ကမ္ဘာပေါ်မှာ မိမိနိုင်ငံသားကို အလွန်တန်းဖိုးထားကြတာကို ပြည်ပမှာ အလုပ်လုပ်ဖူးတဲ့ လူတိုင်း သိပါလိမ့်မယ်။ ပြည်ပမှာ
အလုပ်သွားလုပ်ရင်လည်း ကျွန်၊ အခုက ပြည်တွင်းမှာ အလုပ်လုပ်ရင်း
ကျွန်ဖြစ်နေရတာက ပိုဆိုးပါတယ်။
အခုက ဒေသခံဆိုတာ နာမည်နဲ့ လိုက်အောင် ဒေသက
လူတွေပဲ ခံနေရပါတယ်။ အဲဒီဒေသမှာ နေတဲ့ ဒေသခံ ရခိုင်တွေကို မေးကြည့်တော့
“အဲဒီနေရာဟာ စင်္ကာပူနဲ့ တူတာကြောင့် တစ်ပါတ်တစ်ခါလောက်တော့
သွားကြည့်ကြပါတယ်”လို့ ဆိုတယ်။ “သူတို့ ဒေသခံအလုပ်သမားတွေကို တစ်နေ့ကို
၄၅၀၀ ကျပ်ပဲ ပေးတယ်။”
ခင်ဗျားတို့ တစ်နေ့ကို ၄၅၀၀ ကျပ်နဲ့ မိသားစု စားလောက်မလား ကိုယ်ချင်စာကြည့်ကြပေါ့။ ဟုတ်ပါတယ်။ ကျုပ်တို့ဆီမှာ ဒီလို အလုပ်သမားတွေကို ထားတဲ့ အဆင့်မြင့် အဆောက်အဦးတွေကို မမြင်ဖူးပါ။ ဒါပေမယ့် .. သူတို့လည်း အလုပ်သမား ၊ ကိုယ်တို့က ဒေသခံ အလုပ်သမား။
ဘာပဲ ပြောပြော တန်းတူတော့ ထားပေးသင့်ပါတယ်။ ဒီဒေသက ဓာတ်ငွေ့ ၊ ရေနံကိုလည်း ထုတ်ယူသေးတယ်။ ကျုပ်တို့မှာ မီးလည်း မလင်းသည့်အမြင် ဘာအကျိုးမှ ခံစားခွင့်မရှိဘူး။ ဒေသခံကိုလည်း မထီးမဲ့မြင်ရာပြုလုပ်တယ်ဆိုတာ ၂၁ ရာစုမှာ တော်တော်ကို ရယ်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို သက်သေပြနေပါတယ်။
အခုဆိုရင် သဘာဓာတ်ငွေ့ဟာ တရုတ်နိုင်ငံ အချိန်ပြည့် မီးလင်းဖို့အတွက် ဒီဒေသကနေ သဘာဝဓာတ်ငွေ့တွေကို တရုတ်နိုင်ငံကို တိုက်ရိုက် ထုတ်လွတ်နေပါပြီ။

Credit: ဝေဟင်အောင်

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။