မောင်တောနယ်မှ အိန္ဒိယ ကသည်းလူမျိုး (၃၃၇) ဦးတို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်း

မောင်တောနယ်မှ အိန္ဒိယ ကသည်းလူမျိုး (၃၃၇) ဦးတို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်း
(နိရဉ္စရာ- ၉ မေလ ၂၀၁၄)
Khathay
အိန္ဒိယနိုင်ငံမှ လာရောက်ပြီး မြန်မာနိုင်ငံ အနောက်ဘက်နယ် စပ် မောင်တောမြို့နယ်တွင် ရွာတည်ပြီးနေကြသော ဘာသာမဲ့ ကသည်းလူမျိုး (၃၃၇) ဦးတို့သည် မေလ (၆) ရက်နေ့က ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြသည်ဟု သတင်း ရရှိသည်။

၎င်းဘာသာကူးပြောင်းသော အခမ်းအနားအား ရခိုင်ပြည်နယ်၊ မောင်တောမြို့ အလိုတော်ပြည့် ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

၎င်းကသည်းလူမျိုးတို့သည် ပြည်တွင်း၊ ပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တအရိယ၀ံသ၏ မေတ္တာရိပ်ကို ခိုလှုံကာ ဗုဒ္ဓ၏ အဆုံးအမတော်ကို ခံယူခဲ့ကြခြင်း ဖြစ်ကြောင်း အရှင်ကုမာရခေါ် ဦးဇင်းဘီလူးက ပြောသည်။
ကသည်းလူမျိုး (၃၃၇) ဦးထဲမှ အမျိုးသား (၁၈) ဦးသည် ရဟန်းဝတ်ခဲ့ကြသည်ဟု သိရသည်။
Khathay
ယင်းအခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စု ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီး ဦးလှမောင်တင်၊ အနောက်ပိုင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကိုကိုနိုင် တိုင်းမှူး နှင့် ပြည်နယ်အစိုးအရအဖွဲ့ဝင်းများ ဌာနဆိုင်ရာ အရာရှိများနှင့်အတူ ဒေသခံပြည်သူ ၁၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း ဦးဇင်းက ဆက်လက် ပြောဆိုသည်။

၎င်းကသည်းလူမျိုးများအား ဗိုလ်ချုပ်ခင်ညွှန့် ထောက်လှမ်းရေး အကြီးအကဲဘ၀ဖြင့် ရှိနေစဉ် ၁၉၉၅ ပတ်ဝန်းကျင်က မောင်တောမြို့နယ် မြောက်ပိုင်း ငရံ့ချောင်းတွင် နေရာချပေးထားခဲ့သည်။
နေရာချပေးထားသည့် ရည်ရွယ်ချက်ကိုမူ ယခုအချိန် သဲကွဲစွာ မသိရှိရသေးကြောင်း မောင်တော ဒေသခံတို့က ပြောသည်။

http://www.narinjara.com/burmese/?p=10323
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။