တယ်လီနောက ပထမတစ်နှစ်အတွင်း ဖိုက်ဘာကေဘယ် ကီလိုမီတာ ၂,၀၀၀ ခန့် ငှားရမ်းအသုံးပြုမည်

တယ်လီနောက ပထမတစ်နှစ်အတွင်း ဖိုက်ဘာကေဘယ် ကီလိုမီတာ ၂,၀၀၀ ခန့် ငှားရမ်းအသုံးပြုမည်

ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော အော်ပရေတာက ၀န်ဆောင်မှုစတင်ပေးမည့် တစ်နှစ်အတွင်း ဖိုက်ဘာကေဘယ်ဆက်ကြောင်း ကီလိုမီတာ အရှည် ၂,၀၀၀ (၁,၂၀၀ မိုင်ခန့်ကို ငှားရမ်းသုံးဆွဲသွားမည်ဖြစ်သည်ဟု တယ်လီနော မြန်မာ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

တယ်လီနောအနေဖြင့် ဖိုက်ဘာကေဘယ် အဓိကဆက်ကြောင်းကို ပြည်တွင်းရှိ Vendor များမှ ငှားရမ်း အသုံးပြုမည်ဖြစ်ကာ မိုဘိုင်းကွန်ရက် တည်ဆောက်ရန်အတွက် Radio Base Station များသို့ သွယ်တန်း ခြင်းကိုမူ ကိုယ်တိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။

တယ်လီနော၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက “ဖိုက်ဘာကွန်ရက် ချိတ်ဆက်အသုံးပြုဖို့အတွက် ပြည် တွင်းရှိ ကေဘယ်ချိတ်ဆက်ထားတဲ့ Vendor တွေဆီက ငှားရမ်းသုံးဆွဲမှာပါ” ဟု ပြောသည်။
မိုဘိုင်းကွန်ရက်များ တည်ဆောက်ရာတွင် ဖိုက်ဘာကေဘယ်များ ဆက်သွယ်မှု နှင့် Micro wave ဖြင့် တည်ဆောက်ခြင်းများ ပြုလုပ်သွားရမည်ဟု ပြည်တွင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Com-munication က အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က ပြောသည်။ မိုဘိုင်းကွန်ရက် ချိတ်ဆက် တည်ဆောက် ရာတွင် မြို့တစ်မြို့နှင့်တစ်မြို့ရှိ စတေရှင်များသို့ ဖိုက်ဘာကေဘယ် ဆက်ကြောင်းများဖြင့် ချိတ်ဆက် အသုံးပြုရပြီး မြို့တွင်းရှိ မိုဘိုင်းစတေရှင်များသို့ ဆက်သွယ်ရာတွင်မူ Micro Wave ဖြင့် ချိတ်ဆက် အသုံး ပြုနိုင်သည်။

ဦးကျော်နိုင်က “ဆက်သွယ်ရေးကွန်ရက် တည်ဆောက်တဲ့အခါမှာ ဖိုက်ဘာ ကေဘယ်ဆက်ကြောင်းက မရှိမဖြစ် လိုအပ်ပါတယ်။ Micro wave နဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါ Bandwidth ကို သတ်မှတ်ထားတဲ့ အတိုင်းအတာအထိပဲ အသုံးပြုနိုင်မယ်။ ဖိုက်ဘာ ကေဘယ်ဆက်ကြောင်းကတော့ လိုအပ်သလောက် Bandwidth ကို တိုးချဲ့ပြီး အသုံးပြုနိုင်တယ်။ တယ်လီနောက ဖိုက်ဘာကေဘယ် ကီလိုမီတာ ၂,၀၀၀ ကို အသုံးပြုနိုင်ရင် တစ်နိုင်ငံလုံး အနေအထားနဲ့ နေရာတော်တော်များများကို မိုဘိုင်းကွန်ရက် ချိတ်ဆက်ထား နိုင်လိမ့်မယ်” ဟု သုံးသပ်ပြောကြားသည်။

ယင်းအပြင် တယ်လီနောအနေဖြင့် မိုဘိုင်းကွန်ရက် ဖြန့်ကြက်မှုအတွင်း ဒေတာအသုံးပြုနှုန်း တိုးတက်မှု ကို စောင့်ကြည့်မည့်စနစ်များ တပ်ဆင်သွားမည် ဖြစ်သည်။ ယင်းသို့စောင့်ကြည့်ပြီး ဒေတာ အသုံးပြုမှုနှုန်း တိုးတက်လာသည်နှင့်အမျှ ရေဒီယိုအခြေစိုက်စခန်းများအတွင်း ဖိုက်ဘာ ချိတ်ဆက်မှုများ လိုအပ်လာမည် ဖြစ်ရာ လိုင်စင်သက်တမ်း ၁၅ နှစ်အတွင်း မြန်မာနိုင်ငံရှိ အင်တာနက်ဒေတာ အသုံးပြုမှု တိုးတက်နှုန်းပေါ် မူတည်ပြီး ဖိုက်ဘာလိုအပ်ချက်များကို ထပ်မံဆက်သွယ် တည်ဆောက်သွားမည်ဟု ဆိုသည်။

http://www.mizzimaburmese.com/component/k2/item/21465-2014-05-08-04-56-54
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။