ရခိုင်အမျိုးသားညီလာခံသို့ ဒေသအသီးသီးမှ တက်ရောက်လာကြသူများ အမြင်များ

Narinjara News

ရခိုင်အမျိုးသားညီလာခံသို့ ဒေသအသီးသီးမှ တက်ရောက်လာကြသူများ အမြင်များ

(နိရဉ္စရာ- ၂၈ ဧပြီလ ၂၀၁၄)
ကျောက်ဖြူမြို့တွင် ပြုလုပ်နေသော အမျိုးသားညီလာခံသို့ တက်ရောက်လာကြသူများ၏ မျှော်လင့်ချက်နှင့် သူတို့၏ ရင်ဖွင့်စကားများအား တင်ပြပေးလိုက်ပါသည်။
(ဇေယန္တဗောဓိ-  အထက်လေညင်းတောင်) 1

ဒီညီလာခံကနေ အဖြေကောင်း၊ ရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာပါလိမ့်မယ်။ ဒီလိုစုစုစည်းစည်းနဲ့ လုပ်နိုင်တာက အဖြေကောင်း၊ ရလဒ်ကောင်းပါ။ လောလောဆယ် ညီလာခံက အကုန်လုံးလိုချင်တာတော့ ရနိုင်မှာ မဟုတ်ဘူး။ အဓိကတော့ အနောက်တံခါး လုံခြုံရေးကို ပြောချင်ပါတယ်။ အနောက်တံခါး မလုံခြုံရင် ရခိုင်ဆိုတာလည်း ရှိနိုင်မှာ မဟုတ်ဘူး။ အနောက်တံခါး လုံခြုံရေးက ပထမ၊ ကျန်တာတွေက ဒုတိယ ဖြစ်ပါလိမ့်မယ်။
( ဦးသာလှအောင်- စစ်တွေ) 2

အနာဂတ် ရခိုင်ပြည် တိုးတက်ရေး အတွက် ဒီညီလာခံကနေ စီမံကိန်းတွေ ချမှတ် သွားမှာ ဖြစ်တဲ့ အတွက် ရခိုင်အမျိုးသား တစ်ယောက် အနေနဲ့ တက်သင့်တယ်ထင်လို့ တက်လာတာဖြစ်ပါတယ်။ ရခိုင်အမျိုးသားတွေ စည်းလုံးညီညွှတ်ရေးဟာရှိပြီးသား ဖြစ်တဲ့ အတွက် ဒီစည်းလုံးညီညွတ်မူကို ဒီညီလာခံကနေ ပိုပြီးခိုင်မာအောင် ချမှတ်ဆောင်ရွက်လားဖို့ မျှော်လင့်ပါတယ်။
(ဦးဝေစိန်အောင်- ညီလာခံသဘာပတိ – စစ်တွေ) 3.1

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးရက်ကြာပြုလုပ်တဲ့ ညီလာခံမှာ ပြတ်ပြတ်သား ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကလည်း လုံခြုံရေးကို အဓိက တောင်းဆိုတယ်။ ကျောက်ဖြူမြို့နယ်ဘက်ကလည်း သယံဇာတ ခွဲဝေ သုံးစွဲခွင့်ရရေးကို တောင်းဆိုတယ်။ ညီလာခံ ဆုံးဖြတ်ချက်တွေထဲမှာ ဒါတွေ ပါဝင်လာနိုင်ပါတယ်။
(ဦးသိန်းရွှေ – ခမီးအမျိုးသား တိုးတက်ရေးပါတီ) 4.1

ကျနော်က ဒီညီလာခံကို ခမီးအမျိုးသား တိုးတက်ရေးပါတီ ကိုယ်စားလှယ်အနေနဲ့ တက်လာတာပါ။ ကျနော်တို့လိုချင်တာက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့်ပါတယ်။ ကျနော်တို့ ခမီးတိုင်းရင်းသားတွေ အနေနဲ့ စုပေါင်းညီညွှတ်ပြီး ရှေ့အနာဂတ် ရခိုင်ပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတဲ့ အတွက် ဒီညီလာခံကနေ ဒါတွေကို ရနိုင်အောင် ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။
(ဦးရမ်ရော- မြိုလူမျိုးကိုယ်စားလှယ်– ကထိလ ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်) 5

ကျနော်တို့ ဒီရခိုင်အမျိုးသားင်္ညီလာခံကို တက်ရောက်လာတာက ရခိုင်တိုင်းရင်းသားတွေထဲမှာ မြိုတွေလည်း ပါဝင်ပါတယ်။ ဒီလိုပါဝင်တဲ့ အတွက် ညီလာခံကို တက်ရောက်လာတာဖြစ်ပါတယ်။ မြိုလူမျိုးတွေအတွက် အခွင့်အရေးက တောတောင်တွေမှာ ရှိပါတယ်။ ဒီတောတောင်တွေမှာ နေထိုင်တဲ့ မြိုလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး- နောက်ပြီး ငြိမ်းချမ်းရေးတို့ကို မြင့်တင်ပေးဖို့ ဒီညီလာခံမှာ တောင်းဆိုချင်ပါတယ်။
(ကျော်သာအောင်- ဘူးသီးတောင်မြို့နယ် ခမီးအမျိုးသားကိုယ်စားလှယ်) 6

ကျနော်တင်ပြလိုတာက ခမီးလူမျိုးတွေဟာ ရှေ့နှစ်ပေါင်းများစွာကတည်းက ရခိုင်ပြည်မှာ နေထိုင်လာခဲ့တယ်။ ကျနော်တို့မှာ ဘာမှ တိုးတက်မူ မရှိဘူး။ ဒါကြောင့် ပညာရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ဒီင်္ညီလာခံမှာ တောင်းဆိုချင်ပါတယ်။
(အောင်ကျော်ဇော- ဒိုင်းနက်အမျိုးသား ကိုယ်စားလှယ်) 7

ကျနော်တို့ ရခိုင်ပြည်မှာ ရှေးနှစ်ပေါင်းများစွာကတည်း ရခိုင်သားတွေနဲ့ အတူယှဉ်တွဲနေထိုင်လာခဲ့ပါတယ်။ ကျနော်တို့လည်း ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးကို ရနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီညီလာခံမှာတော့ တင်ပြစရာ မရှိပါ။ တင်ပြခွင့်ရမယ်ဆိုရင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကို ကာကွယ်ဖို့ဆိုရင် အစိုးရ လက်နက်ကိုင် တပ်ဖွဲ့အပြင် တိုင်းရင်းသားရွာတွေမှာ ပြည်သူ့စစ်တွေဖွဲ့စည်းပေးဖို့ တောင်းဆိုချင်ပါတယ်။
( ဦးလှရွှေ- ဟိန္ဒူလူမျိုး ဗုဒ္ဇ္ဓဘာသာ) 8

ရခိုင်အမျိုးသားတွေနဲ့ စည်းစည်းလုံးလုံး အတူလက်တွဲဖို့ မျှော်လင့်ပါတယ်။ ကိုယ်စားလှယ် (၂) ဦးတက်ရောက်လာပါတယ်။ ရခိုင်ပြည်မှာ အတူလက်တွဲဖို့ဘဲ မျှော်လင့်ပါတယ်။
(ဦးသာဇံ- ကျွန်းသာယာကျွန်း- မြေပုံမြို့နယ်) 9

ကျနော်တို့ရခိုင်ပြည်ဟာ ၁၁၄၆ ခုနှစ်မှာ ဘ၀ဆုံးရှုံးလားစွာ အခုအခါ ၂၂၉ နှစ်ရှိပြီးအခါမှ အစအန မြင်ရတဲ့အတွက် ဒီညီလာခံကို ၀မ်းပန်းတသာနဲ့ တက်ရောက်လာတာ ဖြစ်ပါတယ်။ ကုလား- ရခိုင်ဖြစ်တဲ့ ကိစ္စမှာ လုံခြုံရေးမဲ့နေတဲ့ အတွက် လုံခြုံရေးတွေကို ရရှိဖို့နဲ့ ငြိမ်းချမ်းဖို့ မျှော်လင့်ပါတယ်။
( စောသီသီမာ- ဘူးသီးတောင်မြို့နယ် အမျိုးသမီး ကိုယ်စားလှယ်) 10

အကျွန်ပြောခွင့်ရမယ်ဆိုရင်တော့ အားလုံး ခုရရှိလာတဲ့ စည်းလုံးညီညွှတ်မူကို ဒီထက် ပိုရရှိအောင် ဆက်လက် ထိန်းသိမ်းကြဖို့ ပြောကြားလိုပါတယ်။)
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။