စစ်တွေလေဆိပ်တွင် ခရီးသည် တစ်ဦး သင်္ကာမကင်း၍ ထိန်းသိမ်းခံရ

စစ်တွေလေဆိပ်တွင် ခရီးသည် တစ်ဦး သင်္ကာမကင်း၍ ထိန်းသိမ်းခံရ
(နိရဉ္စရာ- ၇ မေလ ၂၀၁၄)
sittwe-airport
ရခိုင်ပြည်နယ် စစ်တွေလေဆိပ်တွင် ခရီးသည် တစ်ဦး သင်္ကာမကင်း ဖြစ်ခံရရာမှ စစ်တပ်က စစ်ဆေးရန် ခေါ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။

ယင်းခရီးသည်မှာ စစ်တွေမြို့မှ မောင်သန်းမောင်ဆိုသူ ဖြစ်ကြောင်း မျက်မြင် တစ်ဦးက ပြောကြားသည်။
မောင်သန်းမောင်သည် အဲယားမန္တလေးဖြင့် ရန်ကုန်ကို လိုက်ပါရန် Boarding pass ဖြတ်ပြီး လေယာဉ်အား ခရီးသည်များနားနေဆောင်မှ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယင်းနောက် အိမ်သာထဲသို့ ၀င်ကာ အကျီင်္လဲကြောင်း၊ သူ့အမည်အား ဦးသန်းမောင်ဟု ခေါ်ဆောင်ကြောင်း၊ သူ့နာမည်မှာ မောင်သန်းမောင်ဖြစ်သဖြင့် ဦးသန်းမောင်မှာ သူ့နာမည်ဟု မထင်သဖြင့် နေမြဲတိုင်းနေကြောင်း၊ ယင်းနောက်ပိုင်းတွင် ခရီးသည်နားနေဆောင်တွင် အိပ်ပျော်သွားခဲ့ကြောင်း သိရသည်။


လေယာဉ်ပေါ်တွင် ခရီးသည်များတက်ရောက်ပြီးနောက် ခရီးသည် တစ်ဦး မပြည့်သဖြင့် လေယာဉ်တာဝန်ရှိသူများမှ လိုက်ရှာရာ မတွေ့သဖြင့် လေယာဉ်ပေါ်သို့ ရောက်ရှိနေသော ခရီးသည်များကို လေယာဉ်ပေါ်မှ လေဆိပ်နားနေဆောင်သို့ ပြန်ချပြီး လိုက်ရှာသော်လည်း မတွေ့ကြောင်း၊ နောက်ဆုံးတွင် မောင်သန်းမောင်အား အိပ်နေသည်ကို တွေ့ရသဖြင့် သူ့အား နိုးပြီး မေးမြန်းရာ အဲယား မန္တလေးနှင့် ရန်ကုန်သို့ သွားမည့်သူ ဖြစ်ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် လေယာဉ်ကွင်း လုံခြုံရေး ယူထားသော စစ်တပ်မှ သင်္ကာမကင်း ဖြစ်သဖြင့် စစ်ဆေးမေးမြန်းရန် မောင်သန်းမောင်အား ခေါ်ယူသွားသည်ဟု သတင်း ရရှိသည်။

http://www.narinjara.com/burmese/?p=10283
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။