မြန်မာ- ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ နယ်စပ် တပ်မှူးအဆင့်ဆွေးနွေးပွဲ ကော့စ်ဘဇားတွင် ပြုလုပ်
(နိရဉ္စရာ- ၉ မေလ ၂၀၁၄) / မောင်အေး
BGB_flag meeting
( ဓါတ်ပုံ- အင်တာနက်)
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ  နယ်စပ် တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲကို ယမန်နေ့က မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားမြို့တွင် ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် စိတ်ကြွဆေးပြားများ မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်နေမူကို တားဆီးကာကွယ်ရန် အဓိက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မြန်မာတာဝန်ရှိသူများ အနေဖြင့် မြန်မာဘက်မှ ၀င်ရောက်နေသော စိတ်ကြွဆေးပြားများ ၀င်ရောက်နေမူကို တားဆီးပေးရန်  ဘင်္ဂလာနယ်ခြားစောင့် တပ်မှ တောင်းဆိုခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ ဆွေးနွေးပွဲမှာ  မြန်မာဘက်မှာ တည်ရှိနေတဲ့  စိတ်ကြွဆေးပြား စက်ရုံများကို ပိတ်ပေးဖို့နဲ့ မြန်မာဘက်မှ စိတ်ကြွ ဆေးပြားများ ဘင်္ဂလာသို့ ၀င်ရောက်နေတာတွေကို တားဆီးရာမှာ မြန်မာဘက်က  ကူညီပူးပေါင်းပါဝင်ရန်စတဲ့ အချက်တွေကို ဘင်္ဂလာအရာရှိတွေက တောင်းဆို ခဲ့ကြပါတယ်” ဟု ဆိုသည်။
၎င်းအပြင် နှစ်နိုင်ငံ နယ်စပ်စီးပွားရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ရန် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

ဆွေးနွေးပွဲကို မြန်မာဘက်မှ ရဲမှူးကြီး တင်ကိုကိုဦးဆောင်သော ရဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာ ရှိများ၊ အကောက်ခွန်အရာရှိများအပါအ၀င် စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့သည်။
ဘင်္ဂလာနယ်ခြား စောင့်တပ်မှ ဖလောင်းချိတ်ခရိုင် Depurty Director General, Khondoker Farid Hassan ဦးဆောင်ပြီး ၂၂ ဦးတက် ရောက်ခဲ့သည်။

နံနက်ပိုင်း ၁၁ နာရီခန့်က စတင်ခဲ့သော ဆွေးနွေးပွဲမှာ နေ့လည် ၂ နာရီကျော်တွင်ပြီးဆုံးသွားပြီး မြန်မာဘက်မှဆွေးနွေးပွဲ တက်ရောက်လာသူများမှာ ညနေ ၅ နာရီခန့်တွင် ပြန်သွားကြောင်း သိရသည်။

http://www.narinjara.com/burmese/?p=10327
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။