မြန်မာနိုင်ငံဟာ အကြမ်းဖက် မူဆလင်တွေရဲ့ ပစ်မှတ်တစ်ခုဖြစ်လာနေ

မြန်မာနိုင်ငံဟာ အကြမ်းဖက် မူဆလင်တွေရဲ့ ပစ်မှတ်တစ်ခုဖြစ်လာနေ
========================

ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများကို ဖောက်ခွဲမှုပြု လုပ်ရန်ကြံစည်ထား သူများကို အင်တာပိုလ် ဖော်ထုတ်

ရန်ကုန်၊ ဧပြီ ၂၈- ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်နှင့်ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲမှုပြုလုပ်ရန် ပါကစ္စတန်နိုင်ငံ မှ အစွန်းရောက်အဖွဲ့တချို့က လုပ် ဆောင်ရန်ကြံစည်ထားခြင်းကို အပြည် ပြည် ဆိုင် ရာ ရဲတပ် ဖွဲ့အင်တာပိုလ် က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ဒီမိုကရေစီ တူးဒေး သတင်းစာသို့ အတည်ပြုပြော သည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် အင်တာ ပိုလ်တို့၏ ပူးပေါင်းဖော်ထုတ်ချက် အရ အဆိုပါအစွန်းရောက်အဖွဲ့ သည် ယင်းအစီအစဉ်ကို လတ်တလော အနေဖြင့် ကြံစည် ထားခြင်းသာဖြစ် ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော်ရန်ကြံစည်နေမှုများကို စာရွက် စာတမ်းအထောက် အထားများ ကို သိမ်းဆည်းရမိခဲ့သော်လည်း ကြံ စည်သူတချို့မှာ ထွက်ပြေး လွတ် မြောက်နေ ဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါအရာရှိက ''အင်တာ ပိုလ်က အကြောင်းကြားတယ်။ မြန်မာ နိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်နေတဲ့ပြဿ နာတွေ ကို မကျေနပ် လို့လုပ် မယ့် ပါကစ္စတန်က အစွန်း ရောက်တချို့ကို တားဆီးနိုင်ခဲ့တယ် လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြား ထားလို့ပါ။ ဒီကိစ္စနဲ့ ပတ်သက် ပြီး လုံခြုံရေးတွေကိုလဲ စနစ် တကျလုပ်ဖို့ ညွှန်ကြားထား ပါတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံ ရှိ လေဆိပ်၊ ရေဆိပ် များတွင် လုံခြုံရေးများကို အထူးတင်း ကျပ်ထားကြောင်း၊ အထူးသဖြင့် ပြည်ပ မှဝင်ရောက်လာသည့် နိုင်ငံခြား သား များ ကို တစ်ဦးချင်းကျပ်မတ်စစ်ဆေး နေကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူတစ်ဦးက ''အခုတလော နိုင်ငံခြားသားတွေဆီက ကျည်ဆန် တွေ၊ ရွှေထည်တွေနဲ့ တရားမဝင်ပစ္စည်း တော်တော်များ များ ဖမ်းဆီးရမိတာ တွေတော့ရှိတယ်။ ဘလက် လစ်ဖြစ် နေတဲ့နိုင်ငံခြားသား တွေ့ ရင် လေဆိပ် က တာဝန်ရှိသူတွေကမေးမြန်းပြီး သံရုံးကနေတစ် ဆင့် ပြန်လွှတ် တာ တွေလဲရှိတယ်။ လုံခြုံရေး တော့တင်း ကြပ်ထားတယ်''ဟု ပြောသည်။

၂၉-၄-၂၀၁၄ ရက်ထုတ် Democracy today Daily Newspaper
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။