သံတွဲအံတော်ရွာမှ အိမ်ငါးလုံးရေထဲမျောပါ

ရန်ကုန်၊ ဇွန် ၂၇

သံတွဲမြို့နယ် အံတော်ရွာတွင် ရေစီးနှင့် အတူ အိမ်ငါးလုံး ရေထဲမျှောပါသွားသည်ဟု အံတော်ဆရာတော် ဂဝေသီကောသလ က ဖုန်းဆက် မိန့်ကြားသည်။
“ ရေထဲပါသွားတဲ့ အိမ်ငါးလုံးက အံတော် အရှေ့ပိုင်း ရပ်ကွက်က ဖြစ်ပါတယ်။

လုံးဝ ရေထဲပါသွားတယ်။ အဲဒီအိမ်ငါးလုံး အပါအပြင် ကျန်နေတဲ့ အိမ်တွေကလည်း ရေတိုက်စားပြီး ပျက်တာ ပြိုတာတွေ ရှိနေပါတယ်။ လူတွေကတော့ အထိအခိုက် မရှိပါဘူး” ဟု ဆရာတော်က မိန့်ကြားသည်
အဓိက ပြသနာမှာ သောက်ရေ မရှိခြင်းပင်ဖြစ်ပြီး ရေတွင်းနှင့် တုံကင် ( စက်ရေတွင်း) များလည်း ရေမြုပ်နေသဖြင့် သောက်ရေ ရရှိရန် အခက်အခဲ ရှိနေသည်ဟု ပြောသည်။

“ သောက်ရေက အဓိက လိုနေတယ်။ ထမင်းချက်ဖို့ အခြေအနေ မရတော့ ငတ်တဲ့သူတွေလည်း ရှိနေတယ်။ တချို့ကလည်း မြင့်တဲ့ အိမ်တွေမှာ စုနေကြတော့ ထမင်းချက်ဖို့လည်း မလွယ်တော့ အိမ်ရှင်တွေကလည်း မစားတော့ အကုန်လုံး ငတ်ကြတာပေါ့” ဟု ဆိုသည်။
ရေမြုပ်ရာတွင်လည်း တချို့အိမ်မှာ ၁၀ ပေထိ မြုပ်နေပြီး တချို့ အိမ်များမှာ ၈ ပေ၊ ၅ ပေထိ နစ်မြုပ်ခဲ့သည်ဟု ဆိုသည်။

“ ဆရာတော်ကျောင်းက ငါးပေထိ မြုပ်ခဲ့တယ်။ တခြားအိမ်တွေကတော့ ၁၀ ပေ၊ ၈ ပေ၊ ၅ ပေ စသဖြင့် မြေအနိမ့်အမြင့်ကိုလိုက်ပြီး မြုပ်နေကြတယ်။ အခု ရေပြန်တိုးလာတဲ့ အတွက် အခု နှစ်ပေထိ မြုပ်နေတယ်” ဟု ဆရာတော်က ဆိုသည်။
သံတွဲတစ်မြို့လုံးတွင် ရေနစ်နေသဖြင့် သူ့ကို ငါမကယ်နိုင်၊ ငါ့ကို သူမကယ်နိုင် ဖြစ်နေကြရပြီဟု ဆရာတော်က ဆိုသည်။

___Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။