ်စပ်သို့ ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကိုအားအားပြည့်စေလွှတ်ခဲ့ကြောင်းဖော်ပြထားသည်။

မနက် ၉ နာရီ ၃၀ မိနစ်က ရက္ခိုင့်တပ်မတော်မှ ပစ်ခတ်သောကြောင့်  ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သား Md Zakir သေနတ်ဒဏ်ရာရရှိသွားကြောင်းကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးတာဝန်ခံ Mohsin Reza က The Daily Star သို့အတည်ပြုပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းနယ်မြေတွင်တာဝန်ထမ်းဆောင်နေကြသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်းကိုလည်းဖော်ပြထားပေသည်။

ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလားနယ်ခြားစောင့်တို့ဖြစ်ပွားသည့်တိုက်ပွဲမှာ မနက် ၉ နာရီခွဲကနေ နေ့လည် ၂ နာရီထိကြာမြင့်ခဲ့ကြောင်း ၄င်းအရာရှိကထပ်လောင်းပြောကြားခဲ့ပြီး၊ ဒဏ်ရာရရှိသွားသူ BGB တပ်သား
Nayek Zakir ကို တိုက်ပွဲဖြစ်ပွားသည့်နေရာမှ Boro Mokak စခန်းသို့သယ်ဆောင်သွားခဲ့ကြကြောင်းကို ရွာတော်ခရိုင်မှ BGB တာဝန်ခံ ဗိုလ်မှူးတစ်ဦးမှပြောကြားခဲ့ကြောင်းဖော်ပြထားသည်။

ယင်းနောက်ပိုင်တွင် Bolipara နှင့် Alikadom စခန်းတို့မှ တပ်သားများလိုက်လာပြီး BGB တပ်သားတို့နှင့်ပူးပေါင်း၍ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့လိုက်လာကြပြီး၊ ယင်းပူတွဲအဖွဲ့တို့ ညနေ ၄ နာရီထိ
လိုက်လံရှင်းလင်းခဲ့ကြကြောင်းဖော်ပြထားသည်။

_____Ref: The Daily Star

Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။