ကျောက်ဖြူမြို့တွင် စည်ပင်ဝန်ထမ်းများလမ်းလုပ်နေသည်ကို ဓာတ်ပုံရိုက်သူအား ဒေါ်ဖြူဖြူသိန်းက ကင်မရာကိုလုယူ၍လွှင့်ပစ်


၂၆-၃-၂၀၁၅ ၊ ကျောက်ဖြူ
ဒုံချေ (ကျောက်ဖြူ)


လွန်ခဲ့သော ၁ ပတ်ခန့်က ကျောက်ဖြူမြို့တွင် စည်ပင်ဝန်ထမ်းများ လမ်းလုပ်နေသည်ကို ဓာတ်ပုံရိုက်သူအား စည်ပင်ဝန်ထမ်း ဒေါ်ဖြူဖြူသိန်းက ကင်မရာကိုလုယူ၍လွှင့်ပစ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ဖြတ်လမ်း(၂) ရှိ For You စားသောက်ဆိုင်လမ်းအား စည်ပင်မှ ကွန်ကရစ်လမ်းခင်းလုပ်နေစဉ် ၄င်းလမ်းတွင်နေထိုင်သူ ကျောက်ဖြူဒေသခံတစ်ဦးမှ မှတ်တမ်းဓာတ်ပုံရိုက်ယူနေစဉ် ထိုကဲ့သို့ ကင်မရာကို လုယူခံရပြီး လွှင့်ပစ်ခံရခြင်းဖြစ်သည်။

"ကျွန်တော်အိမ်ဘေးကလမ်းမှာ စည်ပင်ကကွန်ကရစ်လမ်းခင်းနေတယ်။ ဘိလပ်မြေက မပါဘူး။ သဲနဲ့ကျောက်ကို ရောပြီးလုပ်တာ။ အဲဒါကို ကျွန်တော်က ဒီလိုမလုပ်သင့်ဘူးလို့ ပြောတယ်။ အဲဒီအခါမှာ 'ဒေါ်ဖြူဖြူသိန်းက နင်နဲ့ဘာဆိုင်လို့ရိုက်တာလဲ။ နင်တို့သေရင်တောင်မှ စည်ပင်ကထောက်ခံချက်ရမှ သေလို့ရတယ်" ဟု ဒေါ်ဖြူဖြူသိန်းက မိုက်ရိုင်းစွာပြောဆိုခဲ့ကြောင်း ကင်မရာလွှင့်ပစ်ခံရသူမှ ပြောကြားသည်။

ကင်မရာကိုလုယူလွှင့်ပစ်ခြင်းကိုခံရသူမှာ ကိုကျောက်တန်ဖြစ်ကြောင်း 'ကျောက်ဖြူသတင်းများစုစည်းရာ' လူမှုစာမျက်နှာတွင်ဖော်ပြထားသည်။

၎င်းသည် စည်ပင်ဦးစီးရုံးသို့သွားရောက်ပြီး ဒေါ်ဖြူဖြူသိန်းမှ သူ့ကင်မရာကို လွှင့်ပစ်ကြောင်းကို ပြောပြပြီး သူ့ကင်မရာကို အလျော်ပေးဖို့ပြောကြားခဲ့သည်။

ထိုအခါ စည်ပင်ဦးစီးမှူးက " ငါအလျော်မပေးနိုင်ဘူး။ ငါဘာမှလည်းလုပ်မပေးနိုင်ဘူး။ ခင်ဗျား ကျုပ်အိမ်နားကိုလည်း မလာနဲ့" ဟုပြောဆိုပြီး " ခင်ဗျားကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ချပစ်မယ်" ဟုလည်း ခြိမ်းခြောက်လိုက်သေးကြောင်း ကင်မရာလွှင့်ပစ်ခံရသူမှပြောကြားသည်။

စည်ပင်ဝန်ထမ်းများမှ လမ်းများကို ထိုကဲ့သို့ဖြစ်ကတတ်ဆန်းလုပ်လေ့ ရှိသောကြောင့် လမ်းလုပ်ပြီး မကြာခင်မှာပဲ လမ်းပျက်စီးလေ့ရှိကြောင်းနှင့် ထိုကဲ့သို့အကျင့်ပျက် ခြစားသူများအား သက်ဆိုင်ရာမှ စိစစ်၍ ထိရောက်စွာ အရေးယူရန်လိုအပ်ကြောင်း ဒေသခံများမှ ပြောဆိုနေကြသည်။
သတေင်းအရင်းအမြစ်နှင့်
 
ဓာတ်ပုံ။ ။ ကျာက်ဖြူသတင်းများစုစည်းရာ
--------------------------

ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။