ဘူးသီးတောင်မြို့နယ်တွင် စက်လှေ အငှားလိုက်သူ တစ်ဦးအသတ်ခံရ

ဝဏ္ဍခွာညို
ရန်ကုန်၊ သြဂုတ်လ ၂၆
 ဦးမောင်ကျော်သိုင်း အလောင်းကို ဘူးသီးတောင်ဆေးရုံသို့ ယူလာစဉ် (ဓာတ်ပုံ- နိရဉ္စရာ)
ဦးမောင်ကျော်သိုင်း အလောင်းကို ဘူးသီးတောင်ဆေးရုံသို့ ယူလာစဉ် (ဓာတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် ဘူးသီတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ စက်လှေအဌားလိုက်သူတစ်ဦးအသတ်ခံရသည်ဟု သတင်းရရှိသည်။
အသတ်ခံရသူမှာ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာကြီး အနီးရှိ နွားရုံတောင်ရွာမှ ဦးမောင်ကျော်သိုင်း (၅၆) နှစ် ဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၂၀ နေ့ နေ့လယ်ပိုင်းက  ဦးမောင်ကျော်သိုင်းနေထိုင်ရာ နွားရုံတောင်ကျေးရွာသို့ ဖုံညိုလိပ်ရွာမှ ရော်ဖီးဆိုသူနှင့် တခြား ဘင်္ဂလီ ၂ ဦးတို့ ရောက်ရှိလာပြီး စက်လှေအား သွားခဲ့သည်ဟု ဦးမောင်ကျော်သိုင်း မိသားစုက ပြောသည်။
ယင်းနောက်ပိုင်းတွင် ဦးကျော်သိုင်းမှာ စက်လှေနှင့် အတူ ပျောက်ဆုံးသွားသည်ဟု သိရသည်။
“ အဲဒီနေ့ ကကျွန်တော်တို့ အဖွဲ့ မှ မိသား စုတွေကိုမေးကြည့်တော့  ဘင်္ဂလီ သုံးယောက် ကနေ စက်လှေ ဌားသွားတယ်လို့ ပြောတယ်။ စေတီတောင်ဘက်နဲ့  ကန်တောင်ဘက်သို့ သွားတယ်လို့ ပြောတယ်” ဟု ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီးကူညီဆောင်နေသူ ဘူးသီတောင်မြို့နယ် ANP ပါတီအတွင်းရေးမှူး ဦးအောင်သောင်းရွှေ က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ဦးကျော်သိုင်းပိုင် စက်လှေကို စေတီတောင်ကျေးရွာတွင် ရှာဖွေတွေ့ရှိခဲ့ပြီး လူကို ရှာမတွေ့သဖြင့် ထပ်မံရှာဖွေရာ သြဂုတ် ၂၄ ရက်နေ့တွင် ဝတ်မီးကျကျေးရွာအနား ( ကုလားရွာ ) အနီး ချောင်းထဲတွင် ခနာကိုယ် ပုတ်ပွနေသော ဦးကျော်သိုင်း အလောင်းကို တွေ့ ရှိခဲ့သည် သူက ပြောဆိုသည်။
“ တစ်ရက်နှစ်ရက်ကြာသွားတော့ မိသားစုတွေက ပြန် ရောက်မလာလို့ ဆိုပြီးလိုက်သွားရှာကြည့်တဲ့အခါမှာ  စေတီတောင်ဘက်မှာ စက်လှေကို ချည်ပြီးတွေ့ တယ်။ ဝတ်မကျ( ကုလားရွာ ) ဘက်က ချောင်းထဲမှာ အလောင်းကို ပုတ်ပွပြီး တွေ့ တယ် လို့ မိသားစုတွေက ပြောပါတယ်” ဟု  ဆိုသည်။
ယင်းသေဆုံးမှုမှာ ဘူသီးတောင်မြို့ နယ်ခြားစောင့်တပ် လက်အောက်ခံ နယ်မြေတွင် ဖြစ်ပွားသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုကို မကိုင်ဘဲ နယ်ခြားစောင့်တပ်ကသာ အမှုကို ကိုင်တွယ်သည်ဟု သိရသည်။ သို့သော်လည်း ယခုအချိန်ထိ အမှုတွင် ပါဝင်ပတ်နေသူ ဘင်္ဂလီသုံးဦးအား နယ်ခြားစောင့်တပ်က အမှုဖွင့် အရေးယူခြင်း မရှိသေးကြောင်း ဦးအောင်သောင်းရွေက ဆက်လက် ပြောကြားသည်။
“ သေချာတာကတော့သူတို့ ဦးကျော်သိုင်း သက်ပစ်ခဲ့တာဖြစ်မှာပဲ။ အခုအချိန်ထိ တရားခံသုံးယောက်
ကို အမှု မဖွင့်သေးဘူးလို့ သိရတယ်။ ရဲကတော့ တရားခံတွေကို လိုက်ရှာတာ မတွေ့ ရသေးဘူးလို့ ပြောတယ်။ ဥပဒေနဲ့ အညီ ဆောင်ရွက်စေ ချင်ပါတယ်။ ရဲကတော့ လုပ်မလို့ တော့ပြောတယ်”  ၄င်းမှ ဆက်ပြောသည်။
ဦးမောင်ကျော်သိုင်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘူးသီတောင်မြို့ ရဲစခန်းသို့  နိရဉ္စရာမှ ဆက်သွယ် မေးမြန်ခဲ့ရာ ယင်းအမှုအတွက် နယ်ခြားစောင့်မှ တာဝန်ယူဆောင်ရွက်နေကြောင်း တာဝန်ကျရဲမှူး တစ်ဦးမှ ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့ သို့ နိရဉ္စရာမှဆက် သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။
http://www.narinjara.com/burmese/
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။