Register မလုပ်ချင်တဲ့ ၀က်ဘ်ဆိုက်များပေါ်တွင် ကျော်၍ အသုံးပြုခြင်း




အင်တာနက်အသုံးပြုတဲ့သူတွေအနေနဲ့ တစ်ခါတလေမှာ Download တွေ ပြုလုပ်ချင်တာပဲဖြစ်ဖြစ် အခြားသော ၀က်ဘ်စာမျက်နှာများစွာမှာ အကြောင်းအရာတစ်ခုကို သိရှိလိုတဲ့အခါမှာပဲ ဖြစ်ဖြစ် Register ပြုလုပ်ခိုင်းတဲ့အခါမျိုးမှာ မပြုလုပ်ချင်ဘဲ Download ဆွဲချင်သူတွေ၊ စာဖတ်ချင်သူတွေအတွက် Firefox ကနေ Add-on ထည့်သွင်းပြီး ကျော်၍ အသုံးပြုနိုင်ပါတယ်။

4Share လို Download Site တွေပဲဖြစ်ဖြစ်၊ အခြားသော ဆိုက်တစ်ခုမှာပဲဖြစ်ဖြစ် Register မလုပ်ချင်တဲ့အခါမှာ ဒီအဆင့်ကို ကျော်လွှားဖို့အတွက် Log in with BugMeNot ဆိုတဲ့ Add-on ကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ ဒီ Add-onဟာ ကိုယ်အသုံးပြုချင်တဲ့ဆိုက်မှာ ယာယီအကောင့်တစ်ခုကို အလိုအလျောက်ထည့်ပေးပြီး ယာယီအသုံးပြုခွင့်ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Log in with BugMeNot ကို Install ပြုလုပ်ဖို့အတွက်ဆိုရင် www.mozilla.org ဆိုတဲ့ Official ဆိုက်ကို အရင်သွားရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် အောက်ခြေနားက Add-on ဆိုတဲ့ ကလစ်နှိပ်ရမှာဖြစ်ပါတယ်။ Log on ဆိုတဲ့ Buttonကို ကလစ်နှိပ်ပြီး Search Box မှာ Log in with BugMeNot ဆိုတဲ့ Keyword ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် BugMeNot ဆိုတဲ့ Add-on လေးကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Add-on လေးကို ထည့်သွင်းဖို့ Add to Firefox ဆိုတဲ့ Button ကို နှိပ်လိုက်ရင် ဒေါင်းလုတ်ပြုလုပ်ပြီး ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

အသုံးပြုပုံကတော့ ကိုယ် Log in ၀င်ရမယ့်နေရာက User Name Box နေရာလေးမှာ Right Click ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Popup Menu ရဲ့ အောက်ဆုံးမှာ Log in with BugMeNot ဆိုတဲ့ Button လေးကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒါလေးကို ရွေးချယ်လိုက်ရင် Random Account တစ်ခုချပေးမှာဖြစ်ပါတယ်။ ကလစ်တစ်ချက်နှိပ်ပြီး ကိုယ်အသုံးပြုချင်တဲ့ဆိုက်ကိုကျော်ပြီး ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ Add-on ကို ဆိုက်တိုင်းမှာတော့ အသုံးပြုနိုင်မှာမဟုတ်ဘဲ အချို့သော ဆိုက်တော်တော်များများမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

http://7daydaily.com/story/10177#.U2rg2kDNmcs
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။