လက်နက်ကိုင်များ အုပ်စုလိုက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် မော်လ၀ီတစ်ဦးအပါအ၀င် ကျေးရွာအုပ်စု တာဝန်ခံလင်မယား သေဆုံးခဲ့ပြီး ရွာသားကိုးဦး ဒဏ်ရာပြင်းထန်စွာရရှိ

လက်နက်ကိုင်များ အုပ်စုလိုက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် မော်လ၀ီတစ်ဦးအပါအ၀င် ကျေးရွာအုပ်စု တာဝန်ခံလင်မယား သေဆုံးခဲ့ပြီး ရွာသားကိုးဦး ဒဏ်ရာပြင်းထန်စွာရရှိ
---------
လက်နက်ကိုင်များ အုပ်စုလိုက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် မော်လ၀ီတစ်ဦးအပါအ၀င် ကျေးရွာအုပ်စု တာဝန်ခံလင်မယား သေဆုံးခဲ့ပြီး ကျေးရွာသားကိုးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မေ ၃ ရက် နံနက် ၁ နာရီခန့်တွင် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာတွင် လက်နက်ကိုင်များက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့လာရောက်တိုက်ခိုက်မှုကြောင့် သင်္ဘောကွေ့ကျေးရွာအုပ်စု တာဝန်ခံ ဇော်ကော်ရီယာ အသက် ၄၃ နှစ်နှင့် ဇနီးဖြစ်သူ ဟာလီမာခါတူတို့နှင့် ကျေးရွာရှိ မော်လ၀ီတစ်ဦးလည်း အသတ်ခံခဲ့ရကြောင်း သိရသည်။ တိုက်ခိုက်ခံရ၍ ဒဏ်ရာရသူကိုးဦးမှာ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

    သေနတ်က အတို၊ အရှည်တွေနဲ့ အချက်ပေါင်း နှစ်ဆယ်ကျော်သုံးဆယ်လောက် ပစ်ခတ်ခဲ့ပါတယ်။ နေအိမ်ကပစ္စည်း ဘာတစ်ခုမှ ယူမသွားဘူး။ အဓိကတော့ အရင်တုန်းကရှိနေတဲ့ ရန်ငြိုးရန်စတွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မကျေနပ်ချက်တွေကြောင့် အခုလိုတိုက်ခိုက်တာ ဖြစ်ပါတယ်

"သေနတ်က အတို၊ အရှည်တွေနဲ့ အချက်ပေါင်း နှစ်ဆယ်ကျော်သုံးဆယ်လောက် ပစ်ခတ်ခဲ့ပါတယ်။ နေအိမ်ကပစ္စည်း ဘာတစ်ခုမှ ယူမသွားဘူး။ အဓိကတော့ အရင်တုန်းကရှိနေတဲ့ ရန်ငြိုးရန်စတွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မကျေနပ်ချက်တွေကြောင့် အခုလိုတိုက်ခိုက်တာ ဖြစ်ပါတယ်" ဟု သေဆုံးသူကျေးရွာ အုပ်စုတာဝန်ခံ၏အစ်ကိုကဆိုသည်။

မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ တိုက်ခိုက်မှုမှာ ပစ္စည်းရလိုခြင်းထက် လူသတ်ရန်ရည်ရွယ်၍ လာရောက်ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားခဲ့ရာကျေးရွာမှ ရွာသားများက ပြောကြားသည်။

မောင်တောမြို့နယ်အတွင်း ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်များ ၀င်ရောက်နေသည်ဟု သတင်းထွက်ပေါ်နေခဲ့ပြီး လက်နက်များ ဖမ်းဆီးရရှိမှုများလည်း ရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် တိုင်းရင်းသားများအား  တိုက်ခိုက်မှုများရှိခဲ့ပြီး လက်နက်ဖြင့် အုပ်စုလိုက်ဝင်ရောက်တိုက်ခိုက်မှုမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမှုကို အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှ လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အဆိုပါတိုက်ခိုက်မှုပြီးနောက် နယ်စပ်တစ်လျှောက်နှင့် မယူတောင်တန်း တစ်လျှောက်တွင် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။
- See more at: http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။